ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၁၆ -
 
===အစောပိုင်း ဘုရင်ခေတ် တရုတ်ပြည်===
[[ဟန်မင်းဆက်]] လက်ထက်တွင် ဟန်ယန်းသည် အတန်အသင့် အလုပ်များသော ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ အေဒီ ၂၀၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့ကြသော ရှားကိုးတိုက်ပွဲနှင့် နောက်ထပ် ၅ နှစ်အကြာတွင် တိုက်ခိုက်ခဲ့သော ကျန်းရှားတိုက်ပွဲတို့သည် ကျန်ရှားဒေသ (ယနေ့ခေတ် ဝူဟန်အရှေ့မြောက်ဘက်ရှိ ဇင်ကျိုးခရိုင်) ကို အုပ်စိုးနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၈ ခုနှစ်နှင့် ၂၀၉ ခုနှစ် ဆောင်းရာသီတွင် တရုတ်သမိုင်းတွင် အလွန်ထင်ရှားသော တိုက်ပွဲများ ဖြစ်ပြီး တရုတ်ဘုရင် ၃ခေတ် ၏ အဓိက အစိတ်အပိုင်း ဖြစ်သော ကမ်းပါးနီတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဝူဟန်မြို့အနီးရှိ ကမ်းပါးများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ <ref>"The engagement at the Red Cliffs took place in the winter of the 13th year of Jian'an, probably about the end of 208."{{Harvcol|de Crespigny|1990|pp=264}}</ref> ထိုအချိန်များတွင် ကာကွယ်ရေးအတွက် ရည်ရွယ်၍ ဟန်ယန်း (အေဒီ ၂၀၆) နှင့် ဝူချန် (အေဒီ ၂၂၃) တို့တွင် တံတိုင်းများ တည်ဆောက်ခဲ့ကြသည်။ ဝူချန်တံတိုင်း တည်ဆောက်ခြင်းသည် ဝူဟန်မြို့၏ အုတ်မြစ် ဖြစ်သည်။ အေဒီ ၂၂၃တွင် ကြိုးကြာဝါ မျှော်စင်ကို တည်ဆောက်ခဲ့ပြီး တရုတ်ပြည်၏ အဓိက မျှော်စင် ၄ ခုမှ တစ်ခု ဖြစ်ကာ ယန်ဇီမြစ်၏ ဝူချန်ဘက် အခြမ်းတွင် အရှေ့ဝူ လူမျိုးတို့၏ ခေါင်းဆောင် ဆန်းကွမ်း ၏ အမိန့်အရ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုမျှော်စင်သည် တာအို ဘာသာဝင်တို့အတွက် အထွဋ်အမြတ် ထားရာ နေရာ တစ်ခု ဖြစ်ခဲ့သည်။<ref>Images of the Immortal: The Cult of Lü Dongbin at the Palace of Eternal Joy by Paul R. Katz, University of Hawaii Press, 1999, page 80</ref>
 
===ချင်မင်းဆက်===
====ဝူချန် ပုန်ကန်မှူ====