အရှင်ဒေဝဒတ်နှင့်ပတ်သက်ပြီး အချက်အလက်ကို အချိန်တိုအတွငွင်း သိချင်ရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါသည်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
စာမျက်နှာကို ဗလာလုပ်လိုက်သည်
စာတွဲများ: ဗလာပြုလုပ်ခြင်း မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
ပိဋကပ်တော်လာ အရှင်ဒေ၀ဒတ္တ လမ်းညွန်
 
သေရိ၀၀ါဏိဇဇာတ်
မြတ်စွာဘုရားသည် သာဝတ္တိပြည်မွန် ဇေတ၀န်ကျောင်း၌ သီးတင်းသုံးတော်မူစဉ် လျော့သော လုံ့လ၀ီရိယရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
အတိတ်၌ ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ငါးကမ္ဘာအထက်၌ အရှင်ဒေ၀ဒတ်လောင်းသည် သေရိဝမည်သော လောဘရမ္မက်ကြီးသော ရွဲကုန်သည်ဖြစ်၏။ မြေးအဘွားဆီမှ ရွှေခွက်ကို ၀ယ်သွားသော ဘုရားလောင်းကို မကျေနပ်ကာ ဖြစ်ဆိတ်၌ သွေးအန်ကာ သေဆုံးရလေ၏။ ပထမဆုံး ရန်ငြိုးဖွဲ့မိခဲ့သောဇာတ်ဖြစ်၏။
(ဇာ-ဋ္ဌ-၁၊၁၂၆)
 
အပဏ္ဏကဇာတ်
နတ်နှင့်တကွသော လောကကို ဆုံးမတတ်သော မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏အဆွေခင်ပွန်းဖြစ်ကုန်သောငါးရာကုန်သောတိတ္ထိတို့၏တပည့်တို့ကို
အကြောင်းပြု၍ ဟောတော်မူသည်။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် လှည်းငါးရာတို့၏ လှည်းမူးဖြစ်ကာ ကန္တရ၌ လှည်းငါးရာနှင့် ကုန်ကူးသွားနေစဉ် ဘီလူးတို့၏လှည့်ဖြားခြင်းကို ယုံစားပြီး ဘီလူးစားခြင်းကို ခံရသည်။ (ဇာ-ဋ္ဌ-၁၊၁၁၁)
 
နိဂြောဓမိဇာတ်
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် နိဂြာဓမိဂဇာတ်တော်ကို သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းတော်မူစဉ် ကုမာရကသပမထေရ်၏မိခင်ကို အကြောင်းပြု၍ ဟောတော်မူသည်။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ရွှေအဆင်းရှိသော သာခမိဂမည်သော သမင်ဖြစ်၍ သမင်အပေါင်း
ငါးရာခြံရံလျက်နေ၏။ တစ်နေ့ သာခမိဂသမင်၏ပရိသတ်ဖြစ်သော ကိုယ်ဝန်ရှိသော သမင်မ၏ အသတ်ခံရမည့်အလှည့်ဖြစ်၏။ သမင်မသည် သူ့မှာကိုယ်ဝန်ရှိကြောင်း အလှည့်ကျော်ပေးပါရန် တောင်းပန်တောင်းဆိုသော်လည်း ခေါင်းဆောင် သာခမိဂသမင်သည် လက်မခံချေ။ (ဇာ-ဋ္ဌ-၁၊၁၆၂)
 
မဟာသီလ၀ဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် လျော့သောဝီရိယရှိသော ရဟန်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဘုရားလောင်း မဟာသီလ၀မင်း၏အမတ်ဖြစ်၏ တစ်နေ့ အပြစ်ရှိသော အရှင်ဒေ၀ဒတ်လောင်းအမတ်အား သားသမီးနှင့်တကွ တိုင်းပြည်မှ နှင်ထုတ်ခဲ့လေ၏။ ဒါကို မကျေနပ်သော အမတ်က တစ်ခြားတိုင်းပြည်နှင်ပူးပေါင်းကာ မဟာသီလ၀တိုင်းနိုင်းငံကို သိမ်းပိုက်ရန် ကြိုးစားအားထုတ်၏။
(ဇာ-ဋ္ဌ-၁၊၁၂၇၉)
 
ဝါနရိန္ဒဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရာအား အရှင်ဒေ၀ဒတ်၏ သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု ဟောတော်မူ၏
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မိကျောင်းဖိုဖြစ်၍ စိဉ္စမာနလောင်းသည် မိကျောင်းမဖြစ်၏။ တစ်နေ့ မိကျောင်းမသည် ဘုရားလောင်းမျောက်မင်း၏ နှလုံးသားကို စားလိုသဖြင့် လင်မိကျောင်းဖိုကို ပူဆာလေ၏။
(ဇာ-ဋ္ဌ-၁၊၂၉၆)
 
တယောဓမ္မဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရာအား အရှင်ဒေ၀ဒတ်၏ သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏
အတိတ်၌ ဒေ၀ဒတ်သည် မျောက်အမျိုး၌ဖြစ်၏။ မျောက်အပေါင်းကို ဆောင်သည်ရှိသော် မိမိကိုအကြောင်းပြု မွေးဖွားလာသောမျောက်ငယ်တို့ကို မျောက်ငယ်တို့သည် ကြီးလာသည်ရှိသော် နောက်တစ်ချိန် မျောက်အပေါင်းကို ဆောင်ကုန်ရာ၏ဟု ကြောက်သောကြောင့် မိမိသွားဖြင့် မျောက်ငယ်တို့၏ ဝှေးစေ့ကို ကိုက်ပြီး ထုတ်၏။
(ဇာ-ဋ္ဌ-၁၊၂၉၈)
 
သီလ၀နာဂရာဇဇာတ်
ဘုရားရှင်သည် သီလ၀နာဂရာဇဇာတ်ကို ဇေတာဝန်ကျောင်းကို သီတင်းသုံးနေစဉ် ကျေးဇူးမသိတတ်တဲ့ အရှင်ဒေ၀ဒတ်အကြောင်းကို ဟောကြားသည်။
ဘုရားလောင်းသည် ဟိမ၀န္တာဝယ် ဆင်မျိုးပေါင်း ရှစ်သောင်းနှင့်အတူ နေထိုင်၍ တစ်နေ့ အပေါင်းအဖေါ်နေရခြင်း၏အပြစ်ကို မြင်ကာ တစ်ကောင်တည်းသာ နေလေတော့သည်။
တစ်နေ့ မျက်စိလည်လမ်းမှားနေတဲ့ မုဆိုးတစ်ယောက်ကို မြင်ကာ လမ်းပြကူညီ ပေးခဲ့ရာမှ မုဆိုးသည် အစွယ်ဖြတ် ရောင်းစားနေထိုင်သည်။ နောက်ဆုံးအရှင်ဒေ၀ဒတ်သည် မြေမျိုကာ ဘ၀အဆုံးသတ်သွားလေသည်။
(ဇာ-ဋ္ဌ-၁၊၃၇၇)
 
သိင်္ဂါလဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေ၀ဒတ်အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မြေခွေးဖြစ်၏။ တစ်နေ့၌ မြေခွေးသည် ပုဏ္ဏားအကူအညီဖြင့် မြို့ပြင်သုသာန်သို့ ပို့စေကာ အ၀တ်ပုဆိုးကို ဖြန့်စေပြီး အ၀တ်ပေါ်၌ မစင်စွန့်ကာ တောသို့ ၀င်သွားလေ၏။
(ဇာ-ဋ္ဌ-၁၊၄၅၀)
 
ဒုမ္မေဓဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေ၀ဒတ်အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မဂတိုင်း ရာဇဂြိုဟ်ပြည် မဂဓရှင်ဘုရင်ဖြစ်၏။ တစ်နေ့ ဘုရားလောင်း မင်္ဂလာဆင်တော်ကို စီး၍ တိုင်းခန်းလှည့်လည်ကာ ပြည်သူများက ဆင်၏ဂုဏ်ကျေးဇူးချီးမွမ်းသံကို မနာလို၍ မင်္ဂလာဆင်ကို သတ်ရန်ကြံ၏။ (ဇာ-ဋ္ဌ-၁၊၄၆၉)
 
အသမ္ပဒါနဇာတ်
မြတ်စွာဘုရားသည် ဇေတ၀နကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေ၀ဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးမသိတတ်ခြင်းကို အကြောင်းပြု ဟောတော်မူ၏
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ပီဠိယမည်သော သူဌေးဖြစ်၏။ ပီဠိယသူဌေးသည် ဒုက္ခရောက်သောအချိန် မဂဓတိုင်း၌ သူကြွယ် သူငယ်ချင်း ဖြစ်သော ဘုရားလောင်းကို အကူအညီတောင်းကာ စီးပွားရေးကို ပြန်လည် ဦးမော့နိုင်စေ၏။ (ဇာ-ဋ္ဌ-၁၊၄၉၁)
 
ဥဘတောဘဋ္ဌဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်၏ လူတို့၏စည်းစိမ်ကိုမှလည်း ယုတ်၏ ရဟန်းအကျိုးကိုလည်း မပြီးစေနိုင်ခြင်းအကြောင်းနှင့်စပ်လျဉ် ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ရွာတစ်ရွာ၌ တံခါသည်ဖြစ်၏ တစ်နေ့ သားအစ်ဖနှစ်ယောက် ထုံးအိုင်၌ ငါးများချိတ်ကို ပစ်ကာ သစ်တုံးငြိနေသည်ကို ငါးကြီးကြီးမိသည်အထင်ဖြင့် သားငယ်ကို ခေါ်ကာ ငါ့သား အိမ်သို့ပြန်ပြီ မင်းအမေကို တစ်ရွာလုံးနှင့်ရန်ဖြစ်ခိုင်း ဒါမှ ငါတို့ ငါး၏ဝေစုကို မခွဲဝေပေးနိုင်မှာ ဟုဆိုကာ ရွာသို့သွားစေ၏။
(ဇာ-ဋ္ဌ-၁၊၅၀၈)
 
ဂေါဓါဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကိုဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော ဆန့်ကျင်ဘက်အဆွေခင်ပွန်းကို ပေါင်းမိသော ရဟန်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ပုတ်သင်ဖြစ်ကာ အဆွေခင်ပွန်းဖြစ်သော ဖွတ်တို့ကို ပျက်စီးဖို့ရာ မုဆိုးနှင့်ပေါင်းကာ ဖွတ်အမျိုးတွေ ပျက်စီးစေ၏။ (ဇာ-ဋ္ဌ-၁၊၅၁၃)
 
သိင်္ဂါလဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားအား ဒေ၀ဒတ်၏ သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု ဟောတော်မူ၏
အတိတ်၌ ဘုရားလောင်းသည် မြေခွေးမင်းဖြစ်၏။ အရှင်ဒေ၀ဒတ်လောင်းသည် သေသောက်ကြူးဖြစ်ကာ သုဿာန်သို့သွား၍ သေလူဟန်ဆောင်ကာ မြေခွေးကို သတ်ရန်ကြိုးစားအားထုတ်၏။ (ဇာ-ဋ္ဌ-၁၊၅၁၅)
 
ဒဠှဝဂ် ၀ိနီလဇာတ်
မြတ်စွာဘုရားသည်ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်အရှဒေ၀ဒတ်သည်မြတ်စွာဘုရားအား အတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် အရှင်အာနန္ဒာလောင်း ဟင်္သာမင်းနှင့် ကျီးမတို့ ပေါင်းဖက်ကာ ရလာသော ၀ိနီလအမည်ရှိသောငှက်ဖြစ်၏။ (ဇာ-ဋ္ဌ-၂၊၃၄)
 
သကုဏဂ္ဃိဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေး၌ တိရစ္ဆာန်တို့သည်လည်း အဘဥစ္စာဖြစ်သော မိမိအရာကို စွန့်ခွါ မကျက်စားသင့်သောအရာ၌ ကျက်စားသည်ရှိသော် ရန်သူတို့၏လက်သို့ ရောက်ကုန်၏ အစရှိသည်ဖြင့် အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် သိမ်းငှက်ဖြစ် ဘုရားလောင်းသည် ဗီလုံးငှက်ဖြစ်၏။ တစ်နေ့ အစာရှာရင်း နယ်ကျွံနေသော ဗီလုံးငှက်ကို သိမ်းငှက်ဖမ်းခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ-၂၊၅၃)
 
စူဠပဒုမဇာတ်
မြတ်စွာဘုရားသည် သာသနာတော်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မင်းပြစ်သင့်၍ ခြေ လက် အဖြတ်ခံခဲ့ရကာ မြစ်၌ မျောခံသဖြင့် ဘုရားလောင်းကယ်တင်ခြင်းကို ခံရ၏။ ထိုနောက် ဘုရားလောင်း၏မယားနှင့်ဖေါက်ပြန်ကာ နေ၏။
(ဇာ-ဋ္ဌ-၂၊၁၀၅)
 
ဂဟပတိဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကိုဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လူ၏အဖြစ်ကို လည်တမော့မော့ဖြင့် မျော်ခြင်းရှိသော ရဟန်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်သည် ရွာသူကြီးဖြစ်ကာ ဘုရားလောင်းမယားနှင့်ဖေါက်ပြန်နေ၏။ (ဇာ-ဋ္ဌ-၂၊၁၂၃)
 
ဝီရဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်ဒေ၀ဒတ်သည် မြတ်စွာဘုရားကို တုပခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် သ၀ိဋ္ဌကအမည်ရှိသော ကျီးဖြစ်၏။ တစ်နေ့ဘုရားလောင်းတင်ကြီးကို တုပ၍ ရေထဲကငါးကို ဖမ်းယူကာ ရေမှော်ကြားမှာ ငြိ၍ အသက်ဆုံးရှုံးရ၏။ (ဇာ-ဋ္ဌ-၂၊၁၃၆ )
 
သုသုမာရဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မိကျောင်းဖြစ်၍ မယားမိကျောင်းမက ဘုရားလောင်းမျောက်၏နှလုံးသားကို စားလိုသဖြင့် ပူဆာကာ ဘုရားလောင်းမျောက်ကို ဖြားယောင်းကာ ရေဖြင့်သတ်ရန် ကြိုးစား၏။ ဘုရားလောင်းသည် သူ၏နှလုံးသားက သဖန်းပင်မှာ ထားကြောင်း ပရိယာယ်ဆင်ကာ မိကျောင်းဘေးမှ လွတ်မျောက်ခဲ့၏။
(ဇာ-ဋ္ဌ-၂၊၁၄၅)
 
ကုက္ကုဋဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်၏အတူနေတပည့်ဖြစ်သော ရဟန်းငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ငှက်မုဆိုးဖြစ်၍ တိန်ညင်ကြက်ဖြင့် တောကြက်ကို ထောင်ကာ ကြိုးပမ်းအားထုတ်၏။ (ဇာ-ဋ္ဌ-၂၊၁၄၇)
ကာသာဝဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကိုဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်ဆင်ကာ ဦးခေါင်းကို ခြုံ လက်နက်ကိုင်ကာ ဆင်တို့ကိုသတ် ဆင်စွယ်ဖြတ်ရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုသော သူဆင်းရဲတစ်ဦးဖြစ်၏။
(ဇာ-ဋ္ဌ-၂၊၁၈၀)
 
ဥပါဟနဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဘုရားလောင်း၏အထံ၌ ဆင်အတတ်ပညာကို သင်ယူပြီးသည်နောက် မင်းရင်ပြင်မှာ ဆရာနှင့်ယှဉ်ကာ ဆင်အတတ်ပညာကို ပြိုင်၏။(ဇာ-ဋ္ဌ-၂၊၂၀၂)
 
ဝိကဏ္ဏကဇာတ်
မြတ်စွာဘုရားသည်ဇေတ၀န်ကျောင်းတော်၌ စံပျော်တော်မူစဉ် တစ်ပါးသော ငြီးငွေ့သောရဟန်းကို အကြောင်းပြု ဟောတော်မူ၏
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မိကျောင်းဖြစ်၏။ ရှင်ဘုရင် အစာကျွေးသော ငါးတို့ကို လာစားရင်း ငါးကို အစာကျွေးသောသူသည် မျှားဖြင့် ပစ်ခြင်းကို ခံရကာ နောက်ဆုံးအသက်ထွက်ရ၏။ (ဇာ-ဋ္ဌ-၂၊၂၀၇)
 
မဟာပိင်္ဂလဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက်ရွင်လန်းသော စိတ်ရှိ၏ဟု အစရှိသော အကြောင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီပြည် မဟာပိင်္ဂလအမည်ရှိသော မတရားသဖြင့် မင်းပြုသောသူဖြစ်၏။ကြံညှစ်စက်တို့ဖြင့် ကြံကို ညှစ်ဘိသကဲ့သို့ လူအများကို နှိပ်စက်ညဉ်းဆဲ၏။ ကြမ်းတမ်းရုန့်ရင်း၏ (ဇာ-ဋ္ဌ-၂၊၂၁၉)
 
သကုဏဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဇေတ၀န်ကျောင်းမှာ စံပျော်တော်မူစဉ် ကျေးဇူးမသိတတ်သော အရှင်ဒေ၀ဒတ်အကြောင်းကို ဟောတော်မူသည်။
အတိတ်က အရှင်ဒေ၀ဒတ်လောင်းသည် ခြင်္သေ့ဖြစ်ပြီး ဘုရားလောင်းသည် သစ်တောက်ငှက် ဖြစ်လေ၏။ တစ်နေ့ အာခံတွင်းမှာ အရိုးဆူးနေသော ခြင်္သေ့က အဆူးနုတ်ပေးရန် အကူညီတောင်းကာ ကူညီခဲ့လေသည် ။ ကျေးဇူး သိမသိစမ်းကြည့်သော အခါ ခြင်္သေ့သည် ဤသို့ပြည်လည်ပြောဆို၍ ချေပ၏။ ငါ့အာခံတွင်းသို့ဝင်ကာ အဆူးနုတ်ပေးလို့ ငါမင်းကို မစားခြင်းသည် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏ဟု ဆိုလေ၏။ (ဇာ-ဋ္ဌ-၃၊၂၄)
 
ခန္တီဝါဒီဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဇေတ၀န်ကျောင်း ကိန်းအောင်းတော်မူစဉ် အမျက်ထွက်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု ၍ ဟောတော်မူသည်။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီပြည်ရှင် ကလာဗုမင်းဖြစ်၏။ ဘုရားလောင်းသည် ဥစ္စာစည်းစိမ်ကို စွန့်ကာ ရသေ့ပြုလေ၏။ တစ်နေ့ မင်းဥယျာဉ်၌ သီတင်းသုံးနေသော ရသေ့ကို ဒေါသစိတ်ဖြင့် ဘာအယူဝါဒ ရှိသလဲဟု မေးကာ ခြေလက်အင်္ဂါတို့ကို ဖြတ်စေ၏ ။ (ဇာ-ဋ္ဌ-၃၊၃၇)
 
မနောဇဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို ပေါင်းဖေါ်သော ရဟန်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မြေခွေးဖြစ် ဘုရားလောင်းခြင်္သေ့မင်း၏သား မနောဇနှင့် ပေါင်းဖေါ်ကာ မြင်းတို့၏အသားကို စားလိုကာ ဖမ်းယူစေ၏။ (ဇာ-ဋ္ဌ-၃၊၃၀၂)
 
