ကုန်းဘောင်ခေတ်: တည်းဖြတ်မှု မူကွဲများ

→‎မင်းဆက်များ: အတိုကောက် ကဗျာ ထည့်သွင်းခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၆၃ -
}}
 
'''ကုန်းဘောင်ခေတ်'''သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေး ရခဲ့သည့်ခေတ်လည်းအခွင့်အရေးရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဖက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် [[အိန္ဒိယ]]နှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။) တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ([[ကနောင်မင်းသား]] အပါအဝင်) ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွတ်သွင်းခံခဲ့ရတော့သည်။
 
[[ဘကြီးတော်]]ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် [[ပထမ အင်္ဂလိပ် - မြန်မာစစ်]] (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့အရှေ့အိန္ဒိယကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး [[မဟာဗန္ဓုလ]]မှာ ထင်ရှားခဲ့သည်။ [[ပုဂံမင်း]]လက်ထက်တွင် [[ဒုတိယ အင်္ဂလိပ် - မြန်မာစစ်]] ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် [[တတိယ အင်္ဂလိပ် - မြန်မာစစ်]] ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် [[ဗြိတိသျှ]]အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် [[ပတ္တမြား ငမောက်]]‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။
 
== မင်းဆက်များ ==
စာကြောင်း ၈၃ -
* [[သီပေါမင်း]] (၁၈၇၈ – ၁၈၈၅)
 
အတိုကောက်အားဖြင့် "လောင်း ၊ နောင် ၊ ဆင် ၊ စဉ့် ၊ မောင် ၊ ဘိုး ၊ ဘ ၊ သာ ၊ ပု ၊ မင်း ၊ သီ" ဟူ၍ မှတ်သားကြသည်။ ကဗျာအားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စ၊ မင်းမောင်လှ၊ ဘိုး၊ ဘ၊ သာယာဝတီ၊ ပုဂံ၊ မင်းတုန်း၊ သီပေါဆုံး ပေါင်းရုံးဆယ့်တစ်လီ" ဟူ၍ဖြစ်သည်။
ကဗျာအားဖြင့်
"လောင်း၊နောင်၊ဆင်၊စ၊
မင်းမောင်လှ၊
ဘိုး၊ဘ၊သာယာဝတီ၊
ပုဂံ၊မင်းတုန်း၊သီပေါဆုံး
ပေါင်းရုံးဆယ့်တစ်လီ" ဟူ၍ဖြစ်သည်။
 
== '''ကုန်းဘောင်မင်းဆက် တေးထပ်''' ==
 
 
 
Line ၁၉၁ ⟶ ၁၈၆:
* ထောင်စချီ
* တံခါးဗိုလ်
* အပြင် မြို့ကြီ:တံခါးဗိုလ်မြို့ကြီးတံခါးဗိုလ် တို့ ဖြစ်ကြသည်။
 
=== နောက်ရုံး ===
Line ၂၄၂ ⟶ ၂၃၇:
== အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း ==
[[File:Burmese mission to France.jpg|thumb|ပြင်သစ်နိုင်ငံရောက် မြန်မာသံအဖွဲ့]]
တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှ တို့သည်ဗြိတိသျှတို့သည် ၁၈၇၆ ခုနှစ်၌ မန္တလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိမ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္တလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ရ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္တလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။
== ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း ==
မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္တလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္တလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။ အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္တလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။<ref>[http://www.irrawaddymedia.com/article.php?art_id=1967 irrawaddymedia.com - This website is for sale! - Resources and Information<!-- Bot generated title -->]</ref><ref>[http://uk.reuters.com/article/idUKBKK8341620080310 Myanmar's last royal laments a crumbling nation | Reuters<!-- Bot generated title -->]</ref>
<ref>[http://www.irrawaddymedia.com/article.php?art_id=1967 irrawaddymedia.com - This website is for sale! - Resources and Information<!-- Bot generated title -->]</ref>
<ref>[http://uk.reuters.com/article/idUKBKK8341620080310 Myanmar's last royal laments a crumbling nation | Reuters<!-- Bot generated title -->]</ref>
 
== ကိုးကား ==