မြသိန်းတန်စေတီ(မင်းကွန်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြင့်မိုရ် +မြင်းမိုရ်)
အရေးမကြီးNo edit summary
စာကြောင်း ၃ -
 
==ဘွဲ့တော်၊ အမည်များ==
*သမိုင်းပညာရှင်တို့၏ မှတ်တမ်းတင်ချက်အရ စေတီတော်မြတ်ကြီး၏ မူလအမည်တော်မှာ [[ပုဂံခေတ်]]၊ [[အလောင်းစည်သူ]]မင်းကြီး၏ ကုသိုလ် ရှင်ဖြူဘုရားရုပ်ထုတော်ကို အစွဲပြု၍ (ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး အလိုအရ ဘွဲ့တော်မှာ)'''ရှင်ဖြူဘုရား'''ဟု၎င်း၊ (သုဝဏ္ဏဝိမာန နိဒါန်း အလိုအရနိဒါန်းအလိုအရ ဘွဲ့တော်မှာ)'''ဆင်ဖြူဘုရား'''ဟု စတင်ခေါ်ဝေါ်ကြောင်းကို ၎င်း၊
 
*[[ကုန်းဘောင်ခေတ်]]၊ [[ဗဒုံမင်း]](ဘိုးတော်ဘုရား)တရားကြီး လက်ထက်ဝယ် [[မင်းကွန်းပုထိုးတော်ကြီး]]တည်ဆောက်နေစဉ် မြေးတော် စစ်ကိုင်းမင်းသားလေး(ဘကြီးတော်)က ပျက်စီးနေသော ရှင်ဖြူဘုရားတန်ဆောင်းကို ပြုပြင်လှူဒါန်းလိုကြောင်း ခွင့်တောင်းသည့်အခါ ခွင့်ပြုမိန့်ရရှိသဖြင့် စစ်ကိုင်းမင်းသားလေး၏ ကြင်ယာတော် ဘိုးတော်မင်းတရားကြီး၏ အချစ်ဆုံး '''[[ဆင်ဖြူမယ်]]မင်းသမီးလေး'''ဘုရားတည်စဉ် နတ်ရွာစံကံကုန်သဖြင့် အလွမ်းပြေ အမှတ်တရ အနေဖြင့် '''ဆင်ဖြူမယ်ဘုရား''' (ခ)( သမိုင်းတစ်စောင်တွင်မူဆင်ဖြူရှင်ဘုရား (ဘုရားတည်နေရာမှာ ယခင်က ဘုရားအလောင်း ဆင်ဖြူဖြစ်စဉ်ကာလက ကျင်လည်ကျက်စားဘူး၍ '''ဆင်ဖြူတောင်''' ခေါ်ကြောင်း၊ ဆင်ဖြူတောင်ပေါ်တွင် တည်၍ ဆင်ဖြူရှင်ဘုရားဟုတည်သဖြင့်) ဟု၎င်း၊
*ဌာပနာတော်သွင်း မင်္ဂလာပြုကြရာတွင် အိမ်ရှေ့စံမင်းသမီးလေး ဆင်ဖြူမယ် ဝတ်ဆင်အပ်သော တစ်သိန်းတန် မြရတနာကို ဌာပနာမှု အစွဲပြု၍ '''မြသိန်းတန်ဘုရား'''ဟု၎င်း အမည်သုံးမျိုးဖြင့် တန်ခိုးကြီး ထူးခြားလှပေသည်။
စာကြောင်း ၁၅ -
[[တာဝတိံသာ]]နတ်ပြည်ရှိ '''စုဠာမဏိစေတီတော်'''ကို ရည်မှန်း၍ လှူဒါန်းတည်ဆောက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ရှေးမြန်မာဘုရင်တို့၏ ဆန်းသစ်သော တွေးခေါ်မှု၊ ဆန်းကြယ်သော စီမံဆောင်ရွက်မှုများမှာ သမိုင်းထူလိုသော လူသားတိုင်းအတွက် အတုယူ အားကြဖွယ်ရာပင် ဖြစ်သည်။
 
