ယူနီကုဒ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 2001:E68:5425:9C6C:6570:492:6703:536 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို NayiMuu ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၆၅ -
|}
 
== နေရာဆက်ပုံ (mapping) နှင့် သိမ်းဆည်းပုံ (encoding) ==
သိမ်းဆည်းပုံ (encoding) ==
 
များစွာသော ယူနီကုဒ် သွင်းရေးအတွက် နည်းစဉ်များကို သက်မှတ်ရာမှာ မည်သည့် နည်းစဉ်ကို အသုံးပြုမည်ကို ဆုံးဖြတ်တာတွင် စာခွက် အသုံးပြုမှုနည်းခြင်း၊ [[source code]] ကိုက်ညီခြင်း နှင့် ရှိပြီး စနစ်များနှင် ကိုက်ညီခြင်း တို့အပေါ် မူတည်သည်။
Line ၁၉၂ ⟶ ၁၉၁:
စာဘာသာ များစွာတို့တွင် တချို့သော စာလုံးများ ပေါင်းပြရန် အထူး စာပုံဖေါ်စနစ် လမ်းစဉ် (orthographic rule) ရှိသည်။ ထိုစာပုံဖေါ်စနစ် လမ်းစဉ် သည် အဆင့်မြင့် စာဘာသာ-ပုံဖေါ်စနစ် (special script-shaping) နည်းပညာ လိုအပ်အောင် အလွန်ပင် ရှုပ်ထွေးနိုင်သည်။ အဆင့်မြင့် စာဘာသာ-ပုံဖေါ်စနစ် များမှာ ၁၉၈၀ ခုက DecoType ပြုလုပ်သော [[အာရပ်ဘာသာ]] အတွက် Arabic Calligraphic Engine (ACE) စနစ်၊ [[Adobe]] နှင့် [[Microsoft]] တို့ ပြုလုပ်သော [[OpenType]] စနစ်၊ [[SIL International]] မှ [[Graphite]] စနစ် [[Apple]] မှ [[AAT]] စနစ် တို့ ဖြစ်ကြသည်။ မြန်မာ ဖောင့်များ ဖြစ်သော [[ပိတောက်ဖောင့်]] သည် Graphite စနစ်အား လည်းကောင်း၊ [[ပုရပိုက်ဖောင့်]] [[myanmar3]] နှင့် [[ဇော်ဂျီဖောင့်]] [[OpenType]] စနစ်အား လည်းကောင်း သုံးသည်။ ဖောင့်ထဲတွင် [[operating system]] အား စာလုံးစဉ်များကို မည်သို့ ပုံဖေါ်ရမည်ကို ညွှန်ကြားချက်များ ပါရှိသည်။ ထို့အတွက် ရှင်းလင်းသော အဖြေမှာ နေရာမယူသော ပေါင်းစပ် သင်္ကေတ ကို ဘယ်ဖက် သို့မဟုတ် ညာဖက်သို့ ထား၍ ပြသရန် ဖြစ်သည်။ ပေါင်းစပ် သင်္ကေတ ကို ထိုသို့ထားခြင်းဖြင့် ရှေ့မှလာသော စာလုံးကို ပြသစေသော်လည်း မူရင်း စာလုံး၏ အကွာအဝေး နှင့် အမြင့်ကို မပြောင်းလဲနိုင်ပေ။ ထိုနည်းသည် အမှန် အထက်ဆင့်ခြင်းကို မရရှိနိုင်သော်လည်း တော်တော်လေး တုပနိုင်သည်။ [[မြန်မာ ယူနီကုဒ်]] သည်လည်း ထို အထက်ဆင့်ခြင်းနည်းကို အသုံးပြုထားသည်။ များသောအားဖြင့် ထိုနည်းစဉ်သည် [[အကွာအဝေး မပြောင်းသော ဖောင့်]] (monospaced font) များသာ ကောင်းစွာသုံးနိုင်ပြီး ခက်ခဲသောနည်းများ မရသည့်အခါ နောက်ဆုံးအဆင့် သုံးရန်ဖြစ်သည်။
 
