ရွှေဘိုခရိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +img
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၉ -
 
== ထင်ရှားသော နေရာများ ==
ရွှေဘိုခရိုင်သည် နိုင်ငံသမိုင်းတွင် ထင်ရှားသော ခရိုင် တစ်ခု ဖြစ်၍ ခရိုင်အတွင်း အနှံ့အပြားပင် ထင်ရှားခဲ့သည့် နေရာများ၊ အဆောက်အအုံနှင့် စေတီပုထိုးများစွာ ရှိလေသည်။ အထူးသဖြင့် ရှေးက မြို့ကြီးများ ဖြစ်ခဲ့သော ဟန်လင်းကြီး၊ ရွှေဘို၊ စည်ပုတ္တရာ၊ စည်သာ၊ ဒီပဲယင်း၊ မြေဒူးခေါ် သန္တီ၊ ငါးရာနဲ (ငရဲ)၊ ထန်းတပင်၊ မလည်အရပ်များတွင် ရှေးဟောင်း စေတီပုထိုးနှင့် အဆောက်အအုံဟောင်းများ ပေါများ၍ အချို့မှာ ယခုတိုင် မပျက်မစီးဘဲ ထင်ရှားလျက်ရှိ၏။ ရေဦးအနောက် ဘက် ငါးမိုင်ခန့်ရှိ ဖလံကုန်းရွာတွင် [[နန်းမတော်မယ်နု]] တည်ခဲ့ သော ဘုရားကြီးစေတီနှင့် အပြီးသို့ မရောက်ခဲ့သောကျောင်းကြီး ၏ အလွန်ကြီးမားသော တိုင်လုံးကြီးများကို ယခုတိုင် တွေ့မြင် နိုင်သည်။ ခရိုင်အတွင်းထင်ရှားသော စေတီပုထိုးများမှာ ရွှေဘိုမြို့မှ ရွှေတန်ဆာဘုရား၊ ဆိတ်ခွန်မြို့မှဆိပ်ခွန်ရွာမှ အင်ကြင်းတောဘုရား၊ မြေဒူးမြို့မှ ရွှေဂူဘုရား၊ ကဗွက်မြို့မှ သီဟတောဘုရားတို့ ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
== ကိုးကား ==