နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁ -
[[ထိုင်းနိုင်ငံ]] သတင်းအချက်အလက် ဋ္ဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Woradet Wirawekhin (th: วรเดช วีระเวคิน) (ဝိုရာဒက် ဝေရာဝီခင်) က ၂၀၀၈ ခုနှစ် မေလ ရ ရက် တွင် ထုတ်ပြန်ကြေညာသည်မှာ ရန်ကုန်ရှိ ထိုင်း သံအမတ်ဖြစ်သူ Bansan Bunnak (th: บรรสาน บุนนาค) (ဘန်ဆန် ဘန်နတ်) တင်ပြသော အစီရင်ခံစာအရ မြို့တော် တွင် ရှိသော အခြေအနေများသည် လည်ပတ်မှုမရှိပဲ စီးပွားရေး လုပ်ငန်းအများစုနှင့် စျေးများ မှာ ပိတ်ထားရသည် ဟူ၍ ဖြစ်သည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှလည်း ဒေသခံများသည် အခြေခံ ဝမ်းရေး ဖူလုံမှုတွင် ပို၍ ဆိုးရွားသော အခြေအနေများကို တိုး၍ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နှင့် ပြည်တွင်း အစားအစာ စျေးနှုန်းများသည် နှစ်ဆ သို့မဟုတ် သုံးဆ အထိ တက်ခဲ့ ကြောင်းကို အစီရင်ခံသည်။
 
==[[အီတလီနိုင်ငံ|အီတလီ]]==
[[File:Flag of Italy.svg|thumb|alt=Italy Flag|အီတလီအေံ]]
 
[[အီတလီနိုင်ငံ|အီတလီ]] မှ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း၏ လေကြောင်းလိုင်းဖြင့် ယူရို ၄၆၅,၀၀၀ (ဒေါ်လာ ရ၃၂,၂၈၂) တန်ဖိုးရှိ အရေး ပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တန်ချိန် ၃၀ အလေးချိန် ရှိသည့် လူနာထမ်းစင်များ၊ ဂျင်နရေတာများ နှင့် ရေသန့် စက်များ ထောက်ပံ့ခဲ့သည်။ ထိုလေယာဉ်မှာ မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းမှာ အနောက် နိုင်ငံများမှ ပထမဆုံး လေကြောင်းလိုင်း အကူအညီဖြစ်ပြီး ရှေ့ပိုင်းတွင် ထိုင်းနိုင်ငံမှသာ အကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် [[အီတလီနိုင်ငံ|အီတလီ]] အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် ယူရို ၅၀၀,၀၀၀ နှင့် [[ကုလသမဂ္ဂ]] မှတစ်ဆင့် ကယ်ဆယ် ရေး အေဂျင်စီများ အား ရန်ပုံငွေ ထောက်ပံ့ရန် ယူရို ၅၀၀,၀၀၀ ပေးအပ်ခဲ့သည် ။ နောက်ထပ် ယူရို ၁၂၃,၀၀၀ ကို ကြက်ခြေနီ အသင်းမှတစ်ဆင့် ပေးအပ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအတွက် ထောက်ပံ့ရန် ယူရို ၃၀၀,၀၀၀ ကို လည်းပေး အပ်ခဲ့သည်။
 
==မလေးရှား==