ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၁၆ -
 
===အစောပိုင်း ဘုရင်ခေတ် တရုတ်ပြည်===
[[ဟန်မင်းဆက်]] လက်ထက်တွင် ဟန်ယန်းသည် အတန်အသင့် အလုပ်များသော ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ အေဒီ ၂၀၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့ကြသော ရှားကိုးတိုက်ပွဲနှင့် နောက်ထပ် ၅ နှစ်အကြာတွင် တိုက်ခိုက်ခဲ့သော ကျန်းရှားတိုက်ပွဲတို့သည် ကျန်ရှားဒေသ (ယနေ့ခေတ် ဝူဟန်အရှေ့မြောက်ဘက်ရှိ ဇင်ကျိုးခရိုင်) ကို အုပ်စိုးနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၈ ခုနှစ်နှင့် ၂၀၉ ခုနှစ် ဆောင်းရာသီတွင် တရုတ်သမိုင်းတွင် အလွန်ထင်ရှားသော တိုက်ပွဲများ ဖြစ်ပြီး တရုတ်ဘုရင် ၃ခေတ် ၏ အဓိက အစိတ်အပိုင်း ဖြစ်သော ကမ်းပါးနီတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဝူဟန်မြို့အနီးရှိ ကမ်းပါးများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ <ref>"The engagement at the Red Cliffs took place in the winter of the 13th year of Jian'an, probably about the end of 208."{{Harvcol|de Crespigny|1990|pp=264}}</ref> ထိုအချိန်များတွင် ကာကွယ်ရေးအတွက် ရည်ရွယ်၍ ဟန်ယန်း (အေဒီ ၂၀၆) နှင့် ဝူချန် (အေဒီ ၂၂၃) တို့တွင် တံတိုင်းများ တည်ဆောက်ခဲ့ကြသည်။ ဝူချန်တံတိုင်း တည်ဆောက်ခြင်းသည် ဝူဟန်မြို့၏ အုတ်မြစ် ဖြစ်သည်။ အေဒီ ၂၂၃တွင် ကြိုးကြာဝါ မျှော်စင်ကို တည်ဆောက်ခဲ့ပြီး တရုတ်ပြည်၏ အဓိက မျှော်စင် ၄ ခုမှ တစ်ခု ဖြစ်ကာ ယန်ဇီမြစ်၏ ဝူချန်ဘက် အခြမ်းတွင် အရှေ့ဝူ လူမျိုးတို့၏အရှေ့ဝူပြည်တို့၏ ခေါင်းဆောင် ဆန်းကွမ်း ၏ အမိန့်အရ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုမျှော်စင်သည် တာအို ဘာသာဝင်တို့အတွက် အထွဋ်အမြတ် ထားရာ နေရာ တစ်ခု ဖြစ်ခဲ့သည်။<ref>Images of the Immortal: The Cult of Lü Dongbin at the Palace of Eternal Joy by Paul R. Katz, University of Hawaii Press, 1999, page 80</ref>
 
