ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၆ -
၁၉၀၀ ပြည်နှစ်တွင် ကော်လီယာ မဂ္ဂဇင်းမှ ယန်ဇီမြစ်၏ တိုးတက်သောမြို့ဖြစ်သော ဟန်ကောမြို့အား "တရုတ်ပြည်၏ စိန့်လူးဝစ် နှင့် ရှီကာဂို" ဟု တင်စားဖော်ပြခဲ့သည်။ <ref name="Chicago is all over the place" /> ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်တွင် [[ဆွန်ယက်ဆင်]] နှင့် သူ၏ နောက်လိုက်များသည် ဝူချန်ပုန်ကန်မှုကို စတင်ခဲ့ပြီး <ref name="tonsi86">{{cite book |last1=Dai |first1=Yi (戴逸) |last2=Gong |first2=Shuduo (龔書鐸) |year=2003 |script-title=zh:中國通史. 清 |publisher=Intelligence press |ISBN=962-8792-89-X |pages=86-89}}</ref> နောက်ဆက်တွဲ အဖြစ် ချင်မင်းဆက် ပြိုလဲသွားခဲ့ကာ<ref name="fenby">Fenby, Jonathan. [2008] (2008). The History of Modern China: The Fall and Rise of a Great Power. {{ISBN|978-0-7139-9832-0}}. pg 107, pg 116, pg 119.</ref> တရုတ်သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ <ref name="Welland, Sasah Su-ling 2007 pg 87">Welland, Sasah Su-ling. [2007] (2007). A Thousand Miles of Dreams: The Journeys of Two Chinese Sisters. Rowman Littlefield Publishing. {{ISBN|0-7425-5314-0}}, {{ISBN|978-0-7425-5314-9}}. pg 87.</ref> ဝူဟန်သည် ဝမ်ကျင်းဝေ ဦးဆောင်သော လက်ဝဲယိမ်း ကူမင်တန် အစိုးရ၏ မြို့တော် ဖြစ်ခဲ့ပြီး လက်ယာယိမ်း [[ချန်ကေရှိတ်]] အစိုးရအား ၁၉၂၀ နှစ်များအတွင်း ဆန့်ကျင်ခဲ့သည်။
 
ချင်မင်းဆက်ကို ဖြုတ်ချခဲ့သော ၁၉၁၁ အောက်တိုဘာလ၏ ဝူချန်ပုန်ကန်မှုသည် ဝူဟန်တွင် အစပျိုးခဲ့သည်။<ref name="tonsi86"/> ပုန်ကန်မှု မတိုင်ခင်က ချင်မင်းဆက်ကိုဆန့်ကျင်သော မြေအောက်အဖွဲ့အစည်းများမှာ ဝူဟန်တွင် တက်ကြွလှုပ်ရှားနေခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဇီချွမ်၌ ဆန္ဒပြမှုများ ပြန့်ပွားခဲ့သဖြင့် ချင်မင်းဆက် အာဏာပိုင်းများကို စစ်တပ်အသစ်၏စစ်တပ်သစ်၏ အစိတ်အပိုင်းကို ဝူဟန်တွင် တပ်စွဲစေခဲ့ပြီး ပုန်ကန်မှုကို နှိမ်နှင်းခဲ့သည်။ <ref name="Wangke">Wang, Ke-wen. [1998] (1998). Modern China: An Encyclopedia of History, Culture and Nationalism. Taylor & Francis Publishing. {{ISBN|0-8153-0720-9}}, {{ISBN|978-0-8153-0720-4}}. pp 390-391.