ကပ္ပိဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မျောက်ဖြစ် မျောက်အပေါင်းငါးရား ခြံရံလျက် ဥယျာဉ်၌ နေ၏။ တစ်နေ့ ဥယျာဉ်၌ ရေချိုးပြီးသော ပုရောဟိတ်အပေါ်ကို မျောက်တစ်ကောင်သည် မစင့်စွန့်သည်ကို ရန်ငြိုးဖွဲ့၏ ထို့နောက် မီးလောင်မှုဖြင့် ဒဏ်ရာရသော ဆင်တို့ကို မျောက်ဆီဖြင့် ကုရင် ပျောက်နိုင်၏ဟု ရှင်ဘုရင်ကို အကြံပေးကာ ဥယျာဉ်၌ နေသော မျောက်တို့ကို ပျက်စီးသေဆုံးရ၏။ (ဇာ-ဋ္ဌ-၃၊၃၃၄)
 
မဟာကပ္ပိဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ စံပျော်နေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏အကျိုးငှာ ကျင့်ခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မျောက်ဖြစ် ဟိမ၀န္တာ ဂင်္ဂါကမ်းနား၌ နေ၏။ တစ်နေ့ အဗ္ဘန္တရသရက်သီးကို အကြောင်းပြု မျောက်အပေါင်းသည် ဒုက္ခရောက်နေကြ၏။ ဒုက္ခရောက်နေကြသော မျောက်အပေါင်းကို ဘုရားလောင်းမျောက်မင်းသည် နွယ်ကြိုးကို ခါးမှာချည်ကာ တစ်ဖက်ကမ်းသို့ ခုန်ကူးကာ တံတားသဖွယ်ခင်း ကယ်တင်ခဲ့၏။ အရှင်ဒေ၀ဒတ်လောင်းသည် အမြင့်မှ ဘုရားလောင်းမျောက်မင်းကျောပေါ်ကို ခုန်ချကာ နာကျင်အောင်ပြုလုပ်၏။ (ဇာ-ဋ္ဌ-၃၊၃၄၉)
 
စေတိယဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်အား မြေမျိုခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် စေတိယတိုင်း သောတ္တိယမြို့၌ ဥပ၀ရမည်သော မင်းဖြစ်၏။ မင်းသည် ပညာသင်ဖက် သူငယ်ချင်းဖြစ်သော ကောရကလမ္ဗအား ပုရောဟိတ်ရားထူးကို ပေးလိုသဖြင့် မုသာဝါဒကိုဆိုကာ နောက်ဆုံးမြေမျိုခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ-၃၊၄၃၁)
နိကြေဓဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ၍ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် သာခဟု အမည်ရှိ၏ နိဂြောဓနှင့် ပေါဋ္ဌိကဟူသော သူငယ်ချင်း နှစ်ယောက်ရှိ၏။ တစ်နေ့ ပညာသင်ပြီး အပြန်လမ်းခရီး နတ်ကွန်းမှာ ကြက်နှစ်ကောင် ရန်ဖြစ်ပြီး စကားပြောဆိုသံကို ပေါဋ္ဌိကကြားပြီးနောက် ကြက်ကို ဖမ်းကာ မီးကင်ပြီး။ ပေါဋ္ဌိကသည် ဆူဖြိုးသောအသားကို နိဂြောအား ကျွေး၏။ အလယ်သားအား သာခကို ပေး၏။ မိမိသည် အရိုး၌ ကပ်သောအသားကို စား၏။ (ဇာ-ဋ္ဌ-၄၊၃၇)
 
မာတုပေါသကဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းနေတော်မူစဉ် မိဘလုပ်ကျွေးသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်သည် မုဆိုးဖြစ်၏။ တစ်နေ့ တော၌ မျက်စိလည် မပြန်တတ်သော မုဆိုးကို ဘုရားလောင်း ဆင်ဖြူသည် လမ်းပြကူညီခဲ့၏။ မုဆိုးသည် မြို့သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းကို ပြောကြားပြီးနောက် ဆင်ဖြူတော်သည် အဖမ်းခံရ၏။ (ဇာ-ဋ္ဌ-၄၊၉၁)
 
ဓမ္မဒေ၀ပုတ္တဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်၏ မြေမျိုသည်၏အဖြစ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် အဓမ္မနတ်သားဖြစ်၏။ ထိုနတ်သားသည် အကုသကမ္မပထတရားတို့ကို ပြုလုပ်ရန် လူတို့အား နိုးဆော်လျက် ဇမ္ဗူဒိတ်ကျွန်းကို လက်ဝဲရစ် လှည့်လည်၏။ (ဇာ-ဋ္ဌ-၄၊၁၀၁)
 
သမုဒ္ဒါဝါဏိဇဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ စံပျော်တော်မူစဉ် အရှင်ဒေ၀ဒတ်နှင့် သူအပေါင်းအဖေါ်တို့သည် လာဘ်လာဘကို မက်မော အ၀ိစိသို့ရောက်ရခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် လက်မားဖြစ်၍ အကြွေးမပေးနိုင်ကာ လှေတစ်စီးဖြင့် လက်သမားတို့သည် သမုဒ္ဒရာ အလယ်ကျွန်း၌ ရှောင်တိမ်းမှီခိုကာ နေကြ၏။ သူတို့သည် ကြံရည်ဖြင့် အရက်ချက်ကာ သောက်ကြသဖြင့် မူးသောအခါ မစင်ကို စွန့်ချင်ရာစွန့်၏။ ကျွန်းပိုင်နတ်များက ဒေါသထွက်ကာရေဖြင့်လွှမ်းမိုးခြင်းကို ခံရ၍ အသက်ဆုံးရ၏။ (ဇာ-ဋ္ဌ-၄၊၁၆၀)
 
မဟာပဒုမဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စိဉ္စမာနကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗြဟ္မဒတ်မင်းဖြစ်၏ ဘုရားလောင်းသည် မဟာပဒုမမည်သော မင်းသားဖြစ်၏။ မိဖုရားသည် မဟာပဒုမကိုမြင်ကာ တပ်မက်သောစိတ်ဖြင့် ဖြားယောင်းကာ အလိုသို့မပါသဖြင့် ရန်ငြိုးဖွဲ့၏။ ထိုနောက် ရှင်ဘုရင်ကို သွေးထိုးကာ ရှင်ဘုရင်သည် ယုံသဖြင့် မဟာပဒုမမင်းသားကို ချောက်ထဲသို့ ပစ်ချရန် စေခိုင်း၏။ (ဇာ-ဋ္ဌ-၄၊၁၈၈)
 
အမ္ဗဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြေမျိုခံရသော အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မင်း၏ပုရောဟိတ်သား ဖြစ်၏။ ဘုရားလောင်း ဒွန်းစဏ္ဍားဆီကို ရာသီမရွေး သီးနိုင်သော ဂါထာကို သင်ယူပြီး ရှင်ဘုရင်ထံ ခစား၏။ ရှင်ဘုရင်သည် ဒီဂါထာကို ဘယ်သူ့ဆီမှာ သင်ယူခဲ့သလဲမေးကာ ဆရာကို ဖေါ်ပြမှာရှက် မဖေါ်ပဲ ဖုံးကွယ်ကာ ဂါထာအစွမ်း ပျောက်ကွယ်သွား၏။
(ဇာ-ဋ္ဌ-၄၊၂၀၁)
တစ္ဆသူကရဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အသက်ကြီးသော ရဟန်းနှစ်ပါးကို အကြောင်းပြု ဟောတော်မူ၏ အတိတ်၌ အရှင်ဒေ၀ဒတ်သည် ရသေ့ဖြစ်၍ တောဝက်တို့၏ ချေမူန်းခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ၊၄၊၃၄၂)
 
သောမနသဇာတ်
ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းတော်မူစဉ် ဗုဒ္ဓမြတ်စွာဘုရားအား လုပ်ကြံရန် ဒေ၀ဒတ်၏ကြိုးပမ်းမှုကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ရသေ့ဖြစ်၏။ တစ်နေ့၌ မဟာရက္ခိတရသေ့ကြီးက ယနေ့မိုးသောက်ယံ၌ နတ်သားတစ်ဦးသည် နတ်ပြည်မှ စုတေ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေယူလိမ့်မည်ဟု ပြောဆိုသောစကားကိုကြားကာ မိမိကိုယ်တိုင် တရားထူးဖြင့် သိသယောင်ယောင်နဲ့ ရှင်ဘုရင်ကို ပြောဆိုပြကာ ဘုရင်ရဲ့ ပူဇော်ခြင်းကို ခံရ၏။ နောက်ဆုံး ဟင်းသီးဟင်းရွက်ရောင်းကာ အသက်မွေးဝမ်းကြောင်းပြုသော ရသေ့ကိုမြင်၏။ ထိုနောက် ပြည်သူများ၏ရိုက်နက်မှုဒဏ်ဖြင် သေဆုံးသွားလေ၏။ (ဇာ-ဋ္ဌ-၄၊၄၄၆)
 
စမ္ပေယျဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥပုသ်ဆောက်တည်ကြသော ဒါယကာများအား အကြောင်းပြု၍ ဟောတော်မူ၏။ အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မြွေအလမ္ပာယ်ဆရာဖြစ်ကာ လူပြည့်၌ဥပုသ်စောင့်သောဘုရားလောင်း စမ္ပေယျနဂါးကို ဖမ်းကာ လှည့်လည်ပြစား၏။ (ဇာ-ဋ္ဌ-၄၊၄၅၇ )
 
