ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၂ -
 
====ဝူချန် ပုန်ကန်မှူ====
[[File:WuchangUprising.jpg|thumb|ဝူချန်ပုန်ကန်မှု အထိမ်းအမှတ် အဆောက်အဦး။ ၁၉၁၁ တော်လှန်ရေးအစိုးရ၏ မူလနေရာ|left]]
[[File:Hankow 1915.jpg|right|thumb|ယနေ့ခေတ် ဝူဟန်နေရာ ၁၉၁၅]]
၁၉၀၀ ပြည်နှစ်တွင် ကော်လီယာ မဂ္ဂဇင်းမှ ယန်ဇီမြစ်၏ တိုးတက်သောမြို့ဖြစ်သော ဟန်ကောမြို့အား "တရုတ်ပြည်၏ စိန့်လူးဝစ် နှင့် ရှီကာဂို" ဟု တင်စားဖော်ပြခဲ့သည်။ <ref name="Chicago is all over the place" /> ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်တွင် [[ဆွန်ယက်ဆင်]] နှင့် သူ၏ နောက်လိုက်များသည် ဝူချန်ပုန်ကန်မှုကို စတင်ခဲ့ပြီး <ref name="tonsi86">{{cite book |last1=Dai |first1=Yi (戴逸) |last2=Gong |first2=Shuduo (龔書鐸) |year=2003 |script-title=zh:中國通史. 清 |publisher=Intelligence press |ISBN=962-8792-89-X |pages=86-89}}</ref> နောက်ဆက်တွဲ အဖြစ် ချင်မင်းဆက် ပြိုလဲသွားခဲ့ကာ<ref name="fenby">Fenby, Jonathan. [2008] (2008). The History of Modern China: The Fall and Rise of a Great Power. {{ISBN|978-0-7139-9832-0}}. pg 107, pg 116, pg 119.</ref> တရုတ်သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ <ref name="Welland, Sasah Su-ling 2007 pg 87">Welland, Sasah Su-ling. [2007] (2007). A Thousand Miles of Dreams: The Journeys of Two Chinese Sisters. Rowman Littlefield Publishing. {{ISBN|0-7425-5314-0}}, {{ISBN|978-0-7425-5314-9}}. pg 87.</ref> ဝူဟန်သည် ဝမ်ကျင်းဝေ ဦးဆောင်သော လက်ဝဲယိမ်း ကူမင်တန် အစိုးရ၏ မြို့တော် ဖြစ်ခဲ့ပြီး လက်ယာယိမ်း [[ချန်ကေရှိတ်]] အစိုးရအား ၁၉၂၀ နှစ်များအတွင်း ဆန့်ကျင်ခဲ့သည်။
 
ချင်မင်းဆက်ကို ဖြုတ်ချခဲ့သော ၁၉၁၁ အောက်တိုဘာလ၏ ဝူချန်ပုန်ကန်မှုသည် ဝူဟန်တွင် အစပျိုးခဲ့သည်။<ref name="tonsi86"/> ပုန်ကန်မှု မတိုင်ခင်က ချင်မင်းဆက်ကိုဆန့်ကျင်သော မြေအောက်အဖွဲ့အစည်းများမှာ ဝူဟန်တွင် တက်ကြွလှုပ်ရှားနေခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဇီချွမ်၌ ဆန္ဒပြမှုများ ပြန့်ပွားခဲ့သဖြင့် ချင်မင်းဆက် အာဏာပိုင်းများကို စစ်တပ်အသစ်၏ အစိတ်အပိုင်းကို ဝူဟန်တွင် တပ်စွဲစေခဲ့ပြီး ပုန်ကန်မှုကို နှိမ်နှင်းခဲ့သည်။ <ref name="Wangke">Wang, Ke-wen. [1998] (1998). Modern China: An Encyclopedia of History, Culture and Nationalism. Taylor & Francis Publishing. {{ISBN|0-8153-0720-9}}, {{ISBN|978-0-8153-0720-4}}. pp 390-391.</ref> စက်တင်ဘာ ၁၄ ရက်တွင် ဟူးပေမှ ဒေသခံ တော်လှန်ရေး အသင်းအဖွဲ့ နှစ်ခု ဖြစ်သော<ref name="Wangke"/> စာပေအသင်း နှင့် ရှေ့ဆောင်အသင်းတို့မှ ဝူချန်တွင် ပူးပေါင်းဌာနချုပ်ကို တည်ထောင်ခဲ့ပြီး ပုန်ကန်ထကြွရန် ပြင်ဆင်ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် နိုင်ငံရေး စီစဉ်မှု ရုံး၌ ဗုံးတလုံး အချိန်မကျခင် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ အာဏာပိုင်များအား သတိပေးသကဲ့သို့ ဖြစ်ခဲ့သည်။ <ref name="gongtong6-3">{{cite book |last1=Wang |first1=Hengwei (王恆偉) |year=2006 |script-title=zh:中國歷史講堂 #6 民國. |publisher=[[Zhonghua Book Company]] |ISBN=962-8885-29-4 |pages=3-7}}</ref> ပုန်ကန်မှုအတွက် ကြေငြာချက်၊ တော်လှန်မည့်သူ စာရင်း နှင့် တော်လှန်ရေးသမားတို့၏ တရားဝင် စည်းတံဆိပ်တို့မှာ ဟူနန် နှင့် ဟူးပေတို့၏ ဘုရင်ခံချုပ် ရွေးချန် ၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ရွေးချန်မှ ပုန်ကန်သူတို့၏ ဌာနချုပ်ကို နေ့ချင်းပြီး ဖျက်ဆီးခဲ့ပြီး စာရင်းတွင်း ပါရှိသူများကို လိုက်လံ ဖမ်းဆီးခဲ့သည်။ <ref name="gongtong6-3"/> ထို့အတွက်ကြောင့် တော်လှန်ရေးသမားတို့မှ ပုန်ကန်မှုကို အချိန်မကျမီ မဖြစ်မနေ စတင်ရန် တွန်းအား ဖြစ်ခဲ့သည်။<ref name="tonsi86"/>
 
===တရုတ်သမ္မတနိုင်ငံ===