</ref> စက်တင်ဘာ ၁၄ ရက်တွင် ဟူးပေမှ ဒေသခံ တော်လှန်ရေး အသင်းအဖွဲ့ နှစ်ခု ဖြစ်သော<ref name="Wangke"/> စာပေအသင်း နှင့် ရှေ့ဆောင်အသင်းတို့မှ ဝူချန်တွင် ပူးပေါင်းဌာနချုပ်ကို တည်ထောင်ခဲ့ပြီး ပုန်ကန်ထကြွရန် ပြင်ဆင်ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် နိုင်ငံရေး စီစဉ်မှု ရုံး၌ ဗုံးတလုံး အချိန်မကျခင် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ အာဏာပိုင်များအား သတိပေးသကဲ့သို့ ဖြစ်ခဲ့သည်။ <ref name="gongtong6-3">{{cite book |last1=Wang |first1=Hengwei (王恆偉) |year=2006 |script-title=zh:中國歷史講堂 #6 民國. |publisher=[[Zhonghua Book Company]] |ISBN=962-8885-29-4 |pages=3-7}}</ref> ပုန်ကန်မှုအတွက် ကြေငြာချက်၊ တော်လှန်မည့်သူ စာရင်း နှင့် တော်လှန်ရေးသမားတို့၏ တရားဝင် စည်းတံဆိပ်တို့မှာ ဟူနန် နှင့် ဟူးပေတို့၏ ဘုရင်ခံချုပ် ရွေးချန် ၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ရွေးချန်မှ ပုန်ကန်သူတို့၏ ဌာနချုပ်ကို နေ့ချင်းပြီး ဖျက်ဆီးခဲ့ပြီး စာရင်းတွင်း ပါရှိသူများကို လိုက်လံ ဖမ်းဆီးခဲ့သည်။ <ref name="gongtong6-3"/> ထို့အတွက်ကြောင့် တော်လှန်ရေးသမားတို့မှ ပုန်ကန်မှုကို အချိန်မကျမီ မဖြစ်မနေ စတင်ရန် တွန်းအား ဖြစ်ခဲ့သည်။<ref name="tonsi86"/>
 
အောက်တိုဘာ ၁၀ ရက်နေ့ညတွင် တော်လှန်ရေးသမားများသည် ဟူဘေး စစ်တပ်သစ်၏ အင်ဂျင်နီယာတပ် တန်းလျားများမှ စတင်ပစ်ခတ်ခြင်းဖြင့် ပုန်ကန်မှုကို စတင်ကြောင်း အချက်ပေးခဲ့သည်။ ထို့နောက် သူတို့သည် စစ်တပ်သစ်၏ တပ်အကုန်လုံးအား တော်လှန်ရေးတွင် ပူးပေါင်းရန် ဦးဆောင်ခဲ့သည်။<ref name="spence">Spence, Jonathan D. [1990] (1990). The Search for Modern China. W. W. Norton & Company. {{ISBN|0-393-30780-8}}, {{ISBN|978-0-393-30780-1}}. pp 250-256.</ref> ဝူကျောင်လင်း၊ ခိုင်ကျီမင်း နှင့် အခြားသူတို့၏ လမ်းညွှန်မှုဖြင့် တော်လှန်ရေးတပ်သည် ဘုရင်ခံ၏ အိမ်တော် နှင့် အစိုးရရုံးများကို ဝင်ရောက်စီးနင်းခဲ့သည်။<ref name="Wangke"/> ရွေးချန်သည် ချူးယုသင်္ဘောဆီသို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့သည်။ ချင်စစ်တပ်၏ တပ်မှူးဖြစ်သော ကျန်းဗျောင်သည်လည်း မြို့တော်မှ ထွက်ပြေးခဲ့သည်။ ၁၁ ရက်နေ့ မနက်တွင် တော်လှန်ရေးတပ်သည် ဝူချန်မြို့ တစ်မြို့လုံးကို သိမ်းပိုက်ခဲ့သော်လည်း ခေါင်းဆောင်များ ဖြစ်သော ကျန်းယီဝူး နှင့် ဆွန်ဝူး စသူတို့မှာ ပျောက်ဆုံး နေခဲ့သည်။<ref name="tonsi86"/> ထို့အတွက်ကြောင် ခေါင်းဆောင်မရှိသော တော်လှန်ရေးတပ်သည် ချင်စစ်တပ်၏ လက်ထောက်တပ်မှူး လီယွမ်ဟောင်းအား စစ်သေနာပတိ အဖြစ် တင်မြှောက်ခဲ့သည်။ <ref name="Harrison">Harrison Henrietta. [2000] (2000). The Making of the Republican Citizen: Political Ceremonies and Symbols in China, 1911-1929. Oxford University Press. {{ISBN|0-19-829519-7}}, {{ISBN|978-0-19-829519-8}}. pp 16-17.</ref> လီယွမ်ဟောင်းသည် ဟူပေး စစ်တပ်အစိုးရကို တည်ထောင်ခဲ့ပြီး ဟူပေးတွင် ချင်မင်းဆက်၏ အုပ်ချုပ်မှုကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။ တရုတ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး အခြားပြည်နယ်များကိုလည်း တော်လှန်ရေးတွင် ပူးပေါင်းရန် ကြေးနန်း ပေးပို့ တိုက်တွန်းခဲ့သည်။<ref name="tonsi86"/><ref name="Wangke"/>
 