စေတီတော်ကြီး၏ အောက်ခြေမှ တရွေ့ရွေ့မြင့်တက်လာသော ရေလှိုင်းကွန့်သဏ္ဌာန် ပစ္စယာ ခုနှစ်ဆင့်မှာ [[အိုင်ကြီး ခုနှစ်အိုင်|သီတာ ခုနှစ်တန်]]၊ [[တောင်စဉ် ခုနှစ်ထပ်|တောင်ရံ ခုနှစ်လုံး]]ကို ရည်ရွယ်ထားသည်။ သတ္တမ ပစ္စယာမှာ [[ယုဂန္ဓိုရ်တောင်]]ထိပ်ကို ရည်ရွယ်၍ အလယ်ဗဟိုအမြင့် အုဋ္ဌ်ခုံမှာ [[အာလိန်ငါးဆင့်]] ပတ်လျှက် [[မြင်းမိုရ်တောင်]]ကို ရည်ရွယ်ထားသည်။ ၎င်းအာလိန်ငါးဆင့်တွင် ပထမအာလိန်၌ [[နဂါး]]များ၊ ဒုတိယအာလိန်၌ [[ဂဠုန်]]များ၊ တတိယအာလိန်၌ [[ဂုမ္ဘဏ်]]များ၊ စတုတ္ထအာလိန်၌ [[ယက္ခ]]၊ယက္ခ၊ [[ရက္ခိုသ်]]များ၊ ပဉ္စမအာလိန်၌ [[ဂန္ဓဗ္ဗ]]များ စောင့်ကြပ်ပြီး အာလိန်ငါးဆင့်မှ အထက် [[သိကြားမင်း]]စံရာ တာဝတိံသာနတ်ပြည်၊ မြင်းမိုရ်တောင်ထိပ်ဖြစ်သည်။
 
အထက်၌ ဥမင်လိုဏ်ဂူအတွင်းဝယ် ပထမဘုရားဒါယကာ အလောင်းစည်သူမင်း လှူဒါန်းပူဇော်အပ်သော ရှင်ဖြူရုပ်ပွားတော်ကြီး စမ္ပါယ်တော်မူသည်။ စေတီတော် ပတ်ပတ်လည်မှ ပြဿဒ်များမှာ သုံးကျိပ်သုံးဦးသော နတ်မှူးများ၏ ဗိမာန်များကို ရည်ရွယ်ထားသည်။ စောင်းတန်းသုံးသွယ်မှာ [[ဂေါတမဗုဒ္ဓ|မြတ်စွာဘုရား]] တာဝတိံသာနတ်ပြည်မှ [[အဘိဓမ္မာ တရားတော်|အဘိဓမ္မာတရား]]ဟောပြီး လူ့ပြည်သင်္ကဿနဂိုရ်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟု စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းတော်မူပုံကို ရည်ရွယ်ထားသည်။
 
မူလဘုရားဒါယကာ အလောင်းစည်သူမင်းနှင့် ဘုရားသမိုင်းကြောင်းကို တိတိကျကျ ဖော်ပြခြင်းမရှိသော်လည်း ဒုတိယ ဘုရားဒါယကာ မြေးတော် စစ်ကိုင်းမင်းသားလေးသည် ၁၁၆၃-ခုနှစ်၊ သက်တော် (၁၂)နှစ်အရွယ်တွင် ဘုရားဒါယကာအဖြစ် ခံယူခဲ့သည်။ ၁၁၆၄-ခု၊ တပို့တွဲလတွင် ဆင်ဖြူမယ်မင်းသမီးလေးနှင့်ဆင်ဖြူမယ် မင်းသမီးလေးနှင့် လက်ထပ်သည်။ ၁၁၆၆-ခု၊ တန်ခူးလဆန်း(၁၅)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ဝါဆိုလဆန်း(၂)ရက်၊ သောကြာနေ့တွင် ဌာပနာပိတ်ပွဲ ကျင်းပသည်။ ဌာပနာတိုက်ပေါင်း (၁၆)တိုက်ရှိသည်။ ၁၁၆၉-ခုနှစ်တွင် ဘုရားပြီးစီး၍ ပထမဝါဆိုလပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့တွင် အနေကဇာတင်၍ ရေစက်သွန်းချပွဲတော်ကြီး ကျင်းပပြုလုပ်ခဲ့လေသည်။
 