အရှေ့ဝူပြည်နှင့် ကောင်းဝေပြည်တို့ကြား တင်းမာမှုများကြောင့် ၂၂၈ ခုနှစ် ဆောင်းဦးရာသီတွင် {{efn|name=fn1|Man Chong's biography in the ''Sanguozhi'' mentioned that these events took place in the 3rd year of the Taihe era (227–233) of Cao Rui's reign, i.e., the year 229. This is a mistake. It was actually in the 2nd year of the Taihe era, i.e., the year 228, according to the ''Zizhi Tongjian''.<ref>''Zizhi Tongjian'' vol. 71.</ref>}} ကောင်းကောင်း ၏ မြေးဖြစ်ပြီး ကောင်းဝေပြည်၏ ဒုတိယမြောက် ဧကရာဇ်ဖြစ်သော ကောင်းယွီ သည် ဗိုလ်ချုပ်မန်ချောင်း အား ရှားကောင်းအရပ် (ယနေ့ ဝူဟန်နေရာအတွင်း)<ref>http://www.ibiblio.org/chinesehistory/contents/06dat/geo.html#wuhan {{Webarchive|url=https://web.archive.org/web/20180408204923/http://www.ibiblio.org/chinesehistory/contents/06dat/geo.html#wuhan |date=April 8, 2018 }} Hanyang was founded during the Sui dynasty (581-618); and Hankou, then known as Hsia-k'ou, during the Song (Sung) dynasty (960-1279).</ref><ref>(秋,使曹休從廬江南入合肥,令寵向夏口。) ''Sanguozhi'' vol. 26.</ref> သို့ တပ်ဖွဲ့များကို ဦးဆောင်ချီတက်စေခဲ့သည်။ ၂၇၉ ခုနှစ်တွင် ဝန်ဂျွမ်းနှင့် သူ၏ တပ်များသည် ဝူတို့၏ နယ်မြေအတွင်းရှိ မဟာဗျူဟာကျသော ဇီးလင် (ယနေ့ခေတ် ယီချန်း၊ ဟူးပေပြည်နယ်)၊ ရှားကိုး (ယနေ့ခေတ် ဟန်ကိုး) နှင့် ဝူချန် (ယနေ့ခေတ် အီကျိုး၊ ဟူးပေပြည်နယ်) စသည့် နေရာများကို အောင်မြင်သိမ်းပိုက်နိုင်ခဲ့သည်။
 
၅၅၀ ခုနှစ် ဆောင်းဦးရာသီတွင် ဟိုဂျင်း သည် ရန်ယွယ် အား ရှောင်းဒါစင်း နှင့် ရှောင်းဖန်း၏ သားဖြစ်သူ ရှောင်းစီတို့အား တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။ ရန်ယွယ်သည် ရှောင်းစီအား တိုက်ပွဲအတွင်း သတ်ဖြတ်ခဲ့ပြီး မခုခံနိုင်မှန်း သိသော ရှောင်းဒါစင်းသည် လက်နက်ချခဲ့ပြီး ဟိုဂျင်းအား ၎င်း၏ နယ်မြေများကို အုပ်စိုး ခွင့်ပေးခဲ့ရသည်။ ထိုအချိန်အတွင်း ရှောင်းဂွမ်းသည် ကျန်ရှား (ယနေ့ခေတ် ဝူဟန်နေရာအတွင်း)တွင် အခြေချနေခဲ့ပြီး ဟိုဂျင်းအား တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအဖြစ်အပျက်က ရှောင်းယီ အနေနှင့် ရှောင်းဂွမ်သည် ထီးနန်းကို ရရန် ကြံစည်နေသည်ဟု ယူဆ၍ ဒေါသဖြစ်စေခဲ့သည့်အတွက် ဝမ်အား စေလွှတ်၍ ရှောင်ဂွမ်းအား တိုက်ခိုက်စေခဲ့သည်။ ၅၆၇ ခုနှစ် နွေရာသီတွင် ချန်းစု သည် ဝူမင်ချီ အား ရှန်းပြည်နယ်၏ ဘုရင်ခံ အဖြစ်ခန့်အပ်ခဲ့ပြီး ဟွာတို့အား ချန်ယုလျန် နှင့် အတူ တိုက်ခိုက်ရန် တပ်ဖွဲ့၏ အဓိက အပိုင်းကို ဦးဆောင်စေခဲ့သည်။ နှစ်ဖက်တပ်တို့သည် ကျွမ်ကိုး (ယနေ့ ဝူဟန်နေရာအတွင်း) တွင် ထိပ်တိုက်တွေ့ခဲ့ကြသည်။
 