ဆဒ္ဒန္တဇာတ်
ဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းမိန်းမငယ်တစ်ဦးသည် မြတ်စွာဘုရား၏အဆင်းတော်ကို ကြည့်၍ ရယ်လည်းရယ်၏ ငိုလည်း ငို၏ ရယ်ခြင်းအကြောင်းကား မြတ်စွာဘုရားသည် သူမ၏လင်တော်ဖူးသောကြောင့်ဖြစ်၏။ ငိုချြင်းကား လင်၏အကျိုးကျေးဇူးမဲ့ကို ပြုခဲ့သောကြောင့်တည်း။ ထိုရဟန်းမိန်းမ၏ ရယ်ခြင်း ငိုခြင်းကို အကြောင်းပြုကာ အတိတ်ကို ဟောတော်မူ၏။ အတိတ်၌ ဗာရာဏသီမင်း၏မိဖုရားခေါင်ဖြစ်လာသော ထိုရဟန်းမိန်းမငယ်သည် အတိတ်က စူဠသုဘဒ္ဒါအမည်ရှိကာ ရန်ငြိုးရှိခဲ့ဖူးသော လင်တော်ဆဒ္ဒန်ဆင်မင်းကို အရှင်ဒေ၀ဒတ်လောင်း သောဏုတ္တရမုဆိုးအား စေလွတ်ကာ အစွယ်ကို ဖြတ်စေ၏။ (ဇာ-ဋ္ဌ-၅၊၃၇)
 
ပဏ္ဍရကနာဂရာဇဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ နေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ကရမ္ပိယမည်သော တက္ကတွန်းဖြစ်၏ တက္ကတွန်းသည် ပင်လယ်သမုဒ္ဒရာထဲ၌ သင်္ဘောပျက်ရာ အသက်မသေဘဲ အ၀တ်မပါ ကိုယ်ဗလာဖြင့် ကမ်းပေါ်သို့တက်လာကာ လူအများသည် အလိုနည်းသော ရဟန်းတစ်ပါးဟု ထင်မှတ် ကျောင်းဆောက်ပေးပြီး ကိုးကွယ်ထားကြ၏။ (ဇာ-ဋ္ဌ-၅၊၇၈)
 
ဘူရိဒတ္တဇာတ်
မြတ်စွာဘုရားသည် ဇေတ၀န်ကျာင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပုသ်ဆောက်တည်သော ဒါယကာတို့ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် နေသာဒပုဏ္ဏားဖြစ်၏။ အလမ္ပါယ်ဆရာဆီကို ပတ္တမြားကို လိုချင်သဖြင့် ဘူရိဒတ်နဂါးမင်း၏နေရာကို ပြလေ၏။ (ဇာ-ဋ္ဌ-၇၊၁)
 
လက္ခဏမိဂဇာတ်
မြတ်စွာဘုရားသည် လက္ခဏမိဂဇာတ်တော်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံပျော်တော်မူစဉ် အရှင်ဒေ၀ဒတ်သည် ယခုအခါ၌သာ မိမိအပေါင်အဖေါ်မှ ဆုတ်ယုတ်သည် မဟုတ်သေး။ ရှေး၌လည်း အပေါင်း အပေါင်းအဖေါ်ဆုတ်ယုတ်ခဲ့ဖူးပြီးဟု အရှင်ဒေ၀ဒတ်ကိုအကြာင်းပြု ဟောတော်မူသည်။
အတိတ်၌ ဘုရားလောင်းသည် သမင်မျိး၌ဖြစ်ကာ သမင်အပေါင်း တစ်ထောင်ကို အုပ်ချုပ်လျက် နေ၏။ အသက်ကြီးရင့်လာသောအခါ သားနှစ်ဦးဖြစ်သော အရှင်သာရိပုတြာလောင်း လက္ခဏသမင်နှင့် အရှင်ဒေ၀တ်လောင်း ကာဠသမင်ကို သမင်းအပေါင်း ငါးရာစီ ခွဲကာ အုပ်ချုပ်စေခဲ့လေသည်။ (ဇာ-ဋ္ဌ-၁၊၁၅၉)
 
ကုရုင်္ဂမိဂဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇာတ်တော်ကို အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားအား သတ်ခြင်းအလို့ငှာ လေးသမားတို့ကို စေလွတ်ခြင်းအစရှိသော အကြောင်းတို့ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်း မုဆိုးသည် ဘုရားလောင်းဆတ်မင်းကို သတ်ခြင်းငှာ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါချေ။ (ဇာ-ဋ္ဌ-၁၊၁၈၉)
 
သစ္စံကိရဇာတ်
ဘုရားရှင်သည်ဇာတ်တော်ကို ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်အတွင်းအရှင်ဒေ၀ဒတ်သည် ဘုရားရှင်အား လုပ်ကြံမှုကို အကြောင်းပြု ဟောတော်မူသည်။အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီမင်း၏ ဒုဋ္ဌကုမာရမည်သောမင်းသားဖြစ်၏။ မင်းသားသည် အဆဲမပါ စကားမပြောတတ် အပုတ်အခတ်မပါ မနေတတ် ဟုဆို၏။ တစ်နေ့ အရိုက်အပုတ် အဆဲအဆိုကြမ်းသော မင်းသားအား မြစ်ဆိတ်မှာ ရေချိုးနေစဉ်အတွင်း မောင်းမအခြွေအရံတွေက ရေထဲမှာ တွန်းချကာ ထွက်သွားလေသည်။ မင်းသားသည် ရေထဲမျောရင်း ဘုရားလောင်းနဲ့တွေ့ကာ ကယ်ဆယ်ခံခဲ့ရသည်။ ထို့အတူ မင်းသားလေးလိုပဲ ဒုက္ခရောက်ကာ ရောက်လာကြသော ကြွက် မြွေ ကျေးငှက်တို့သည်လည်း ရသေ့ကျောင်းမှာ ကယ်ဆည်ခံခဲ့ရသည်။ နောက်ဆုံး မင်းသားသည် သူက မင်းသားဖြစ်လျက် ဦးစားမပေးရကောင်းလား ဟုဆိုကာ အငြိုးထားလျှက် ရန်သူသဖွယ် သတ်မှတ်ထားလေသည်။ (ဇာ-ဋ္ဌ-၁၊၃၄၁)
 
ဒုဗ္ဗိယမက္ကဋဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကျေးဇူးမသိတတ်သော အရှင်ဒေ၀ဒတ်ကို အကြောင်းပြုဟောတော်မူ၏။အတိတ်၌အရှင်ဒေ၀ဒတ်လောင်းမျောက်သည် ရေငတ်ရေခပ်ပေးဖူးသောဘုရားလောင်းပုဏ္ဏားကိုနုတ်ဖြင့်ဖေါက်ပြန်ပြကာ ပုဏ္ဏားကို ချောက်ပြ၏။ (ဇာ-ဋ္ဌ-၂၊၆၄)
 
ဂိရိဒတ္တဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖေါ်ကို မှီဝဲသောရဟန်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ ရဟန်းသည် ပဏ၀အမည်ရှိသော မင်္ဂလာမြင်းဖြစ်၏။ ထိုမြင်းသည် မြင်းထိန်းသည်ဖြစ်သော ခြေခွင်သော အရှင်ဒေ၀ဒတ်လောင်း ဂိရိဒတ္တကို အတုလိုက် နေ၏။ (ဇာ-ဋ္ဌ-၂၊၈၉)
 
မဏိစောရဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ် မြတ်စွာဘုရားကို သတ်အံ့သောငှာ လုံ့လပြုသော အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီမင်းဖြစ်၏။ ထိုနောက် ဘုရားလောင်း၏မယားကို အလိုရှိကာ ပတ္တမြားဦးသျောင်ကို ဘုရားလောင်းခိုးသည်ဟု စွတ်စွဲကာ သတ်ပစ်ရန် အားထုတ်၏။ (ဇာ-ဋ္ဌ-၂၊၁၁၀)
 
ကုရုင်္ဂမိဂဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မုဆိုးဖြစ်၍ ကျော့ကွင်းထောင်ကာ ဘုရားလောင်းသမင်မိ၏။ သမင်မှာ ခေါက်ရှာငှက် လိပ် မိတ်ဆွေ နှစ်ဦးအကူအညီဖြင့် ကျော့ကွင်းမှ လွတ်မြောက်ခဲ့၏။ (ဇာ-ဋ္ဌ-၂၊၁၃၉)
 
ကန္ဒဂလကဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားကို အန်တုသော အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ကန္ဒဂလကအမည်ရှိသော သစ်တောက်ငှက်ဖြစ်၏။ တစ်နေ့ အဆွေခင်ပွန်းဖြစ်သော ရှားတော၌ကျက်စားသော ဘုရားလောင်းသစ်တောက်ငှက်ဆီကို အလည်သွားကာ ဘုရားလောင်းသည် ရှားပင်၌ရှိသော ပိုးကောင်တွေကို ပေါက်ကာ ရှာကျွေး၏။ အရှင်ဒေ၀ဒတ်လောင်းသည် သူလည်း သစ်တောက်ငှက် ငါလည်း သစ်တောက်ငှက်ဖြစ်၏ ဟု မာနစိတ်ဝင်ကာရှားပင်ကို နူတ်သီးဖြင့် ပေါက် ကာ နူတ်သီးကျိုး သစ်ပင်ပေါ်မှကျကာ အသက်ဆုံး၏။ (ဇာ-ဋ္ဌ-၂၊၁၄၈)
 
စူဠနန္ဒိယဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် လေးအတတ်ဖြင့် သားငှက်တို့ကို ပစ်ကာ အသက်မွေးဝမ်းကြောင်းပြု၏။
တစ်နေ့ ဘုရားလောင်းမျောက်မင်း၏ မိခင်ကို ပစ်ရန်ချိန်ရွယ်စဉ် ဘုရားလောင်းမဟာနန္ဒိယမျောက်သည် ညီငယ် စူဠနန္ဒိယကို မိခင်ကို စောင့်ရှောက်ရန် မှာကြားပြီးသည့်နောက် မိခင်အား အသက်ပေးလှူ၏။ (ဇာ-ဋ္ဌ-၂၊၁၈၃)
 