==အတိုင်းအတာ==
စေတီတော်၏ ဖိနပ်အချင်း (၂၁၄)တောင်၊ ဉာဏ်တော်အမြင့် (၃၂၁)ပေ ရှိသည်။ မီးတားတံတိုင်းမှာ လေးထောင့်မဟုတ်၊ အဝိုင်းဖြစ်သည်။ သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်ထပ်၊ အာလိန်ငါးဆင့်၊ စောင်းတန်းသုံးသွယ်တို့ဖြင့် မြင်းမိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို ရည်ရွယ်ထားသည်မှာ ကမ္ဘာ့အံ့ဖွယ်ပင်ဖြစ်သည်။ အင်ဒိုချိုင်းနားပြည်နယ်၊[[အင်ဒိုနီးရှားနိုင်ငံ]]၊ ဂျာဝါးကျွန်းတွင် ဘိုရိုဗဒူခေါ်[[ဂျားဗားကျွန်း]]တွင်တည်ရှိသော [[ဗောရောဗုဓော]]စေတီတော်ကြီးနှင့် ဤမြသိန်းတန် စေတီတော်ကြီးတို့သည် လေးဒေါင့်၊ အဝိုင်းသဏ္ဌာန်မှလွဲ၍ တည်ဆောက်ပုံ ရည်ရွယ်ချက် တူညီကြောင်း ကမ္ဘာလှည့် ဧည့်သည်တော်များမှ မှတ်တမ်းရရှိသည်။
 
==ပြုပြင်မှု==
သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၈၃၈ တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ကြီးပျက်စီးချို့ယွင်းခဲ့ရာ [[ရတနာပုံခေတ်]]၊ [[မင်းတုန်းမင်း|မင်းတုန်းမင်းတရားကြီး]]ကလည်း ထပ်မံပြုပြင် လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၁၃၅၀-ခု၊ တပေါင်းလပြည့်(၁၅)ရက်၊ ခရစ်နှစ် ၁၉၉၇-ခု၊ မတ်လ(၂၃)ရက်၊ တနင်္ဂနွေနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နေ ဦးမြို့ + ဒေါ်ပြုံး၊ သမီး မခင်ဌေးမြင့်၊ ပင်းတယမြို့နေ ဦးဘမော်+ဒေါ်သိန်းမြ မိသားစုတို့က နှစ်ပေါင်းကြာညောင်း၍ ဟောင်းနွမ်းပျက်စီးနေသော ထီးတော်ကြီးကို ကြေးထီးတော်ဖြင့် ရွှေသင်္ကန်းကပ်၍ အသစ်တင်လှူ ပူဇော်ခဲ့ကြသည်။ သံဃာတော်များဦးဆောင်သည့် လေးဌာန ဂေါပကအဖွဲ့ကို ဖွဲ့၍ စေတီတော်ကြီးကို စောင့်ရှောက်၊ ပြုပြင်ခြင်းများ လုပ်ဆောင်နေသည်။ <ref>လေးဌာန ဂေါပကအဖွဲ့၊ မင်းကွန်းဒေသ၊ စစ်ကိုင်းမြို့နယ်၊ ဖုန်း ၀၂-၃၄၁၀၆</ref>
သက္ကရာဇ် ၁၃၅၀-ခု၊ တပေါင်းလပြည့်(၁၅)ရက်၊ ခရစ်နှစ် ၁၉၉၇-ခု၊ မတ်လ(၂၃)ရက်၊ တနင်္ဂနွေနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နေ ဦးမြို့+ ဒေါ်ပြုံး၊ သမီး မခင်ဌေးမြင့်၊ ပင်းတယမြို့နေ ဦးဘမော်+ဒေါ်သိန်းမြ မိသားစုတို့က နှစ်ပေါင်းကြာညောင်း၍ ဟောင်းနွမ်းပျက်စီးနေသော ထီးတော်ကြီးကို ကြေးထီးတော်ဖြင့် ရွှေသင်္ကန်းကပ်၍ အသစ်တင်လှူ ပူဇော်ခဲ့ကြသည်။ သံဃာတော်များဦးဆောင်သည့် လေးဌာန ဂေါပကအဖွဲ့ကို ဖွဲ့၍ စေတီတော်ကြီးကို စောင့်ရှောက်၊ ပြုပြင်ခြင်းများ လုပ်ဆောင်နေပါသည်။ <ref>လေးဌာန ဂေါပကအဖွဲ့၊ မင်းကွန်းဒေသ၊ စစ်ကိုင်းမြို့နယ်၊ ဖုန်း ၀၂-၃၄၁၀၆</ref>
==ကိုးကား==
<references/>