မြို့တော်သည် အနုပညာ ဗဟိုဌာန (အထူးသဖြင့် ကဗျာ) နှင့် ပညာရပ်ဆိုင်ရာ လေ့လာမှုများအတွက် ရှေးယခင်ကပင် ထင်ရှားခဲ့သည်။ တန်မင်းဆက်ခေတ်အတွင်း ကျော်ကြားသော ကဗျာဆရာ တစ်ယောက်ဖြစ်သည့် ကွီးဟောင် သည် ၈ရာစု အစောပိုင်းတွင် ကြိုးကြာဝါ မျှော်စင်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီး ၎င်း၏ ကဗျာကြောင့် တရုတ်ပြည်တောင်ပိုင်းတွင် အကျော်ကြားဆုံး အဆောက်အဦး တစ်ခု ဖြစ်စေခဲ့သည်။<ref name="Wan1">Wan: Page 42.</ref>
 
၈၇၇ ခုနှစ် နွေဦးရာသီတွင် ဝမ်ရှန်ကျီးသည် အီးဒေသအား သိမ်းပိုက်ခဲ့သည်။ ထို့နောက် သူသည် မြောက်ဘက်သို့ ပြန်သွားခဲ့ပြီဂ ဟွမ်၏ တပ်များနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး သူတို့သည် ဆောင်းဒေသ အတွင်းရှိ ဆောင်းဝေ အရပ်(ယနေ့ခေတ် ရှန်ကွီး၊ ဟဲနန်ပြည်နယ်) အား ဝိုင်းရံခဲ့ကြသည်။ ၈၇၇ ခုနှစ် ဆောင်းရာသီတွင် ဟွမ်ချောင်သည် ကွီပြည်နယ် နှင့် ဟွမ်ပြည်နယ်တို့အား တိုက်ခိုက်၍ လုယက်ဖျက်ဆီးခဲ့သည်။
 
၁၂၅၉ ခုနှစ် [[ကူဗလိုင်ခန်]] မရောက်ရှိမီ အချိန်တွင် သူ၏ ညီအစ်ကို တော်စပ်သူ မောင်းကဲ သေဆုံးကြောင်း သတင်းရောက်လာခဲ့သည်။ ကူဗလိုင်ခန်သည် သူ၏ ညီအစ်ကိုတော် သေဆုံးမှုကို လျို့ဝှက်ထားခဲ့ပြီး ဝူဟန်ဒေသအား ယန်ဇီမြစ် အနီးတွင် ဆက်လက်တိုက်ခိုက်ခဲ့သည်။ ကူဗလိုင်ခန်၏ တပ်များ ဝူချန် အား သိမ်းပိုက်ပြီးနောက် အူရီယန်ခါဒိုင်းမှ ၎င်းနှင့် လာရောက်ပူးပေါင်းခဲ့သည်။ ယနေ့ခေတ် ဝူယင်းဘုရားမှာ မွန်ဂိုလီးယားတပ်များ တိုက်ခိုက်နေစဉ်အတွင်း ဆောင်းမင်းဆက်၏ အဆုံးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မွန်ဂိုအုပ်စိုးသူများ (ယွမ်မင်းဆက် ၁၃၀၁ နောက်ပိုင်း) လက်အောက်တွင် ဝူချန်ဒေသသည် မြို့တော်တွင် ဌာနချုပ်ထားရှိကာ ဟူပေးပြည်နယ်၏ မြို့တော် ဖြစ်လာခဲ့သည်။ ဟန်ကိုး ဒေသမှာမူ မင်မင်းဆက်လက်ထက်မှ ချင်မင်းဆက် လက်ထက်အထိ အချိန်ကာလအတွင်း ဟန်ယန်ခရိုင်မှ ဒေသအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ သို့သော် မင်မင်းဆက် ကာလကပင် တစ်နိုင်ငံလုံး၏ အဓိကဈေး ၄ ခုတွင် တစ်ခု အပါအဝင် ဖြစ်နေခဲ့သည်။
 
===ချင်မင်းဆက်===