"အယုဓျာ" ၏ တည်းဖြတ်မှု မူကွဲများ

၈၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၈ လ
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
[[File:WatChaiwatthanaram.jpg|thumb|Wat Chaiwatthanaram]]
 
'''အယုဒ္ဓယ''' (ထိုင်းဘာသာ:พระนครศรีอยุธยา, မြန်မာဘာသာ:ဗြးနခေါရ်ၐြီအယုဓယ, {{IPA|aˡjutʰajaː}}) [[ထိုင်းနိုင်ငံ]]၊ အယုဒ္ဓယတိုင်း၏ ရှေးမြို့တော်ဟောင်းဖြစ်၍ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ မိုင်၅ဝ ခန့်အကွာ၊ အောက်မဲနမ် (ချောင်ဖယား)မြစ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။ အယုဒ္ဓယ မြို့ဟောင်းကို ခရစ် ၁၃၅ဝ ပြည့်နှစ်၌ ပထမ ရာဇာဓိပတိဘွဲ့ခံ ဗြးအုထုံအမည်ရှိ ယိုးဒယားဘုရင်တစ်ပါးက စတင်တည်ဆောက်ခဲ့ရာမှ ခမ်နားကြီးကျယ်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့သည်။ တဖြည်းဖြည်းအင်အားကောင်းလာပြီး ရှေးဦးပိုင်း ထိုင်းမြို့ပြနိုင်ငံများဖြစ်ကြသည့် သောက္ကတဲ၊ ပိဿလောက်စသည်တို့ကို သိမ်းယူခဲ့သည်။ ယင်းသို့ ယိုးဒယားမင်း အဆက်ဆက် စိုးမိုး အုပ်ချုပ်ခဲ့၍ နှစ်ပေါင်း ၄၁၇ နှစ်တိုင်တိုင် မားမားမတ်မတ်တည်တံ့ခဲ့သော အယုဒ္ဓယနေပြည်တော်ကြီးသည် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၌ နောက်ဆုံးဖြစ်ပွားခဲ့ သော ယိုးဒယား-မြန်မာစစ်ပွဲတွင် မြန်မာတို့လက်သို့ကျရောက်၍ ရာဇဝင်တင်လောက်အောင် ဆုံးရှုံး ပျက်စီးခဲ့ရလေသည်။ ယခုအခါ၌ကား ယခင်ကလောက် စည်ကားခြင်း မရှိတော့ဘဲ ဘုရားပျက် ကျောင်းပျက်များသာ ရှိနေသည်။ အယုဒ္ဓယမြို့သည် ကျွန်းပေါ်တွင် တည်ဆောက်ထားသည် ဖြစ်ရကား မြစ်ကမ်းနားတစ်လျှောက်ရှိ အဆောက်အအုံများမှာ မိုးရာသီ မြစ်လျှံတက်မှုမှ လွတ်ကင်းရန် တိုင်များဖြင့် အမြင့် ဆောက်လုပ်ထားကြသည်။ မြို့တွင်း၌ မဲနမ်မြစ်မှနေ၍ မြို့ကို ဖြတ်သန်းဖောက်လုပ်ထားသော တူးမြောင်း အမြောက်အမြားကို မြို့တွင်းကူးသန်းသွားလာရေးအတွက် အသုံးပြုကြသည်။
 
ကမ်းနားတစ်လျှောက်နှင့် တူးမြောင်းများထဲတွင် ဆင်းရဲသား များ နေထိုင်ကြသော လှေအိမ်နှင့် ရေပေါ်ဈေးဆိုင် အမြောက် အမြားရှိရာ ဈေးဝယ်ရာ၌ လည်းကောင်း၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာကြသည်။ မြို့အတွင်းဘက်၌ကား လမ်းကြီး၊ လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသဖြင့် ကုန်းလမ်းခရီးဖြင့်လည်း အခြားမြို့များသို့ လွယ်ကူစွာ သွားလာနိုင်သည်။ အယုဒ္ဓယမြို့သည် ယိုးဒယားနိုင်ငံ၏ ဆန်စပါး အများဆုံး ထွက်ရာ ဗဟိုဌာန ဖြစ်သည်။ ဆန်နှင့် ကျွန်းသစ်များကို အမြောက်အမြား လုပ်ကိုင်ကြ၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ငါးဖမ်းခြင်း အလုပ်ဖြင့်လည်း အရေးပါသောမြို့ ဖြစ် သည်။ အယုဓယမြို့မှ ဗန်ကောက်နှင့် အခြားရေလမ်းခရီးမြို့ များသို့ မော်တော်သင်္ဘောများဖြင့် အဆက်မပြတ် ကူးသန်း သွားလျက် ရှိကြသည်။ ထင်ရှားသော ရှေးမြို့ဟောင်းကြီး ဖြစ်သည့်ပြင် ပျက်စီးလျက်ရှိသော ဘုရားပျက်၊ ကျောင်းပျက် နှင့် အဆောက်အအုံပျက်များကို ရှေးကအတိုင်း လက်ရာမပျက် ယခုတိုင် တွေ့နေရသေးသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များနှင့် ရှေးဟောင်းပစ္စည်းနှင့် ကမ္ဗည်းကျောက်စာ လေ့လာလိုက်စားသူ အမြောက်အမြား လာရောက်လည်ပတ် ကြည့်ရှုကြသည်။ အယုဒ္ဓယမြို့၏ ၁၉၅၇ ခုနှစ် ခန့်မှန်းခြေ လူဦးရေမျာ ၃ဝ၉၄၇ ဖြစ်သည်။
၁၁၉၆

တည်းဖြတ်မှုများ