ပင့်ကူမျောက်ညို: တည်းဖြတ်မှု မူကွဲများ

ပရိုင်းမိတ်မျိုးစိတ်
"{{speciesbox | name = Brown spider monkey..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၄၇၊ ၂၄ ဒီဇင်ဘာ ၂၀၁၉ ရက်နေ့က မူ

Brown spider monkey[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
မျိုးရင်း: Atelidae
မျိုးရင်းသေး: Atelinae
မျိုးစု: Ateles
မျိုးစိတ်:
A. hybridus
ဒွိနာမ
Ateles hybridus
Brown spider monkey range in green

အညိုရောင်မျောက်ပင့်ကူ၏ သိပ္ပံအမည်မှာ အေတီးလက်စ် ဟိုက်ဘရီးဒတ်စ် ဖြစ်သည်။ မျောက်ပင့်ကူ၏ မျိုးပြုန်းတီးလုနီးပါး အခြေအနေရှိသော မျိုးစိတ် ဖြစ်သည်။ ကမ္ဘာသစ်မျောက် ဖြစ်သည်။ ကိုလံဘီယာမြောက်ပိုင်းနှင့် ဗင်နီဇွဲလားအနောက်တောင်ပိုင်းတို့တွင် တွေ့ရသည်။

အညိုရောင်မျောက်ပင့်ကူသည် ကိုယ်ရှည်လျားပြီး လက်တံ၊ ခြေတံများလည်း ရှည်လျားသည်။ ယင်းအပြင် ခြေ ချောင်းတစ်ခုနှင့် တစ်ခုအကြားတွင် ပါးလွှာသောအရေပြားဆက်ထားခြင်းကလည်း ထူးခြားမှုတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် အညိုရောင်မျောက်ပင့်ကူတစ်ကောင်၏ အမြီးအရှည်မှာ ၇၅ စင်တီမီတာ ဖြစ်သည်။

ကိုယ်အရွယ်အစား

သွယ်လျသောကိုယ်ထည်နှင့် ခြေတံ၊ လက်တံများကို လိုသလို ဖန်တီးနိုင်ခြင်းကြောင့် မျောက်ပင့်ကူဟု ခေါ်တွင်ခြင်း ဖြစ်သည်။ အညိုရောင်မျောက်ပင့်ကူအထီးတစ်ကောင်၏ ကိုယ်အလေးချိန်မှာ ၇.၉ ကီလိုဂရမ်မှ ၉.၁ ကီလိုဂရမ်အတွင်း ရျိသည်။ အမ၏ကိုယ်အလေးချိန်မှာ ၇.၅ ကီလိုဂရမ်မှ ၉ ကီလိုဂရမ်အတွင်း ရှိသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးမျောက်ပင့်ကူတစ်ကောင်၏ ကိုယ်အရှည်မှာ ၅၀ စင်တီမီတာခန့် ရှိပါသည်။ ကိုယ်အရောင်အဆင်းမှာ ဦးခေါင်းအပါအဝင် အညိုရောင်နှင့် အနက်ရောင်တို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ် သည်။ သို့သော်လည်း မျက်လုံးအရောင်မှာမူ အပြာရောင်ရှိသည်။ သက်တမ်းမှာ ၂၇နှစ်ခန့် ဖြစ်သည်။ သို့သော် လည်း ၄င်းသက်တမ်းထက် ပိုမိုနေထိုင်နိုင်ကြသည်။

