"တိုက်ကြီးမြို့" ၏ တည်းဖြတ်မှု မူကွဲများ

၁၀၆၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ လ
extra info
အရေးမကြီး
(extra info)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
}}
 
'''တိုက်ကြီးမြို့'''သည် [[ရန်ကုန်မြို့]]၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အင်းစိန်ခရိုင် တိုက်ကြီးနယ်နှင့် တိုက်ကြီးမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်တွင် တည်ရှိ‌သောမြို့ ဖြစ်သည်။ ရန်ကုန်မြို့မှ အ‌နောက်‌မြောက်ဘက်သို့ ရထားလမ်းဖြင့် ၄၂ မိုင်မျှကွာ‌ဝေးသည်။ မြို့အ‌နေအထားမှာ မကြီးလှ‌သော်လည်း နယ်ကျယ်၍ လမ်းဆုံ‌ဒေသဖြစ်‌သော‌ကြောင့် အ‌ရောင်းအဝယ် စည်ကားသည်။ ရန်ကုန်မြို့ကို ‌ရေပေး‌သော ဂျိုးဖြူသို့ တိုက်ကြီးမှကားလမ်း ‌ဖောက်ထားသည်။ တိုက်ကြီးနယ်တွင် တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ပါဝင်ကြ၏။ တိုက်ကြီးမြို့ လူဦး‌ရေမှာ ၂၀၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၂၇၇,၁၆၅ ‌ယောက် ရှိ‌လေသည်။ရှိ‌လေသည်။တိုက်ကြီးမြို့နယ်တွင် တိုက်ကြီးမြို့ ဥက္ကံမြို့ အဖျောက်မြို့တို့ပါဝင်သည်။ တိုက်ကြီးမြို့အား ရပ်ကွက်၈ခုဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ အင်္ဂလားရပ်ကွက် ဘူတာရပ်ကွက် ဈေးရပ်ကွက် ဥပ္ပုံစုရပ်ကွက် မင်္ဂလာရပ်ကွက် အိုးတန်းရပ်ကွက် ရှမ်းစုရပ်ကွက် ဗောဓိကုန်းရပ်ကွက် တို့ဖြစ်ကြသည်။ တိုက်ကြီးမြို့တွင် အထက-တိုက်ကြီးမြို့နှင့် အထက(မြို့မ)-တိုက်ကြီးမြို့ဟူ၍ အထက်တန်းကျောင်းနှစ်ခုရှိသည်။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)</ref>
 
==ကိုးကား==
အမည်မသိ အသုံးပြုသူ