သဗ္ဗဒါဌဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းတော်မူစဉ် အရှင်ဒေ၀ဒတ်သည် လာဘသက္ကာရကို ရစေ ကြာမြင့်စွာတည်ခြင်းကို ပြုအံ့သောငှာ မစွမ်းနိုင်ဟု အစရှိသည်ဖြင့် အကြောင်းပြုကာ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မြေခွေးဖြစ်၏။ တစ်နေ့ ဘုရားလောင်းရွတ်ဆိုသော ပထ၀ီဇယမန္တရားသံကို ကြား တတ်လာပြီးနောက် သားရဲတိရစ္ဆာန်တို့ကို စုရုံးကာ ဗာရာဏသီပြည်ကို စစ်ခင်းရန် ကြိုးပမ်း၏။ (ဇာ-ဋ္ဌ-၂၊၂၂၂)
 
ဂုတ္တိလဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် ယခုအခါ၌သာလျှင် ဆရာဖြစ်သော ငါ့ကို စွန့်၍ ငါ့၏ ရန်သူဖြစ်ကာ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ရခြင်းအကြောင်းကို အကြောင်းပြုကာ ဟောတော်မူ၏။
အတိတ်၌ အရှင်းဒေ၀ဒတ်လောင်းသည် မူသိကဟုအမည်ရှိ ဘုရားလောင်း စောင်းသမားကြီးအထံ၌ စောင်းပညာကို သင်ယူကာ နောက်ဆုံးဆရာကို ပြန်ပြီး ပညာပြိုင်၏။ (ဇာ-ဋ္ဌ-၂၊၂၂၇)
 
ရောမကဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ စံပျော်တော်မူစဉ် အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြုကာ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ကောက်ကျစ်သော ရသေ့ဖြစ် မိမိထံကပ်ရောက်လာသော ခိုငှက်တို့ကို သတ်စားရန်း ကြိုးပမ်း၏။ (ဇာ-ဋ္ဌ-၂၊၃၄၂)
 
ဇမ္ဗုခါဒကဇာတက
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းမှာ စံပျော်တော်မူစဉ် ဇာတ်တော်ကို အရှင်ဒေ၀ဒတ်နှင့် အရှင်ကောကာလိကတို့ကို အကြောင်းပြု ဟောတော်မူသည်။ လာဘ်လာဘဆုတ်ယုတ်သော ဒေ၀ဒတ်အား အရှင်ကောကာလိကသည် အရှင်ဒေ၀ဒတ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုကာ ဒကာ ဒကာမအများကို လှူဒါန်းစေ၏။ အရှင်ဒေ၀ဒတ်ကလည်း အရှင်ကောကာလိက၏ဂုဏ်ကျေးဇူးကို ထုတ်ဖေါ်ကာ ပြောဆို၏။ အချင်းချင်း ဂုဏ်ကျေးဇူးကိုမြှောက်ပင့် ပြောဆိုရင်း လာဘ်လာဘပေါများအောင် အားထုတ်ခြင်းဖြစ်၏။ (ဇာ-ဋ္ဌ-၂၊၃၉၅)
 
ကက္ကာရုဇာတက
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူသည်။ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကို အံတုကာ သံဃာသင်းကွဲပြီးနောက် သွေးအန်ကာ ဒုက္ခခံစားရလေ၏။ အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် တာဝတိံသာမှ နတ်သားလေးယောက်အထံမှ နတ်ပန်းများကို လိုချင်သဖြင့် မိမိမှာ သီလမရှိသော်လည်း သီလရှိဟန်ဆောင်ကာ တောင်းယူဝတ်ဆင်ကာ ၇-ရက်တိတိ ဒုက္ခဝေဒနာကို ခံစားရလေသည်။ (ဇာ-ဋ္ဌ-၃၊၇၉)
 
ကာဠဗာဟုဇာတက
အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရား ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းတော်မူစဉ် မြတ်စွာဘုရားအား နာဠာဂိရိဆင်နှင့် တိုက်ခိုက်သည့်မှစကာ လာဘ်လာဘဆုတ်ယုတ်ခဲ့လေ၏ မြတ်စွာဘုရားသည် ထိုအကြောင်းနှင့်စပ်လျဉ်း ရဟန်းတို့ကို မိန့်ဆိုလေ၏ အရှင်ဒေ၀ဒတ်သည် ရှေးအခါ၌လည်း သူ၏လုပ်ရပ်ကြောင်း လာဘ်တိတ်ခဲ့ဖူးပြီးဟု မိန့်တော်မူကာ အတိတ်ကို ဟောတော်မူ၏။ အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မျောက်ဖြစ်ကာ မင်းညီမင်းသား ငိုအောင်ပြုလုပ်ခဲ့သောကြောင့် ရှင်ဘုရင်က နှင်ထုတ်ကာ လာဘ်လာဘဆုတ်ယုတ်ခဲ့လေ၏။ (ဇာ-ဋ္ဌ-၃၊၈၉)
 
ဇမ္ဗုကဇာတက (ကကဏ္ဋက၀ဂ် -၀ိရောစဇာတ်နှင့်တူ)
ဘုရားရှင်သည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်ကို အန်တုကာ ပြုမူသော ဒေ၀ဒတ်ကို အကြောင်းပြုကာ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်း မြေခွေးသည် လမ်းမှာရှောင်တိမ်းချိန်မရလိုက်သော ဘုရားလောင်းခြင်္သေ့မင်းနှင့် တွေ့ကာ တပည့်ခံလေ၏။ခြင်္သေ့၏စားကြွင်းစားကျန်စားနေရသော မြေခွေးသည် ၀လင်လာကာ မိမိကိုယ်ကို ခြင်္သေ့ကဲ့သို့ အထင်ကြီး မာန၀င်လျက် ဆင်ကြီးကို ခုန်အုပ်မည့်ဟု ကြံရွယ်ကာ တောင်ကုန်းပေါ်မှ ခုန်ချကာ ဆင်ခြေရင်းသို့ကျကာ ဆင်ကခြေဖြင့် မြေခွေး၏ဦးခေါင်းကို နင်းခွဲကာ သတ်ပစ်ခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ-၃၊၁၀၃)
 
လဋုကိတဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဆင်းရိုင်းဖြစ် ဆင်းသွားလမ်းမှာ နှံစုတ်ငှက်မ၏ သားတို့ကို သတ်ပစ်ကာ နောက်ဆုံး နှံစုတ်ငှက်မသည် ကျီး ယင် ငှက် ဖားတို့ကို အကူညီတောင်းကာ လက်စားပြန်ချေခြင်းကို ခံရကာ အသက်ဆုံးရ၏။ (ဇာ-ဋ္ဌ-၃၊၁၆၁)
 
စူဠဓမ္မပါလဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားအား သတ်ခြင်းငှာ လုံ့လပြုခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗာရာဏသီပြည် မဟပတာပမည်သော မင်းဖြစ်၏။ တစ်နေ့ မိဖုရားအဆောင်သို့ သွားစဉ် မိဖုရားသည် ၇-လ သားငယ်လေးကို ပြုစုကာ ရှင်ဘုရင်ကို မကြိုဆိုမိတာ စပ်လျဉ်း သားငယ်လေးကို ခိုးသူကို ယူခိုင်းကာ ပျဉ်ပေါ်၌ မင်းသားငယ်ကို လက် ခြေ ဦးခေါင်းဖြတ် သတ်ပစ်လိုက်လေ၏။
(ဇာ-ဋ္ဌ-၃၊၁၆၅)
 
သာဠိယဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ ကိန်းအောင်းနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရာအား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်သောငှာ မတတ်နိုင် ဟူသော ရဟန်းတို့၏စကားကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဆေးသမားတစ်ဦးဖြစ်၏။ တစ်နေ့ ဆေးသမားသည် သစ်ခွကြားမှ ဦးခေါင်းထွက်သောမြွေကို ဆက်ရက်ငှက်ဟု ကလေးကို လိမ်ကာ တက်ယူစေ၏။ (ဇာ-ဋ္ဌ-၃၊၁၈၈)
သုဝဏ္ဏကက္ကဋဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းတော်မူစဉ် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား အတွက် အသက်စွန့်ခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒ၀ဒတ်လောင်းသည် ကျီဖိုဖြစ်၏။ ကျီမ၏တိုက်တွန်းချက်အရ ဘုရားလောင်း၏မျက်လုံးကို လိုချင်သဖြင့် မြွေနှင့်ပေါင်းကာ လုပ်ကြံ၏။ နောက်ဆုံး ကျီးဖိုနှင့် မြွေတို့သည် ပုစွန်လုံး၏ညှပ်ခြင်းကို ခံရကာ အသက်ဆုံးရ၏။ (ဇာ-ဋ္ဌ-၃၊၂၇၅)
 
ပရန္တပဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဒေ၀ဒတ်ကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌အရှင် ဒေ၀ဒတ်လောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်၏။ ဘုရားလောင်းသည်
ဗြဟ္မဒတ်မင်း၏သားဖြစ်၏။ တစ်နေ့ ရန်သူဝိုင်းခံရသော မင်းသည် မယား ပုရောဟိတ် ပရန္တပကျွန်ကို ခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးခဲ့၏။ နောက်ဆုံး မယားသည် ပရ န္တပကျွန်နှင့် ဖေါက်ပြန်ကာ ပရန္တပကျွန် လုပ်ကြံခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ-၃၊၃၉၃)
 