တော်လှန်ရေးသည် နိုင်ငံ၏ အခြားအပိုင်းများသို့ ပျံ့နှံ့သွားသည့် အခါတွင် ချင် အစိုးရသည် သစ္စာခံ စစ်တပ်များကို စုစည်း၍ ဝူဟန်ရှိ ပုန်ကန်မှုကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ တော်လှန်ရေးတပ်နှင့် ဒေသခံ လုပ်အားပေးများသည် လက်နက်ပိုမိုကောင်းမွန်၍ အင်အားပိုများသော ယွမ်ရှိခိုင် ဦးဆောင်သည့် ချင်တပ်များကို ယန်ရှားစစ်ပွဲတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး မြို့တော်ကို ကာကွယ်ခဲ့သည်။ ဟွမ်စင်းသည် နိုဝင်ဘာ အစောပိုင်းတွင် ဝူဟန်သို့ ရောက်ရှိလာခဲ့ပြီး တော်လှန်ရေးတပ်၏ ဦးဆောင်မှုကို လွှဲပြောင်းရယူခဲ့သည်။ <ref name="Wangke"/> ပြင်းထန်စွာ တိုက်ခိုက်၍ အကျအဆုံး များခဲ့ပြီးနောက် ချင်တပ်များသည် ဟန်ကိုး နှင့် ဟန်ယန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း ယွမ်ရှိခိုင်သည် ရှေ့ဆက်မတက်တော့ဘဲ ရပ်တန့်ရန် သဘောတူခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ခဲ့ကာ နောက်ဆုံးတွင် ဆွန်ယက်ဆင်အား ပြည်နှင်ဒဏ် မှပြန်ခေါ်နိုင်ခဲ့ပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တရုတ်သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။<ref name="Welland, Sasah Su-ling 2007 pg 87"/><ref name="Bergere">Bergere, Marie-Claire. Lloyd Janet. [2000] (2000). Sun Yat-sen. Stanford University Press. {{ISBN|0-8047-4011-9}}, {{ISBN|978-0-8047-4011-1}}. p 207.</ref> ဝူချန် ပုန်ကန်မှုကြောင့် ဝူဟန်သည် တရုတ်ပြက္ခဒိန် ဆင်ဟိုင်းနှစ်ကို အစွဲပြု၍ ခေါ်ဆိုကြသော ဆင်ဟိုင်းတော်လှန်ရေး မွေးဖွားရာ အရပ်အဖြစ် သိရှိကြသည်။<ref name="tvbs">{{cite web |url=http://www.tvbs.com.tw/news/news_list.asp?no=yehmin20101010132707 |script-title=zh:雙十節是? 陸民眾:「國民黨」國慶 |publisher=TVBS |language=zh-tw |accessdate=2011-10-08 |title=Archived copy |archive-url=https://web.archive.org/web/20141110111857/http://www.tvbs.com.tw/news/news_list.asp?no=yehmin20101010132707 |archive-date=November 10, 2014 |url-status=dead }}</ref> မြို့တော်တွင် တော်လှန်ရေးနှင့် ပတ်သက်သော ပြတိုက်များနှင့် တော်လှန်ရေးအား ကာကွယ်ရင်း အသက်စွန့်ခဲ့ကြသော အာဇာနည် ထောင်ပေါင်းများစွာ နှင့် တော်လှန်ရေးအတွက် အထိမ်းအမှတ် အချို့ ရှိသည်။
 
===တရုတ်သမ္မတနိုင်ငံ===