နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈ -
 
==နာဂစ်မုန်တိုင်း၀င်ရောက်လာပုံ==
[[File:Nargis new2008 01track.jpeg|thumbpngthumb|alt=coming Nargis]]
မေလ ၁ရက် တွင် အရှေ့ဘက် တည့်တည့်သို့ ဆက်လက်ရွေ့လျားပြီးနောက်ပိုင်း လေဖိအားနည်းရပ်ဝန်း အမြင့်ပိုင်းသို့ နီးကပ်လာသည် နှင့်အမျှ မုန်တိုင်းရွေ့လျားမှု တိုးလာပြီး နာဂစ်မုန်တိုင်းသည် လျင်မြန်စွာ ပြင်းအားကြီးလာခဲ့သည်။ အချင်း ၁၉ မီတာ (၁၂ မိုင်) ရှိသော မျက်စိနံရံမှာ ထင်ရှားမြင်သာလာသည်နှင့်အမျှ ပိုမိုအားကြီးလာခဲ့သည်။ မေလ ၂ ရက် အစောပိုင်းတွင် JWTC မှ မြန်မာနိုင်ငံကမ်းရိုးတန်းသို့ နီးကပ်လာသည်နှင့်အမျှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၅ ကီလိုမီတာ ( တစ်နာရီလျှင် ၁၃၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းကာ အဆင့် ၄ မုန်တိုင်းအတွင်း သတ်မှတ်ခဲ့ သည်။ ထိုတစ်ချိန်တည်းတွင် IMD မှလည်း အမြင့်ဆုံးလေတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် ၁၆၅ ကီလိုမီတာ (တစ်နာရီ လျှင် ၁၀၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ မေလ ၂ ရက် ကမ္ဘာစံတော်ချိန် ၁၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ကုန်းတွင်းပိုင်း သို့ ပြင်းအားအမြင့်ဆုံးနှင့် ဝင်ရောက်ခဲ့သည်။