ပျံ့နှံ့ကျက်စားခြင်းနှင့် အလေ့စရိုက်

အညိုရောင်မျောက်ပင့်ကူများအား ကိုလံဘီယာနိုင်ငံရှိ မာဒါလီနာ သုတေသနဌာန၏ ရီယိုမာဒါလီနာ သစ်တောကြိုးဝိုင်းအတွင်း ကောင်ရေအနည်းငယ်မျှ တွေ့မြင်ရပါသည်။ ၄င်းတို့အား အမြင့် မီတာ ၂၀ မှ ၇၀ဝ အတွင်းရှိ ဒေသများတွင် တွေ့ရပါသည်။ အညိုရောင်မျောက်ပင့်ကူများသည် သစ်တောများထူထပ်သောနေရာမျိုးတွင် သာ ရွေးချယ်နေထိုင်ကြပါသည်။ သို့သော်လည်း ယနေ့အချိန်တွင် ၄င်းတို့ ကျင်လည်ရာ ရေမြေတောတောင် များ ပျက်စီးဆုံးရှုံးလာမှု၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းလာမှုနှင့် အမဲလိုက်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အညိုရောင်မျောက်ပင့်ကူများမှာ မျိုးပြုန်းတီးပျောက်ကွယ်မည့်ဘေးနှင့် ရင်ဆိုင်ရလျက် ရှိနေပါသည်။ ထိုကဲ့သို့ မျိုးသုဉ်းရှားပါးလာမှုကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် မာဒါလီနာ သုတေသနဌာနက ထိန်းသိမ်းစောင့် ရှောက်မှု ပေးထားပါသည်။

အစားအစာနှင့် သားပေါက်ပုံအလေ့အထ

အညိုရောင်မျောက်ပင့်ကူများ၏အစားအစာမှာ မျောက်များ၏အစားအစာအတိုင်းပင် ဖြစ်ပြီး သစ်သီး၊ သစ်ဥများ ကိုသာ အဓိကစားသောက်တတ်ပါသည်။ အထူးသဖြင့် အရည်ရွှမ်းသောသစ်သီးများကို ရှာဖွေစားသောက်တတ် ပါသည်။ ထို့ပြင် သစ်ရွက်နုများ၊ ဝါးရွက်နုများကိုလည်း စားတတ်သည်။ အသက်ငါးနှစ်အရွယ်မှစပြီး ကြင်ဖက် ကို ရှာဖွေတတ်သည်။ မိတ်လိုက်ရာသီ သီးခြားမရှိပေ။ မွေးဖွားလာသည့် အကောင်ပေါက်ကလေးသည် အရွယ် ရောက်သည်အထိ မိဘများနှင့် အတူနေထိုင်လေ့ရှိသည်။

ရင်ဆိုင်နေရသော ဘေးအန္တရာယ်များ

လက်ရှိအချိန်တွင် အညိုရောင်မျောက်ပင့်ကူကောင်ရေ ၁၀ဝလျှင် ကောင်ရေ ၈၀ ခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ကောင်ရေ ၂၀ သာ ကျန်ရှိတော့သည့်အခြေအနေတွင် ရှိနေပါသည်။ (၂၀ဝ၉)ခုနှစ်၊ မေလမှ (၂၀၁၀)ပြည့်နှစ်၊ မေလအတွင်း သုတေသနပြုလုပ်ခဲ့သည့် ရလာဒ်များအရ အညိုရောင်မျောက်ပင့်ကူများ အသစ်ထပ်မံမွေးဖွား သည့် အထောက်အထားများ မတွေ့ရဟု ဆိုသည်။ အဆိုပါအနေအထားက အုပ်ဖွဲ့ကျက်စားတတ်သည့် အညို ရောင်မျောက်ပင့်ကူများ၏ အနာဂတ်မျိုးဆက်ပြန့်ပွားရေးအတွက် စိုးရိမ်စရာတစ်ရပ်ပင် ဖြစ်ပါသည်။ ထို့ပြင် လူသားတို့၏ ပယောဂများကလည်း မျိုးပြုန်းတီးမည့်အရေးကို ဦးတည်လျက် ရှိနေသည်။

  1. Groves၊ C.P. (2005)။ Wilson၊ D.E.; Reeder၊ D.M. (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ Baltimore: ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ p. 151။ OCLC 62265494ISBN 0-801-88221-4
  2. Urbani, B. (2008). "Ateles hybridus". IUCN Red List of Threatened Species 2008. IUCN. doi:10.2305/IUCN.UK.2008.RLTS.T39961A10280054.en.