သထုံမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၃ -
 
== သမိုင်းကြောင်း ==
သထုံမြို့သည် ရှေးပဝေဏီအခါက မထင်ရှားသော တံငါရွာ ကလေးများသာဖြစ်သည်။ ထိုစဉ်က လဝလူမျိုးများ နေထိုင်ကြသည်ဟုဆို သည်။ နောင်အခါ မွန်လူမျိုး၊ ပအိုဝ်းလူမျိုးတို့လည်း လာရောက်နေထိုင်ကြသည်။ ပင်လယ်ကမ်းနားတွင် တည်ရှိသည်ဖြင့် အိန္ဒိယတောင်ပိုင်းနိုင်ငံများနှင့် ပင်လယ်ခရီးဖြင့် ဆက်ဆံမှုရှိသဖြင့် သထုံသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာပြီးလျှင် မြို့ပြဖြစ်လာလေသည်။ အချို့ သမိုင်းဆရာတို့၏အဆိုမှာ သထုံသည် မွန်လူမျိုးတို့၏ပအို၀်းလူမျိုးတို့၏ ရှေးဦးစွာ တည်ထောင်သောမြို့ဖြစ်၍ မြတ်စွာဘုရား၏ ဘိုးတော်အဉ္စနမင်းကြီး ဖြိုကြွင်းသော သက္ကရာဇ် ၉၄ ခုနှစ်တွင် တည်ထောင်သည်ဟု ဆိုလေသည်။
 
တစတစနှင့် သထုံသည် မင်းနေပြည်တော်ဖြစ်လာ၍ မင်းပအိုဝ်းမင်း ၅၉ ဆက် စိုးစံခဲ့သည်ဟုဆိုသည်။ သထုံကို မင်းနေပြည်တော်ပြု၍ ပထမဆုံး စိုးစံခဲ့သောမင်းသည် သီဟရာဇာဖြစ်လေသည်။ မင်းနေပြည်တော် ဖြစ်လာသည်အထိ ရှေးခေတ်သထုံတိုးတက်လာရခြင်း၏ အကြောင်းရင်း အထောက်အခံများရှိပေသည်။ မြို့၏နောက်ခံတောင်တန်း၏ အရှေ့ဘက်တွင် သံလွင် နှင့် ဒုံသမိမြစ်ဝှမ်းကိုသို့ သွားရောက်နိုင်သော လမ်းပေါက်များရှိသည်။ ယင်းတို့သည်ယခု ဒုံဝန်း၊ ကင်ပွန်းခြုံ၊ သိမ်ဆိပ်ရွာများရှိရာ အရှေ့ဘက်သို့သွားသောလမ်းများနှင့် သထုံအရှေ့ဘက်ရှိ ဈေးမသွယ်နှင့် ဒူးရင်းဆိပ်သို့ပေါက်သော ဘင်လှိုင်တောင်ကြားလမ်း တို့ဖြစ်သည်။ တောင်ဘက်၌လည်း ဝင်းစိန်ရွာ၏အရှေ့ဘက်၌ တောင်ကြားလမ်းရှိသေးသည်။ တောင်တန်းတစ်လျှောက်၌လည်း တောင်ပေါ်ဖြတ် လူသွားလမ်းများရှိလေသည်။
 
အဆိုပါ လမ်းပေါက်များရှိသဖြင့် ရှေးခေတ်သထုံတည်နေရာသည် သံလွင်မြစ်ဝှမ်းနှင့်အဆက်အသွယ်ရခြင်း၊ သံလွင်မြစ်ဝှမ်းမှ ထွက်ကုန် အထူးသဖြင့် ဆန်စပါးကို အားထားနိုင်ခြင်း၊ ထိုစဉ်က ကမ်းရိုးတန်းလွင်ပြင်သည် ကျဉ်းမြောင်း၍ ယခုကဲ့သို့ ဆန်ရေစပါး မပေါသေးသော်လည်း ဝင်းစိန်မြေပြန့်မှ ဆန်စပါးရနိုင်ခြင်း၊ ပင်လယ်ကိုမျက်နှာမူထားသော မြို့ဖြစ်သဖြင့်
စာကြောင်း ၆၂ -
ရှေးသထုံပြည်၏ မြို့တော်နေရာသည် ယခုခေတ် သထုံမြို့တည်ရာအရပ်ပင်ဖြစ်ကြောင်း သုတေသနအထောက်အထားများအရ သိရပေသည်။ အချို့သမိုင်းဆရာများကမူ ပါဠိဘာသာဖြင့် ပါဋ္ဌ မုတ္တိက နဂရခေါ် ကေလာသတောင်ခြေရင်းရှိ အရက်သည်မရွာနေရာဖြစ်သည့် တိုက်ကုလားမြို့ဟောင်းသည် ရှေးသထုံမြို့တည်ရာဟု ဆိုပြန်သည်။ အချို့ကလည်း သာသနာသက္ကရာဇ် ၁၃၇ ခုနှစ်တွင် သထုံပြည်ကို ရေလွှမ်းမိုး၍ ပျက်သည်နှင့် သက္ကရာဇ် ၁၄၄ ခုနှစ်တွင် သထုံမြို့ဟောင်းတောင်ဘက် ကေလာသတောင်အနီးတွင် မြို့သစ်တည်ရသည်။ မင်းဆယ်ဆက် စိုးစံပြီးမှ မြို့ဟောင်းသို့ပြန်ပြောင်းရသည်ဟု ဆိုပြန်လေသည်။
 
