မတ်ပဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၇ -
|}}
'''မတ်ပဲ''' ('''''Vigna mungo''''', '''black gram''', '''urad bean''', '''minapa pappu''', '''mungo bean''' သို့မဟုတ် '''black ''matpe'' bean''' ) သည် [[အိန္ဒိယတိုက်ငယ်]]တွင် စိုက်ပျိုးဖြစ်ထွန်းသော [[ပဲ]]တစ်မျိုး ဖြစ်သည်။
 
 
မတ်ပဲစိုက်ပျိုးခြင်း
 
မြန်မာအမည် - မတ်ပဲ
အင်္ဂလိပ်အမည် - Black gram
သိပ္ပံအမည် - Vigna mungo (L ) Heeper
မျိုးရင်း _ Fabaceae
အင်္ဂလိပ်အမည်ကွဲ - Urd, Black Mung, Wolly pyrol
သိပ္ပံအမည်ကွဲ -Phaselous mungo L
ခရိုမိုဇုမ်း Chromozome – (2n =22 , 24)
 
၀တ်မှုန်ကူးခြင်း
 
စိုက်ပျိုးပြီး ( ၄- ၆ ) ပတ်အကြာမှာ ပန်းစတင်ပွင့်သည်။ မပွင့်မီ ညနေဘက်တွင် အငုံအဆင့်နှင့်ပင် ၀တ်မှုန်ရင့်၍ ၀တ်မှုန်ကူးမျိုးအောင်သည်။ လုံး၀ပင်တည်း ၀တ်မှုန်ကူးမျိုးဖြစ်၍ သဘာ၀အတိုင်း လုံး၀ပင်ခြား ၀တ်မှုန်မကူးပေ။မပွင့်အာပဲ မျိုးတည်သောပန်းပွင့် ( ၄၂ ) ရာခိုင်နှုန်းရှိသည်။
 
မြေအမျိုးအစား
 
မတ်ပဲသည် အစေးဓာတ်အတော်အသင့်ပါသည့်မြေမှ စနယ်မြေစေးအထိ ကြိုက်နှစ်သက်၍ နုန်းပါသောသဲမြေ၊ နုန်းမြေ၊ တို့တွင်လည်းဖြစ်ထွန်းပါသည်။ ဆားပေါက်မြေနှင့်ဆပ်ပြာမြေများကို ခံနိုင်စွမ်းမရှိပါ၊ မြေအချဉ်ငံဓာတ် ( ၄.၅ -၇.၅ ) အတွင်းစိုက်သင့်ပါသည်။
 
မိုးရေချိန်
 
မိုးရေချိန် နှစ်စဉ်အနည်းဆုံး ( ၂၁ ) လက်မမှ အများဆုံး ( ၉၇ ) လက်မရွာသောဒေသများ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၆၀၀၀) အထိဒေသများမှာပါ စိုက်ပျိုးနိုင်သည်။ သို့သော်မတ်ပဲ စိုက်ချိန်နှင့် ရိတ်ချိန်ကာလတွင် မိုးရေချိန် ( ၃၅ ) လက်မထက်မပိုသော အခြေအနေတွင်ရှိသင့်ပါသည်။
 
အပူချိန်
 
ပုံမှန်ပျှမ်းမျှအနိမ့်ဆုံး (၇.၈) ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံး (၂၇.၈) ဒီဂရိတ်စင်တီဂရိတ် အတွင်းတွင် ဖြစ်ထွန်းပါသည်။ သို့သော် အပင် ပေါက်ချိန်တွင် (၁၈) ဒီဂရီစင်တီဂရိတ် ထက်မနိမ့်သင့်ပေ။ အပင်သက်တမ်းတစ်လျှောက် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံး ဖြစ်ပါသည်။ မိုးရေချိန်၊ အပူချိန်များအရ မြန်မာနိုင်ငံမြေပြန့်နှင့် အောက်ပိုင်းဒေသအားလုံးတွင် မတ်ပဲကို မိုးနှောင်းနှင့် ဆောင်းဦးတွင်သာ စိုက်ပျိုးပြီး ဆောင်းနှောင်း၊ နွေဦးတွင် ရိတ်သိမ်းရန် အသင့်ဆုံးဖြစ်ပါသည်။
မြန်မာပြည်တွင် ရေဆင်း (၄) မျိုးကဲ့သို့မျိုးများသည် လင်းတာတုံ့ပြန်မှုမရှိသဖြင့် ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်တွင် အပူချိန်မြင့်လွန်းခြင်းနှင့် မိုးများလွန်းခြင်းမရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးပုံနည်းစနစ်များ
 
မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသာ မတ်ပဲအများစုသည် စပါးအပြီးသီးထပ်နေဖြင့် စိုက်ပျိုးကြခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ စပါးသီးနှံရိတ်သိမ်းပြီးပါက ကျန်ရစ်သောမြေတွင်းအစိုဓာတ်ကို အားကိုး၍ စိုက်ရသည်။ စပါးရိတ်သိမ်းချိန် နောက်ကျသော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် အချိန်မီမစိုက်ပျိုးနိုင်ပါက ပွင့်သီးရင့်မှည့်ခါနီးအထိ အစိုဓာတ်လုံလောက်မှသာ အောင်မြင်ဖြစ်ထွန်းနိုင်သည်။
အပူချိန်မြင့်၍ အစိုဓာတ်နည်းပါက လျှင်မြန်စွာ ပန်းပွင့်ပြီး အသီးတင်နည်းတတ်သည်။ တစ်ခါတစ်ရံ အပူချိန်မြင့်ပါက အသီးအတောင့်ဖြစ်သော်လည်း အစေ့အဆံမပါတတ်သည်ကို တွေ့ရတတ်သည်။ ဖြစ်ထွန်းအောင်မြင်သော အသီးတောင့်မှာလည်း အချိန်မမီ၍ အစေ့ပါ၀င်မှုနည်းခြင်း၊ အလုံးသေးခြင်းများ ဖြစ်တတ်သည်။ သို့ဖြစ်ပါ၍ အောက်မြန်မာပြည်တွင် ဒီဇင်ဘာ ( ၁၅ ) ရက်ကို နောက်ဆုံးထားစိုက်သင့်ပါသည်။
အစိုဓာတ်မိမိနှင့် စောစောအပင်ပေါက်ရစေရန် စိုက်ပျိုးပုံစနစ်အမျိုးမျိုးသုံးကြရသည်။
 
၁။ ရေလိုက်ကြဲစနစ်
 
ရေလိုက်ကြဲစနစ်သည် စပါးမရိတ်ခင် စပါးခင်းထဲကြဲပက်စိုက်ပျိုးခြင်းဖြစ်ပါသည်။
ယင်းကဲ့သို့ စိုက်ပျိုးခြင်းအောင်မြင်ရန်အတွက် စပါးစိုက်ခင်းအတွင်းရှိ သမန်းပြင်အခြေအနေသည် တစ်ရက်၊ နှစ်ရက်အတွင်း ရေခမ်းခြောက်မည့်အခြေအနေမှ သမန်ပြင်လုံး၀မတင်းခင် အချိန်ကာလကြားတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။
 