== ယူနီကုဒ် အသုံးပြုပုံ ==
=== ကွန်ပျူတာ လည်ပတ်ရေးစနစ် ===
 
Line ၂၁၂ ⟶ ၂၁၀:
=== ဒဿနနှင့် ပြည့်စုံမှု ဝေဖန်ချက် ===
[[ဟန်ပေါင်းခြင်း]] (Han unification) ([[အရှေ့ အာရှ]] ဘာသာ သုံးခု အနက် မည်သည့် စနစ်ကို ရွေးချယ်ခြင်း) မှာ ယူနီကုဒ်၏ အဓိက ပြောဆိုရာ ဝေဖန်ချက် ဖြစ်သည်။ ထိုဒေသ သုံးခုလုံးတွင် ယူနီကုဒ် လမ်းစဉ် အကြံပြု [[Ideographic Rapporteur Group]] အဖြစ် ရပ်တည်သော ပညာရှင် အမြောက်အများရှိသောလဲ ပြဿနာ မဆုံးနိုင်ပေ။
 
ယူနီကုဒ်သည် ရှေး နှင့် ပုံပြောင်း [[ခန်းဂျီး]]စာ မပါဝင်မှုအတွက် ရှုံ့ချကြသည်။ ဝေဖန်ချက်မှာ ဂျပန်၏ ရုံးသုံး ပညာရေးသုံး ဖြစ်သောလည်း ရှေးဂျပန်စာ နှင့် အသုံးနည်း ဂျပန် နာမည် များကို ပြုလုပ်ဖော်ပြရန် ခက်ခဲသည်။ ထို့အပြင် ထိုစာလုံးများမှာ အရင်စနစ်များတွင်လည်း ပါရှိပြီးဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား စာလုံးပုံစံ မတူခြင်းကြောင့် ဟန်ပေါင်းခြင်း ကို သဘောမတူဖြစ်ပြီး အခြား နည်းခွဲ သိမ်းဆည်းပုံ အသစ်ပြုလုပ်ရန် မျိုးစုံ ကြိုးစားခဲ့ကြပြီး ဖြစ်သည်။ ထိုအထဲတွင် [[TRON]] နှင့် [[UTF-2000]] တို့ဖြစ်သည်။
 
အရင် ယူနီကုဒ်တွင် အသုံးများသော ဟန်စာလုံး ၂၁ ၀၀၀ ခန့်သာပါရှိသော်လည်း ယခု ယူနီကုဒ်တွင် ဟန်စာလုံး ၇၀ ၀၀၀ ထက်မကပါပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား နှင့် ဗွီရပ်န် စာလုံးများ ဆက်လက် ထည့်သွင်းလျက်ရှိသည်။
 
=== ပေါင်းစပ် စာလုံးများ ===
 
စာလုံးဆင့်များ ဖေါ်ပြရာတွင် ပေါင်းစပ် သင်္ကေတပြ၍ စာလုံးများပေါင်းခြင်း သို့မဟုတ် တစ်လုံးတည်း လည်း ဖော်ပြနိုင်သည်။ ဥပမာ သံရှည် သင်္ကေတ နင့် သံဆောင့် သင်္ကေတ တို့ပေါင်းထားသော ḗ ကို သံရှည် သင်္ကေတ၊ သံဆောင့် သင်္ကေတ၊ e သင်္ကေတ ဖြင့်လည်းကောင်း ဖေါ်ပြနိုင်သောလည်း လက်တွေ့တွင် ပုံ မတူပေ။ ထိုပြဿနာများကို ပြေလည်ရန် အသင့်ပေါင်းပြီး စာလုံးပုံ သုံး၍ရနိုင်သည်။ သို့သော် အသင့်ပေါင်းပြီး စာလုံးပုံ မရှိသော [[မြန်မာ ယူနီကုဒ်]] စာလုံးဆင့်များ ကိုမူ [[Graphite]]၊ [[OpenType]] သို့မဟုတ် [[AAT]] ကဲ့သို့ အဆင့်မြင့် စာလုံးပုံဖေါ်နည်းများ အသုံးပြုရန်လို့အပ်သည်။