ဆိပ်ခွန်ရွာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၈ -
အင်​ကြင်း​တောဘုရားပွဲ​တော်​
 
အင်​ကြင်း​တောဗုဒ္ဓပူဇနိယပွဲ​တော်​သည်​နှစ်​စဉ်​တရားဝင်​ကျင်း ပခွင့်​ရ​သော​ဂေဇက်​ဝင်​ဘုရားပွဲ​တော်​တစ်​ခု ဖြစ်​ပါသည်​။​ရှေး မြန်​မာမင်းများလက်​ထက်​တော်​မှ စတင်​ခွင့်​ပြုခဲ့ပြီး ဗြိတိသျှ​ခေတ်​အပါအဝင်​ခေတ်​အဆက်​ဆက်​စဉ်​လာမပျက်​ကျင်းပခဲ့ ကြသည်​။ ပွဲ​တော်​ရက်​မှာ နှစ်​စဉ်​တန်​ခူးလဆန်း(၁၀၁၁)ရက်​မှ (၁၅)ရက်​အထိလပြည့်နေ့အထိ ကျင်းပ​လေ့ရှိသည်​။ အညာ​ကျေးလက်​၏ လူသုံးကုန်​ပစ္စည်းများ၊​တောင်​သူသုံးပစ္စည်းများစသည်​တို့ကို ကုန်​စည်​ဖလှယ်​ရောင်းဝယ်​ကြရာ ပွဲ​တော်​ကြီးတစ်​ခုအဖြစ်​အထက်​မြန်​မာပြည်​တွင်​ထင်​ရှားလှသည်​။ ဘုရားကြီးဝန်းကျင်​တွင်​ဘုရားပွဲလာ​ဈေးသည်​များအတွက်​ဆိုင်​ခန်းများကို ယာယီမဟုတ်​ဘဲ အမြဲအတည်​အခိုင်အခန့်ေ​ေ​ဆာက်​လုပ်​ပေး ထားသည်​။ပွဲ​တော်​ရက်​အတွင်း ရပ်​နီးရပ်​ဝေးမှဘုရားဖူးလာ ဧည့်​သည်​များ၊​ဈေး​ရောင်း​ဈေးဝယ်​လာသူများဖြင့်​ကြက်​ပျံမ ကျဟု​ပြောစမှတ်​ပြု​လောက်​ပင်​စည်​ကားလှ​သော ပွဲ​တော်​တစ်​ခုဖြစ်​ပါသည်​။ အညာ​ဒေသ၏ အ​ငွေ့အသက်​များ၊​ကျေးလက်​ဘဝ သရုပ်​သကန်​များ၊ မြန်​မာလူမျိုးတို့၏ ရိုးရာဓ​လေ့စရိုက်​များ စသည်​တို့ဖြင့်​ထုံမွှမ်းအပ်​သောအရာကို တစ်​ပြိုင်​နက်​တည်း ရရှိခံစားနိုင်​အောင်​အင်​ကြင်း​တောဘုရားပွဲ​တော်​က ရသ​ပေးစွမ်းနိုင်​ပါ​ကြောင်း​ရေးသားတင်​ပြအပ်​ပါသည်​။
ဆဏ်းဝင်း​အောင်​