ယင်းအခြေအနေတွင် ရေလိုက်ကြဲရာတွင် မျိုးစေ့ကိုအားထည့်၍ ပေါက်ကြဲရပါသည်။ သို့မှသာ မျိုးစေ့များ သမန်းတွင်းသို့ အနည်းဆုံးအစေ့တစ်၀က်ခန့် နစ်၀င်သွားကာ အစိုဓာတ်လုံလောက်စွာရရှိပြီး အပင်ပေါက်သေချာမည် ဖြစ်ပါသည်။
ပဲကို စပါးအပြီး သီးထပ်အဖြစ်စိုက်ပျိုးမည်ဆိုလျှင် စပါးစိုက်စဉ် မြေခံအဖြစ် တီစူပါနှင့်ပိုတက်ရ်ှထည့်ပေးလျှင် ပဲအထွက်တိုးပါသည်။ အကယ်၍ စပါးစိုက်စဉ် မြေခံအပင်ဖြစ်မထည့်ဖြစ်ပါက အောင်မထုတ်ခင် တီစူပါအိတ်တစ်၀က် ကြိုတင်ကြဲပတ်ထားလျှင် ပဲအထွက်နှုန်းသိသိသာသာ တိုးတက်လာသည်။
သတိပြုရန် အချက်များ
၁။ မျိုးစေ့အရွယ်အစားသေးငယ်သော မျိုးများသည် အစိုဓာတ်ရသလောက်နှင့် အပင်ပေါက်နိုင်သည်။ အဆံပြည့်လွယ်၍ တစ်ကြောင်း၊ သီးတောင့်တွင် အစေ့ပါ၀င်မှုများတတ်၍တစ်ကြောင်း ဦးစားပေးစိုက်သင့်သည်။
၂။ ရေလိုက်ကြဲရာတွင် အပင်ပေါက်ရာနှုန်း ပြည့်ပြည့်၀၀ မရနိုင်ဘဲရှိတတ်ရာ ကိုင်းဖြာထွက်သည့် မျိုးများဖြစ်သော အရပ်မျိုးများကို ဦးစားပေးရွေးချယ်သင့်သည်။
၃။ အထက်တွင်ဖော်ပြထားသည့်အတိုင်း စပါးတွင် တီဆူပါနှင့်ပိုတက်ရှ်ကိုပိုထည့်သင့်သည်။ စပါးအောင်ရေမထုတ်မီ ထည့်လျှင်လည်း မတ်ပဲအတွက်အကျိုးခံစားရနိုင်သည်။
၄။ ယခင်နှစ် မတ်ပဲစိုက်ပျိုးစဉ် Chorosis ( အရွက်များကွက်၍ စိမ်း၊ ဝါ၊ နီညို၊ ခြောက်) လက္ခဏာများ ဖြစ်ပေါ်လာပါက အောင်ရေမထုတ်မီအထိ ကြိုတင်၍ နွားချေး၊ မီးဖိုပြာနှင့် ကျောက်မှုန့်မြေသြဇာ ထည့်ပေးသင့်ပါသည်။
 
၂။ ဓါးခုတ်ဖုံစနစ်
 
စပါးရိတ်ချိန်တွင် ရေများလွန်းသဖြင့် ရေလိုက်ကြဲရန်အခက်အခဲရှိသောအခါ စပါးရိတ်ပြီး၊ ခြေနင်းခံလောက်မည့်အချိန်၊ ပဲစေ့အပင်ပေါက်နိုင်သည့် စိုစွတ်နေချိန်တွင် ရိုးပြတ်ထဲသို့ မတ်ပဲစေ့ကိုကြဲချပြီး ရိုးပြတ်များကို ကိုင်ရမ်းဓါးဖြင့် ခုတ်လှဲဖုံးအုပ်ပေးခြင်းဖြစ်သည်။
ရေလိုက်ကြဲတွင် သတိပြုရမည့် အချက်များအတိုင်း လိုက်နာသင့်ပါသည်။ ရေလိုက်ကြဲခြင်းဖြစ်စေ၊ ဓါးခုတ်ဖုံးခြင်းဖြစ်စေ မတ်ပဲမျိုးစေ့နှုန်းကို အနည်းငယ်ပိုသုံးရပါသည်။ တစ်ဧကမျိုးစေ့ ( ၈ - ၁၀ ) ပြည်နှုန်းဟု စိုက်ပျိုးရေးသုတေသနဌာနမှ တင်ပြထားသော်လည်း၊ ဒေသခံ၀ယ်ယူရသောမျိုးများဖြစ်လျင်၊ ( ၁၂ ) ပြည်ထက်မနည်းကြဲသင့်သည်။
အသေအပျောက် နှင့် အနင်းခံရ၍ ပျက်စီးမှုကို ကာကွယ်နိုင်ရန် အချို့ဒေသများတွင် ( ၁၄ - ၁၆ ) ပြည် နှုန်းကြဲကြသည်။ ဆောင်းဦးစိုက်သီးနှံများတွင် အထွက်နှုန်းကို ထောက်ကူမှုအပေးနိုင်ဆုံးမှာ အပင်ဦးရေသာဖြစ်၍ အပင်ဦးရေ များများရရှိရန် အရေးကြီးပါသည်။
 
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
 
== ကိုးကား ==