Content deleted Content added
|
|
'''ကျီးကန်း[[ကျီး]]ကန်း'''သည် မဲနက်သော ငှက်တစ်မျိုးဖြစ်၍ မြို့ကျီးကန်းနှင့် တောကျီးကန်းဟူ၍ နှစ်မျိုးကွဲသည်။ တောကျီးကန်းမှာ ကိုယ်ထည်ထွားသည်။ ကျီးသည် အလျား ၁၇" ရှိ၍ ရင်အုပ်နှင့် လည်အနားတွင် မွဲခြောက်သည်။ ကျီးကန်းသည် မျက်စိလျင်၍ လုယက်ခိုးဝှက်တတ်သည်။ စားကြွင်းစားကျန်၊ တီကောင်၊ ကြွက်ငယ်များကို ရှာဖွေစားသောက်သည်။ ကျီးတစ်ကောင် သေလျင် ကျန်ကျီးကန်းများ ဝိုင်းလာ၍ အော်ဟစ်တတ်သည်။ အသိုက်ကို သစ်ပင်မြင့်များ အထူးသဖြင့် မန်ကျည်းပင်များတွင် ပြုလုပ်လေ့ရှိသည်။ ကျီးဥမှာ ကြက်ဥကဲ့သို့ ရှည်မျောပြီး အခွံမာကျောကာ အနီပြောက်၊ အညိုပြောက်များ ရှိသည်။ တောကျီးကန်း အသံမှာ ပို၍အောသည်။ ကျီးကန်းကို မြန်မာနိုင်ငံနှင့် အာရှတိုက် အရှေ့ပိုင်း နိုင်ငံများတွင် တွေ့ရသည်။ တခါတရံ ဆွတ်ဆွတ်ဖြူသော ကျီးကန်းကိုလည်း တွေ့ရတတ်သည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ</ref>
== မျိုးပွားပုံ ==
|