ကုက္ကုဋဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်၏ မြတ်စွာဘုရားကို သတ်ခြင်းငှာ လုံ့လခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းစွန်သည် ဘုရားလောင်း ကြက်မင်း၏ အပေါင်းအဖေါ်ကို အကုန်ဖမ်းစားကာ ဘုရားလောင်း ကြက်မင်းသာ ကျန်၏။ (ဇာ-ဋ္ဌ-၄၊၅၅)
 
ရုရုမိဂဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်၏ကျေးဇူးမသိခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် မဟာဓနကမည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသော တစ်ဦးတည်းသော သူဌေးသားဖြစ်၏။အိမ်ထောင်ကျပြီးနောက် ပစ္စည်းအားလုံးဆုံးရှုံးကာ အကြွေးပါတင်၏။ ထိုနောက်မိမိကိုယ်ကို သတ်သေရန် ဂင်္ဂါမြစ်ထဲသို့ ခုန်ဆင်း၏။ (ဇာ-ဋ္ဌ-၄၊၂၅၆)
 
မဟာကပိဇာတ်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် မြတ်စွာဘုရားအား လုပ်ကြံရန် အရှင်ဒေ၀ဒတ်က
ကျောက်တုံးဖြင့် လိမ့်ချခြင်းကို အကြောင်းပြု ဟောတော်မူ၏။ အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ပုဏ္ဏားတစ်ယောက်ဖြစ်၏။ တစ်နေ့ ပုဏ္ဏားသည် နွားပျောက်ကာတော၌လိုက်ရှာရင်း ဗိုက်ဆာလာသဖြင့် တည်ပင်ပေါ်ကို တက်ကာ တည်သီးများကို ခူးယူစားသောက်စဉ် ချောက်ကမ်းပါးထဲ ကျသွား၏။။ (ဇာ-ဋ္ဌ-၅၊၆၉)
 
သမ္မောဒမာနဇာတ်
မြတ်စွာဘုရားသည် ကပ္ပိလ၀တ်ပြည် နိဂြောဓါရုံကျောင်း၌ စံပျော်တော်မူစဉ် ခေါင်းခုပုဆိုးကို စွဲ ခိုက်ရန် ဖြစ်ခြင်းကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ငုံးဖြစ်၍ ပိုက်ကွန်မိသောအခါ အချင်းချင်း မညီညွတ်သောကြောင့် မုဆိုး၏ဖမ်းယူခြင်းကို ခံရ၏။ (ဇာ-ဋ္ဌ-၁၊၂၂၄)
 
စန္ဒကိနရီဇာတ်
မြတ်စွာဘုရားသည် ကပ္ပိလ၀တ္ထုပြည် အမှီပြု၍ နိဂြောဓါရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ယသော်မိဖုရားကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဗြဟ္မဒတ်မင်းဖြစ်၏။ တစ်နေ့ ဗြဟ္မဒတ်မင်းသည် ဖန်ရည်စွန်းသော အ၀တ်ကို ၀တ်ကာ မုဆိုးအသွင်ဖြင့် ဟိမ၀န္တာတောသို့ သွားကာ ဘုရားလောင်း ကိနရာတို့မောင်နှံကိုတွေ့ကာ ကိနရီအပေါ်၌ တပ်မက်သဖြင့် ကိနရာကို သေရန် မြားဖြင့် ပစ်၏။ (ဇာ-ဋ္ဌ-၄၊၂၈၂)
 
ဝေသန္တရာဇာတ်
မြတ်စွာဘုရားသည်ကပ္ပိလ၀တ္ထုပြည် နိဂြောဓါရုံကျောင်း၌ စံပျော်တော်မူစဉ် ပေါက္ကရ၀ဿမိုးရွာခြင်းနှင့် ပတ်သက် ဟောတော်မူသည်။အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ဇူဇကာပုဏ္ဏားဖြစ်၏။တစ်နေ့ ဇနီးအတွက်ကျွန်ရရှိရန် သေသန္တရာမင်း၏သားတော်နှင့် သမီးတော်ကို အလှူခံသွား၏။ (ဇာ-ဋ္ဌ-၇၊၂၄၁)
 
နဠကပါနဇာတ်
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် နဠကပါနဇာတ်တော်ကို ကောသလတိုင်း ဒေသစာရီကြွလတ်သော် နဠကပါနရွာသို့ရောက် နဠကပါနရေကန်နား ဆပ်သွားတော်၌ သီတင်းသုံးတော်မူစဉ် ကျူးရိုးတို့ကို အကြောင်းပြု ဟောတော်မူသည်။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ကျူတော ရေကန်၌ ဒကရက္ခိုသ်အမည်ရှိသော ဘီလူးဖြစ်၏။ ဘီလူးသည် ရေ၌သက်ဆင်းကုန်သော သတ္တ၀ါတို့ကို ဖမ်းယူစားသောက်၏။ တစ်နေ့ မျောက်အပေါင်း ရှစ်သောင်းခြံရံသော ဘုရားလောင်းမျောက်မင်းသည် ရေကန်၌ အဆင်းခြေရာသာ တွေ့၏ အတက်ခြေရာမတွေ့ခြင်းကို ထောက်သောအားဖြင့် ဧကန် ဘီလူးရှိ၏ဟု သိ၏။ ဘုရားလောင်းသည် ကျူရိုးကို ယူ ပါရမီတို့ကို ဆင်ခြင်ကာ သစ္စာပြု နူတ်သီးဖြင့်မှုတ်လေကာ ကျူရိုးတို့၏အတွင်း၌ အဆစ်ပျောက် အခေါင်းပေါက်သည် ဖြစ်၏။
(ဇာ-ဋ္ဌ-၁၊၁၈၆)
 
ဝေနသာခဇာတ်
မြတ်စွာဘုရားသည် ဇာတ်တော်ကို ဘဂ္ဂတိုင်း သံသုမာရဂိရိပြည်ကိုမှီ ဘေသကဠာတော၌ သီတင်းသုံးနေတော်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ပိင်္ဂလအမည်ရှိသော ဗာရာဏသီပြည်မင်း၏ ပုရောဟိတ်ဖြစ်၏။ ကြမ်းကြုတ် ရုန့်ရင်း၏။ စည်းစိမ်၌ တပ်မက်သဖြင့် ငါသည် ဗြဟ္မဒတ်မင်းကို အလုံးစုံသော ဇမ္ဗူဒိတ်ကျွန်း၌ မင်းတို့ကို ဖမ်း ယူစေရမူကား ကောင်း၏။ သို့ ဖမ်းယူသည်ရှိသော် ဗြဟ္မဒတ်မင်းသည် ဧကရာဇ်ဖြစ်လတံ့၊ ငါသည်လည်း မြတ်သော ပုရောဟိတ် ဖြစ်လတံ့ ဟု ကြံ၏။ (ဇာ-ဋ္ဌ-၃၊၁၄၆)
 
တိတ္တိရဇာတ်
မြတ်စွာဘုရားသည် ဂိဇ္ဈဂုဋ်တောင်၌ သီတင်းသုံးနေတောမူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ရသေ့ဖြစ် ခါပညာရှိကို သတ်စားပစ်လေ၏။ ထိုနောက် ထိုရသေ့ကို ခါပညာရှိ အဆွေခင်ပွန်သတ်ခြင်းကို ပြန်ခံရ၏။
 
စန္ဒကုမာရဇာတ်
မြတ်စွဘုရားသည် ဂိဇ္ဈကုတ်တောင်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် အဇာတသတ်မင်းကြီးထံအကူအညီတောင်းကာ လေးသမား ၃၂-ယောက်ကို ခေါ်ယူပြီး မြတ်စွာဘုရားအား လုပ်ကြံရန် စေခိုင်း၏။ (ဇာ-ဋ္ဌ-၇၊၇၁)
 
မဟာနာရဒကသပဇာတ်
မြတ်စွာဘုရားသည် ထန်းတော၌ နေတော်မူစဉ် မြတ်စွာဘုရားသည် ဥရုဝေလကသပ၏တပည့်လော၊ ဥရုဝေလကသပသည် မြတ်စွာဘုရား၏တပည့်လောဟု စပ်လျဉ်း ဟောတော်မူပါသည်။
အတိတ်၌ အရှင်ဒေ၀ဒတ်လောင်းသည် ၀ိဒေဟရာဇ်တိုင်း မိထိလာပြည် အင်္ဂတိမင်း၏ အလာတမည်သော အမတ်ဖြစ်၏။ တစ်နေ့ မင်းကြီးကို တိတ္တိတို့ထံ ဆည်းကပ်ရန် အကြံပေး၏။ မင်းကြီးလည်း တိတ္တိတို့ကို ဆည်းကပ်ရာ တိတ္တိသည် အလှူသည် အကျိုးမရှိ၊ မီးရေ လေ ဆင်းရဲ ချမ်းသာ အသက်အစရှိသည်တို့သည် မြဲ၏ဟု ဟောပြော၏။
(ဇာ-ဋ္ဌ-၇၊၁၀၅)
 
မဟာသာရောပမသုတ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီး လာဘ သက္ကာရ သိလောက သီလ သမာဓိ ဥာဏဒသနတို့ပါဝင်သော မဟာသာရောပမသုတ်ကို ဟောတော်မူ၏ (မ၊၁၊၂၅၀)
 
ပုရိသိန္ဒြိယဥာဏသုတ်
မြတ်စွာဘုရားသည် ကောသလ္လတိုင်း ဒဏ္ဍကပ္ပကမည်သော ကောသလ္လမင်းတို့၏နိဂုံး၌ အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ သားမြီးဖျားချွန် စိုက်လောက်ရာမျှ ကုသိုလ်တရားများ မရှိချိန်၌ အရှင်ဒေ၀ဒတ် ငရဲရောက်ရမည်အကြောင်း မကုစားနိုင်ကြောင်း ဟောတော်မူ၏။ (အံ၊၂၊၃၅၃)
 
