ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

→‎နိုင်ငံခြား ဆက်သွယ်ရေး: စာသားပြင်၊ ပို​နေထပ်​နေ​သော စာကို ဖျက်ထုတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၂၂ -
== ဘဝနိဂုံး ==
[[File:Kinwun Mingyi's residence.jpg|thumb|ကင်းဝန်မင်းကြီး စံအိမ်တော် ၁၉၀၃ ခုနှစ်]]
အင်္ဂလိပ်တပ်များ ချီတက်လာစဉ်တွင် သိီပေါမင်းကိုယ်တိုင်ကသီပေါမင်းကိုယ်တိုင်က လွတ်ရာလွတ်ကြောင်း မရှောင်လိုဟု ဆိုသည့်အပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံပေးမည်ဖြစ်ကြောင်း၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့် အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ချီတက်လာစဉ်တွင် ဟန့်တားတိုက်ခိုက်မှုမရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
 
ဤသို့အားဖြင့် အားမတန်မာန်လျှော့ကာ အညံ့ခံခြင်းသာဖြစ်သည်။ ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အနိစ္စမရောက်မီ တွေ့မြင်ခဲ့သူတစ်ဦးက ကင်းဝန်မင်းကြီး၏ တည်ငြိမ်ပုံ၊ ထက်မြက်ပုံ၊ ယဉ်ကျေးသိမ်မွေ့ပုံ၊ ဗဟုသုတ များပုံတို့ကို ချီးကျူးရေးသားထားသည်။