သုံးပြည်ထောင်ခေတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆၅ -
}}
{{History of China|BC=1}}
'''သုံးပြည်ထောင်ခေတ်''' ({{zh|s={{linktext|三国时代}}|t={{linktext|三國時代}}|p=Sānguó Shídài}}) သည် အေဒီ ၂၂၀ မှ အေဒီ၂၈၀အထိ တရုတ်ပြည်ကြီးတွင် '''ဝေ''' (Wei),''' ရှူ'''(Shu), '''ဝူ'''(Wu) ဟူ၍ အဓိကနယ်မြေသုံးပိုင်း တစ်နည်း နိုင်ငံသုံးခုကွဲထွက်ကာ အသီးသီးအုပ်စိုးမင်းလုပ်ခဲ့သော အချိန်ကာလတစ်ခုဖြစ်သည်။{{sfnp|Theobald|2000}} [[ဟန်မင်းဆက်]](Han Dynasty) ပြိုကွဲသောအချိန်မှစတင်ကာ '''ကျင့်မင်းဆက်''' (Jin Dynasty) စတင်ထူထောင်သောအချိန်ကာလအပိုင်းအခြားထိဖြစ်သည်။ သုံးပြည်ထောင် (သို့) နိုင်ငံသုံးခု (Three Kingdoms) ဆိုသည့် ဝေါဟာရမှာ ဆီလျှော်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ပြည်ထောင်တစ်ခုခြင်းစီကို ဘုရင်တစ်ပါးစီက (King) အုပ်ချုပ်မင်းလုပ်ခြင်းမျိုးမဟုတ်ပဲ တရုတ်ပြည်တစ်ပြည်လုံးကို အင်ပါယာဘုရင်(Emperor) ဆိုသော အမည်နာမကိုသုံးစွဲ၍သာ အုပ်စိုးခြယ်လှယ်ခဲ့သောကြောင့်ဖြစ်သည်။ <ref>{{cite book|last1=Tanner|first1=Harold Miles|title=China: A History|date=13 March 2009|publisher=[[Hackett Publishing Company|Hackett Publishing]]|location=[[Indianapolis, Indiana]]|isbn=978-0872209152|pages=141–142}}</ref> မည်သို့ပင်ဖြစ်စေ ဤ''သုံးပြည်ထောင်'' (Three Kingdoms) ဝေါဟာရကား တရုတ်နိုင်ငံနှင့်ပတ်သတ်သော အင်္ဂလိပ်စကားသုံးပညာရှင်များကြား၌ စံတစ်ခုအဖြစ်သုံးစွဲခဲ့ကြလေသည်။ တစ်ခြားသော တရုတ်ပြည်သမိုင်းများတွင် အမည်တူပြည်ထောင်များနှင့် ရောထွေးမှုမရှိစေရန် သမိုင်းပညာရှင်များက ဝေပြည်ထောင်အား ချောင်းဝေ(Cao Wei {{lang|zh- hant|曹魏}}){{sfnp|Ward|2008|p=15}}{{sfnp|San|2014|p=145}}၊ ရှူပြည်ထောင်ကို ရှူဟန် (Shu Han {{lang|zh- hant|蜀漢}}) (သို့) ရှူ၊ရှူ ({{lang|zh-hant|蜀}})၊ ဝူပြည်ထောင်ကို အရှေ့ဝူ (Eastern Wu - {{zh|t=東吳; |p=Dōng Wú|labels=no}}) (သို့) စွန်းဝူ (Sun Wu {{lang|zh- hant|孫吳}}) စသဖြင့် ဆီလျှော်ရာ ဝိသေသများပေါင်းထည့်ခေါ်ဝေါ်ခဲ့ကြသည်။ ယေဘူယျသဘောတရားအနေဖြင့် သုံးပြည်ထောင်ခေတ်ကာလသည် ဝေပြည်ထောင် (အေဒီ ၂၂၀) စတည်ထောင်ချိန်မှသည် ဝူပြည်ထောင်ကို ကျင့်မင်းဆက်တိုက်ခိုက်အနိုင်ယူသည့် နှစ် (အေဒီ ၂၈၀) ထိဖြစ်သည်။ အေဒီ ၁၈၄ မှ ၂၂၀ အစောပိုင်းကာလသည် ဤသုံးပြည်ထောင်ခေတ်တွင် အကြုံးမဝင်သောကာလဖြစ်ပြီး ဖြစ်ချင်သလိုဖြစ်ကာ မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်နေသော ကာလတစ်ခုလည်းဖြစ်သည်။ ၂၂၀-၂၆၀ ကာလသည်ဝေ၊ရှူ၊ဝူကာလသည်ဝေ၊ ရှူ၊ ဝူ သုံးအုပ်စု၏ စစ်ရေးစစ်ရာတည်ငြိမ်အောင်ကြိုးပမ်းသော ကာလဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ ထိုမှ နှောင်းပိုင်းကာလမှာ ရှူကို ဝေမှ တိုက်ခိုက်အနိုင်ပိုင်းခြင်း၊ ကျင့်မင်းဆက်မှ ဝေနန်းဆက်ကိုဖြုတ်ချခြင်း၊ ထို့နောက် ဝူ ကို ကျူးကျော်သိမ်းပိုက်ခြင်းများပါဝင်သည်။
 
သုံးပြည်ထောင်ခေတ်သည် တရုတ်ပြည်သမိုင်းတွင် သွေးမြေအကျဆုံးသောခေတ်များအနက်တစ်ခုပင်။ သုံးပြည်ထောင်စလုံးကို ကျင့်မင်းဆက်မှ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြုလုပ်အပြီး အေဒီ ၂၈၀ သန်းခေါင်စာရင်းများအရ အိမ်ထောင်စု (၂.၄) သန်းကျော်၊ လူဦးရေ (၁၆) သန်းကျော်ပြထားရာ ထိုအရေအတွက်မှာ ဟန်မင်းဆက် သန်းခေါင်စာရင်း ( အိမ်ထောင်စု (၁၀) သန်းကျော်၊ လူဦးရေ (၅၆) သန်းကျော်) ၏ အစိတ်အပိုင်းသာဖြစ်လေသည်။<ref>Nicola Di Cosmo and Robin D. S. Yates. Military Culture in Imperial China. Harvard University Press. {{ISBN|978-0674031098}}.</ref> ကျင့်မင်းဆက်၏ လူဦးရေစာရင်းမှာ အကြောင်းအချက်ပေါင်းများစွာကြောင့် တိကျမှုမရှိနိုင်သော်လည်း အေဒီ၂၈၀တွင် ၎င်းတို့တတ်နိုင်သမျှ လူဦးရေကောက်ယူရန် အမှန်တကယ်ကြိုးပမ်းခဲ့ကြသည်။ <ref>Hans Bielenstein. Chinese historical demography A.D. 2-1982. Östasiatiska museet. p 17</ref>