ရော်ဒရီဂို ဒူတာတေး: တည်းဖြတ်မှု မူကွဲများ

Removing Rodrigo_Duterte_and_children_at_inauguration_ceremony_6.30.16.jpg, it has been deleted from Commons by Jameslwoodward because: per [[:c:Commo
စာကြောင်း ၁၃၃ -
၂၀၁၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ၂၄ နာရီ တိုင်ကြားစာလက်ခံရေး ဟော့လိုင်းဖုန်း ၈၈၈၈ ကို ကြေညာကာ နိုင်ငံ၏ အရေးပေါ်ဖုန်းနံပတ်ကို ၁-၁-၇ မှ ဒါဗိုမြို့တွင် ပထမဆုံး သတ်မှတ်ခဲ့သည့် ၉-၁-၁သို့ ပြောင်းလဲခဲ့သည်။ ဩဂုတ် ၇ ရက်နေ့တွင် ဒူတာဒေးက သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏ အုတ်ဂူကို သူရဲကောင်းဗိမ္မာန်သို့ ပြောင်းခွင့်ပေးခဲ့သည်။
မားကို့စ်မှာ သူ၏ သမ္မတနှင့်စစ်သား အရည်အချင်းများကြောင့် ထိုနေရာတွင် မြှပ်နှံရန် ပြည့်စုံကြောင်းဆိုသည်။
 
[[File:President Rodrigo Duterte tends to the wounded victims of the Roxas night market bombing 03.jpg|thumb|၂၀၁၆ စက်တင်ဘာက ဒါဗိုဗုံးကွဲမှုအတွင်း ဒဏ်ရာရသူများကို သွားရောက်တွေ့ဆုံစဉ်]]
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဒါဗိုမြို့ ဗုံးကွဲမှုတွင် လူ ၁၄ ဦးသေဆုံးခဲ့သည်။ ၂၀၁၆ ဒီဇင်ဘာလတွင် [[:en:Forbes|Forbes]]မဂ္ဂဇင်း၏ ကမ္ဘာ့အာဏာအရှိဆုံးလူစာရင်းတွင် ဒူတာဒေးက အဆင့် ၇၀ ရှိခဲ့သည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဒူတာဒေးက ၁၉၈၇ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းခြင်းကို လက်မှတ်ရေးထိုးခဲ့သည်။ မေ ၁၆ ၂၀၁၇ တွင် အများဆိုင်နေရာများ၌ ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ရန် တွန်းအားပေး လက်မှတ်ထိုးခဲ့သည်။