ဒေ၀ဒတ္တသုတ်
မြတ်စွာဘုရား ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီးတင်းသုံးနေချိန် မိမိကိုယ်ကို သတ်ဖို့ ပျက်စီးဖို့ အရှင်ဒေ၀ဒတ်၏လာဘ သက္ကာရ သိလောက ဖြစ်လာကြောင်း ဥပမာလေးမျိုးပြကာ ဟောတော်မူ၏။
(အံ၊ပ၊၃၈၅)
 
ကကုဓထေရသုတ်
မြတ်စွာဘုရား ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးစဉ် ကကုဓဗြဟ္မာက အရှင်မောဂ္ဂလာန်အား အရှင်ဒေ၀ဒတ်၏ ရဟန်းသံဃာကို ကိုယ့်တပည့်အဖြစ်ဖြင့် ဆောင်ရွက်မည်ဟု အလိုဆိုးစိတ်ဖြစ်သည်နှင့် တပြိုင်နက်ဘဘိညာဉ်တန်ခိုး ဆုတ်ယုတ်နေကြောင်း လျှောက်၏။ အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားအား တစ်ဆင့်လျှောက်သောကြောင့် ဤသုတ်ကို ဟောမူ၏။
(အံ၊၂၊၁၀၈)
ဒေ၀ဒတ္တ၀ိပတ္တိသုတ်
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီး ရဟန်းတွေကို မသူတော်တရား ရှစ်မျိုးကို နှိပ်စက်လွမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော အရှင်ဒေ၀ဒတ်သည် အပါယ်သို့ ကျရောက်ရမည်။ အာယုကပ်ပတ်လုံး ခံရမည်။ ကုစားခြင်းငှာ မတတ်ကောင်းဟု ဟောတော်မူ၏။ (အံ၊၃၊၁၀)
 
ဥတ္တရ၀ိပတ္တိသုတ်
အရှင်ဥတ္တရမထေရ်သည် မဟိသ၀တ္ထုအရပ်၌ အသင်္ခေယျကတောင် ၀ဋ္ဋဇာလိကကျောင်း၌သီတင်းသုံး
တော်မူစဉ်သိကြားမင်းက လျှောက်တော်မူ၏။ အရှင်ဒေ၀ဒတ်သည် မသူတော်တရားရှစ်မျိုးတို့ဖြင့်ကျင့်သုံးနေ
ထိုင်သဖြင့် အပါယ်သို့ ကျမည်အကြောင်းကို ဟောတော်မူ၏။ (အံ၊၃၊၁၃)
 
သီလယူပသုတ်
အရှင်သာရိပုတ္တရာနှင့် အရှင်စန္ဒိကာပုတ္တသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်စန္ဒိကာပုတ္တသည် ရဟန်းတို့ကို မိန့်တော်မူ၏။ အရှင်ဒေ၀ဒတ်သည် စိတ်ဖြင့်တရားပွါးများပြီးသောကြောင့်ဖြစ်မူ ဇာတိ-ကုန်ပြီ မဂ်ကိစ္စပြီးဆုံးပြီဟု သုံးကြိမ်တိုင်တိုင်
မိန့်ဆို့၏။ အရှင်သာရိပုတ္တရာသည် အရှင်စန္ဒိကာပုတ္တမိန့်ဆိုခြင်း ရဟန်းကိစ္စပြီးဆုံးခြင်းကို သုံးကြိမ်တိုင်တိုင်ငြင်းဆိုတော်မူ၏။ (အံ၊၃၊၂၀၃၊၂၀၄)
 
အဘယရာဇကုမာရသုတ်
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အဘယရာဇကုမာရမင်းသားကို အကြောင်းပြု၍ အရှင်ဒေ၀ဒတ်သည် အပါယ်သို့ ရောက်ရမည် ။ တစ်ကမ္ဘာလုံး ငရဲ၌ တည်ရမည်ဟု ဟောကြားခဲ့သည်။ (မ၊၂၊၅၅၊၅၇)
 
ဒေ၀ဒတ္တသုတ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ ကိန်းအောင်းတော်မူစဉ် အရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားထံမှ ဖဲခွါ၍ မကြာမြင့်မီ သဟမ္ပတိဗြဟ္မာက အရှင်ဒေ၀ဒတ်ကို အကြောင်းပြုပြီး
သက္ကာရက စက်ဆုတ်အပ်သောယောက်ျားကို သတ်တတ်ပုံ ဥပမာလေးမျိုးပါသော ဂါထာကို ရွတ်ဆိုသည်။
(သံ၊၁၊၁၅၅)
 
စင်္ကမသုတ်
မြတ်စွာဘုရားသည် ဥာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးတော်မူစဉ် များစွာသော ရဟန်းတို့နှင့် စင်္ကြန်လျှောက်နေသော အရှင်ဒေ၀ဒတ်ကို မြင်သလားဟု ရဟန်းများကို မေးတော်မူပြီး ဤအရှင်ဒေ၀ဒတ်နှင့် ရဟန်းများသည် ယုတ်မာသောအလိုရှိကြကုန်သည်ဟု မိန့်တော်မူ၏။ (သံ၊၁၊၃၆၉)
အစိရပက္ကန္တသုတ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုယ်ကို သတ်ဖို့ ဖျက်ဆီးဖို့ အရှင်ဒေ၀ဒတ်၏လာဘ သက္ကာရ သိလောကဖြစ်လာကြောင်း ဥပမားလေးမျိုးဖြင့် ဟောသည်။ (သံ၊၁၊၄၃၆)
 
ပဉ္စရထသုတ်
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ခွေးကြမ်း၏နှာခေါင်း၌ သည်းခြေဖေါက်ထည့်ခြင်းကြောင့် ပို၍ကြမ်းတမ်းလာသကဲ့သို့ အဇာတသတ်မင်းသားသည် ရထားငါးရာတို့ဖြင့် မနက် ညနေ ဆည်းကပ်ပြီး ထမင်းချက်အိုးငါးရာ ပို့နေသမျှကာလပတ်လုံး အရှင်ဒေ၀ဒတ်၏ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်မတိုးပွါးပုံကို ဟောတော်မူ၏။
(အံ၊၁၊၄၃၆)
သံဃဘေဒကသိက္ခာပုဒ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီးတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် အရှင်ကောကာလိ၊ အရှင်ကဋမောဒကတိဿ၊ အရှင်သမုဒ္ဒတို့အထံကို ချဉ်းကပ်ပြီး စည်းရုံးပြီးနောက် မြတ်စွားဘုရား
၏အထံတော်၌ ၀တ္ထုငါးပါးဖြင့် တောင်းဆိုကာ သံဃာသင်းကွဲအောင် ပြုလုပ်၏။ (၀ိ၊၁၊၂၆၃)
 
ဘေဒနုဝတ္တကသိက္ခာပုဒ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီးတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် သံဃာသင်းကွဲပြားခြင်းငှာ အားထုပ်၏။ ရဟန်းတို့သည် အရှင်ဒေ၀ဒတ်သည် မတရားသည်ကို ပြောဆို၏ဟု ဆိုလတ်သော် အရှင်ကောကာလိ၊ အရှင်ကဋမောဒကတိဿ၊ အရှင်သမုဒ္ဒတို့သည် ထိုရဟန်းတို့ကို ပြန်လည်ချေပကာ ပြောဆိုကြကုန်၏။ (၀ိ၊၁၊၂၆၇)
 
ပရိပါစိတသိက္ခာပုဒ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီးတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် ထုလ္လနန္ဒာရဟန်းမိန်းမ၏ တိုက်တွန်းစီရင်အပ်သော ဆွမ်းကို သိလျက် ဘုန်းပေးသောကြောင့် မြတ်စွာဘုရား ကဲ့ရဲ့၏။
(၀ိ၊၂၊၉၁)
ဂဏဘောဇနသိက္ခာပုဒ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီးတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် လာဘ်ပူဇော်သကာမှ ဆုတ်ယုတ်သည်ဖြစ်၍ ပရိသတ်နှင့်တကွ လူတို့၏အထံ၌ တောင်း၍ တောင်း၍ သုံးဆောင်ရသောကြောင့် လူတို့သည် ကဲ့ရဲ့ပြောဆို ရှုပ်ချကုန်၏။ (၀ိ၊၂၊၉၇)
 
မြတ်စွာဘုရားသည် လူနှင့်တကွသော ပရိသတ်၌ ပါတိမောက်ကို ပြသောကြောင့် မြတ်စွာဘုရားသည် ရဟန်းတို့ လူနှင့်တကွသော ပရိသတ်၌ ပါတိမောက်ကို ပြသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူ၏။
(၀ိ၊၃၊၁၅၅)
ဒေ၀ဒတ္တ၀တ္ထု
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် ဘုရင်အဇာတသတ်မင်းကို သိမ်းသွင်းရန် အကြံဖြစ်ပြီးနောက် ရာဇဂြိုဟ်ပြည်သို့ သွားကာ တန်ခိုးဖြင့် အဇာတသတ်မင်းကို သိမ်းသွင်း၏။ အဇာတသတ်မင်းကို သိမ်းသွင်းပြီးနောက် အရှင်ဒေ၀ဒတ်သည် လာဘ်လာဘ ပေါများလာသဖြင့် ငါသည် ရဟန်းသံဃာကို ဆောင်အံ့ဟု အလိုဆန္ဒဖြစ်သည်နှင့်တပြိုင်နက် တန်ခိုးအဘိညာဉ်တွေ
ပျောက်ကွက်သွား၏။ (၀ိ၊၄၊၃၄၁)
မြတ်စွာဘုရားသည် များသောမင်းပရိသတ် အခြံအရံ၌ တရားဟောတော်မူသောအခါ အရှင်ဒေ၀ဒတ်သည် ထိုင်ရာမှထ၍ မြတ်စွာဘုရားကို အကျွနှုပ်အား ရဟန်းသံဃာကို လွဲအပ်ပါလော့၊ အကျွနှုပ်သည် ရဟန်းသံဃာကို
ဆောင်ပါအံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် အရှင်ဒေ၀ဒတ်အား တံတွေးနှင့်တူသော ပစ္စည်းများကို သုံးစားသော ယုတ်မာသောသူ ဟု အပြောဆိုခံရကာ မြတ်စွာဘုရားအား ရန်ငြိုးဖွဲ့၏။ ထိုနောက် မြတ်စွာဘုရားသည်
အရှင်ဒေ၀ဒတ်ကို ပကာသနီယကံပြု၏။ (၀ိ၊၄၊၃၄၇)
 