မည်သို့ပင်ဖြစ်စေ ရှေးခေတ်သထုံနှင့် ယခုခေတ်သည် မြေမျက်နှာသွင်ပြင် အနေအထားအားဖြင့် ခြားနားနေလေပြီ။ ရှေးခေတ်သထုံသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ပင်လယ်ရေပြင်သည် ယခုမုတ္တမတောင်တန်း ၏ အနောက်ဘက်ရှိ စိုက်ပျိုးဖြစ်ထွန်းသော မြေနိမ့်လွင်ပြင်ဒေသများကို ဖုံးလွှမ်းနေခဲ့သည်။ ယခု အရက်သည်မရွာတည်ရှိသော ကေလာသတောင်ခြေရင်းသို့တိုင်အောင် ပင်လယ်ရေရောက်ခဲ့သည်။ ထို့ကြောင့် အရက်သည်မရွာနှင့် သထုံမြို့မြေကြီးထဲမှ မင်းတုပ်သံချောင်းများ၊ ကျောက်ဆူးများ စသည့် နိုင်ငံခြားသင်္ဘောပစ္စည်းများဟု ယူဆရသော ပစ္စည်းအတိုအစများကို တူးဖော် ရရှိသည်။ နှစ်ကာလကြာမြင့်လေသော် ပင်လယ်ရေသည် တစ်ရွေ့ရွေ့ဆုတ်သွားတော့သဖြင့် အရက်သည်မရွာသည် ကုန်းခေါင်ခေါင်ဖြစ်သွားခဲ့သည်။ သထုံပြည်ကို အနော်ရထာတိုက်စဉ်ကပင် ယင်းသည် ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်တော့ချေ။ စစ်တောင်းမြစ်ဝတွင် သဲသောင်ပေါ်ထွန်း၍ ပင်လယ်ကမ်းခြေ ဆုတ်သွားသည်နှင့် သင်္ဘောဆိပ်အဖြစ် အသုံးမကျတော့ခြင်း ဖြစ်ပေသည်။ သထုံပြည်၏ နောက်ဆုံးမင်းသည် ပအိုဝ်း-မွန်ကပြား မနုဟာမင်းဖြစ်သည်။ အချို့ မွန်ကျောက်စာတို့၌ မကုဋမင်းဟုလည်းခေါ်သည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်း လာရောက်တိုက်ခိုက်သဖြင့် မနူဟာမင်းလည်း ပုဂံပြည်သို့ ပါသွားပြီးလျှင် သထုံပြည်လည်း ပျက်လေသည်။
 
အနော်ရထာမင်း သထုံပြည်သို့ ချီတက်တိုက်ခိုက်စဉ် အချိန်ကာလ၌ သထုံသည် သင်္ဘောဆိပ်ကမ်း မဟုတ်တော့ချေ။ သို့တိုင်အောင် ရန်သူတို့ ရုတ်တရက် ချဉ်းကပ်တိုက်ခိုက်ရန် မလွယ်ကူဘဲ မြို့အနေအထား ကောင်းမွန်ပေသည်။ သုတေသနပြုချက်များအရ သထုံမြို့တော်ဟောင်းသည် အရှေ့ဘက်၌ မတ်စောက်မြင့်မားသော ပေ ၇ဝဝ ကျော်ရှိသည့် တောင်တန်းများက ကာကွယ်ထားသည်။ အနောက်ဘက်၌ ပင်လယ်ရှိသည့်အပြင် ဒီရေရောက်သော ရေဖုံးသော ရွှံ့ပြင်များရှိသည်။ မြောက်ဖက်၌လည်း မြို့ရိုးလေးထပ် ခံတပ်ကြီးတစ်ထပ်ဖြင့် ကာကွယ်ထားသည်။ တောင်ဖက်၌ မြို့ရိုးနှစ်ထပ်အပြင် ခံတပ်တစ်ခု၊ ဘင်လှိုင်တောင်ကြားလမ်းကို တောင်ဘက်မှခံတပ်တစ်ခု၊ သို့ဖြင့် ခံတပ်နှစ်ခုဖြင့် ထိန်းထားခဲ့သည်။ သို့သော် ဆန်ရေစပါးပေါများသော သံလွင်မြစ်ဝှမ်းနှင့် ဝင်းစိန်မြေပြန့်ကို မြန်မာတို့ စီးမိထားပြီးလျှင် သထုံကို စားနပ်ရိက္ခာပြတ်လပ်စေကာ ဘင်လှိုင်တောင်ကြားလမ်းမှ မြန်မာတို့ သထုံမြို့တွင်းသို့ဝင်ရောက်၍ မြို့ကို စီးနင်းနိုင်ခဲ့သည်ဟု ယူဆရလေသည်။