အဇာတသတ္တုကုမာရ၀တ္ထု
အရှင်ဒေ၀ဒတ်သည် အဇာတသတ်မင်းထံ ချဉ်းကပ်၍ မင်းသား ရှေ့အခါ လူတို့သည် အသက်ရှည်ကြ
ကုန်၏။ ယခုအခါ လူတို့သည် အသက်တိုကုန်၏။ ဒီအတိုင်းဆိုလျှင် သင်သည် မင်းသားဘ၀နှင့်ပင် သေရကြောင်းရှိ၏ ထိုကြောင့် မင်းသား သင်သည် အဖကို သတ်၍ မင်းပြုလော့၊ ငါသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားပြုမည်ဟု ပြောဆို၏။ ထိုနောက် အဇာတသတ်မင်းသားသည် ဖခမည်းတော်ဘုရင်ကို သတ်ရန်ကြိုးစား၏။
အရှင်ဒေ၀ဒတ်သည်လည်း အဇာတသတ်မင်းသားထံ လေးသမားများကို ခေါ်ယူ၍ မြတ်စွာဘုရားအား လုပ်ကြံခြင်း၊
ဂိဇ္ဈကုဋ်တောင်ရိပ်၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားအား တောင်ထိတ်မှ ကျောက်တုံးလိမ့်ချကာ သွေးစိမ်း
တည်အောင်ပြုခြင်း၊ နာဠာဂိရိမည်သော ဆင်ကြမ်းကြီးကို အရက်မူးအောင်တိုက်ကာ မြတ်စွာဘုရားကို နင်းသတ်စေခြင်း၊ ၀တ္ထု ငါးမျိုးဖြင့် တောင်းဆိုကာ သံဃာသင်းကွဲမှုဖြစ်အောင် အားထုတ်ခြင်း၊ ၀ဇ္ဇီတိုင်းသားရဟန်း
ငယ် ငါးရားတို့ကို ခေါ်ယူ၍ ဂယာသီသအရပ်သို့ ထွက်ခွါသွားခြင်း၊ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် ရဟန်းငယ် ငါးရာတို့ကို ပြည်လည် ခေါ်ယူခြင်း၊အရှင်ဒေ၀ဒတ်သည် သွေးအန်ခြင်း ။
(၀ိ၊၄၊၃၅၀)
 
ဘိန္ဒိသုတ်
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ အရှင်ဒေ၀ဒတ်သည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သံဃာကို သင်းခွဲ၏။ (သံ၊၁ ၄၃၅)
 
သံဃဘေဒသုတ်
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီးတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်လာသော အရှင်အာနန္ဒာကိုမြင်၍ ငါ့ရှင်အာနန္ဒာ ငါသည် ယနေ့မှ အစပြု၍ မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း ၊ အသီးအခြား ခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုအံ့ ဟု ပြောဆို၏။ (ဥဒါန၊၁၄၉) (သံဃဘေဒပရိသက္ကန၀တ္ထု၊ ဓ၊ဋ္ဌ၊၂၊၉၈၊တူ)
 
ဒေ၀ဒတ္တသုတ်
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သော စိတ်ရှိသော အရှင်ဒေ၀ဒတ်သည် အပါယ်၌ ဖြစ်ရ၏။ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။
(ဣတိဝု၊၂၅၃)
 
အရှင်ဒေ၀ဒတ်သည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်ပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊
အရှင်မဟာကဿပတို့သည် အသီးအသီး ပရိသတ်အခြံအရံများစွာရှိ၍ ခေါင်းဆောင်ဖြစ်ကြ၏။ ငါသည်လည်း
ခေါင်းဆောင်လုပ်တော့အံ့ဟု ကြံစည်၏။ (ဒီ၊ဋ္ဌ၁၊၁၂၄)
 
ဒေ၀ဒတ္တ၀တ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်သည် အများသဘောတူဆန္ဒအရ အဖိုးတစ်သိန်းထိုက်သော အ၀တ်ပုဆိုးကိုရ၍ သင်္ကန်းချုပ်ဝတ်ကာ လှည့်လည်သွားလာစဉ် လူအများတို့သည် အရှင်ဒေ၀ဒတ်ကိုမြင်ကာ ဤသင်္ကန်းသည် အရှင်ဒေ၀ဒတ်နှင့်မလျှော် မလျှောက်ပတ်၊ အရှင်သာရိပုတ္တရာနှင့်သာ ထိုက်တန်၏၊ အရှင်ဒေ၀ဒတ်သည် မိမိအား မထိုက်တန်သော အ၀တ်ကို
ဝတ်၍ သွားခဲ့၏ဟု ဆိုကုန်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၄၉)
 
ဇီဝကပဥှဝတ္ထု
အရှင်ဒေ၀ဒတ်သည် အဇာတသတ်မင်းနှင့်ပေါင်း၍ ဂိဇ္ဈကုဋ်တောင်ပေါ်သို့တက်ကာ မြတ်စွာဘုရားကို သတ်အံ့သောငှာ ကျောက်ကို လိမ့်၏။ လိမ့်ကျသောကျောက်သည် တောင်ထွတ်နှစ်ခုတို့သည် ကာကွယ်သော်လည်း
ကျောက်မှထွက်လာသော ကျောက်စလေးသည် မြတ်စွာဘုရာ၏ ခြေမတော်ကို ထိရှကာ သွေးစိမ်းတည်ခဲ့၏။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၂)
 
ကုမာရကဿပမာတုထေရီဝတ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ နေတော်မူစဉ်ကိုယ်ဝန်ရှိသောအမျိုးသမီး တစ်ဦးကို အရှင်
ဒေ၀ဒတ်တို့အထံ၌ ရဟန်းပြု၏။ ရဟန်းမိန်းမတို့သည်လည်း ဤအမျိုးသမီးသည် ကိုယ်ဝန်ရှိမှန်းမသိမူ၍ ရဟန်းပြုပေး၏။ ထိုနောက် ကိုယ်ဝန်သည် ရင့်လာသဖြင့် ပြဿနာကို ဖြေရှင်းရန် အရှင်ဒေ၀ဒတ်ထံသို့ ရောက်၏။
အရှင်ဒေ၀ဒတ်သည် ကိုယ်ဝန်ရှိသော ရဟန်းမိန်းမအား လူထွက်ရန် ဆုံးဖြတ်၏။ (ဓမ္မ၊ဋ္ဌ၊၂၊၉၂)
 
ဒေ၀ဒတ္တပဗ္ဗဇ္ဇပဥှော
မိလိန္ဒမင်းကြီးသည် အရှင်ဒေ၀ဒတ်နှင့်ပတ်သက်၍ မြတ်စွာဘုရားသည် သံဃာသင်ခွဲအောင် ပြုလုပ်မည့် အရှင်ဒေ၀ဒတ်ကို ဘာကြောင့် ရဟန်းပြုဖို့ ခွင့်ပေးသလဲ၊ ဒီလိုလုပ်မှန်း မသိလို့ ခွင့်ပြုပေးလေသလား၊ မြတ်စွာဘုရား
သည် ရိုက်ပုတ်ပြီးမှ ဆီဖြင့်သုတ်လိမ်းယောင်တကား၊ ကမ်းပါးပြတ်၌ တွန်းချပြီးမှ လက်ကမ်းယောင်တကား၊ သတ်ပြီး
မှ အသက်ရှည်ကြောင်းကို ရှာယောင်လေတကား အစရှိသည်ဖြင့် မေးခွန်းများစွာကို မေး၍ အရှင်နာဂသေသည် ပြန်လည်ဖြေကြား ရှင်းလင်းခဲ့၏။ (မိလိန္ဒ၊၁၁၃၊)
 
ဒေ၀ဒတ္တ၀တ္ထု
မြတ်စွာဘုရားသည်ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤ၀တ္ထု၌ သာကီဝင်မင်းသားဖြစ်သော ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ အာနန္ဒ၊ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တမင်းသား၆ယောက်တို့နှင့် ဥပါလိတို့သည် ရဟန်းပြုကြ၏။ ထိုနောက် အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရန် ဇေတ၀န်ကျောင်း
ဇေတ၀န်ရေကန်အနီး၌ မြေမျိုနေစဉ်------
ဣမေဟိ အဋ္ဌီဟိ တမဂ္ဂလံ၊ ဒေ၀ါတိဒေ၀ံ နရဒမ္မသာရထိံ၊
သမန္တစက္ခုံ သတပုညလက္ခဏံ၊ ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ။
(ဇာ၊ဋ္ဌ၊၄၁၆၁)
ဂါထာဖြင့် ရှိခိုးဝန်ချတောင်းပန်ရင်း အ၀ီစိ ငရဲ၌ ကျသွားလေပြီ။ သို့သော်လည်း နှောင်တစ်ချိန် ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်၌ အရှင်ဒေ၀ဒတ်သည် အဋ္ဌိဿရ အမည်ရှိသော ပစ္စေကဗုဒ္ဓါအဖြစ် ထင်ရှားစွာ ပြန်လည်ထွန်တောက် ဖြစ်လာပေဦးမည်။ (ဓမ္မ၊၁၊၊၈၆)
 
(25-12-2019)