ယွန်းထည်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၀ -
 
==ယွန်းထည်လုပ်ငန်း==
Bagan ([[ပုဂံ]]) သည် ယွန်းထည် လုပ်ငန်းအတွက် အဓိက ဗဟိုချက်မ နေရာဖြစ်ပြီး လွန်ခဲ့သော ရာစုနှစ် နှစ်ခု နီးပါးကတည်းက လက်မှုပညာအခြေကျခဲ့ကာ ယခုထက်တိုင် ရှေးရိုးရာ နည်းဟန်များကို ကျင့်သုံးနေဆဲ ဖြစ် သည်။ ဤနေရာဒေသတွင် အစိုးရ ယွန်းထည်ကျောင်းကို ၁၉၂၀ နှစ်များတွင် တည်ထောင်ခဲ့သည်။ ယနေ့ အ များဆုံး အသုံးပြုနေသော အသုံးအဆောင်များတွင် ပလတ်စတစ်၊ ကြွေ နှင့် သတ္ထုတို့သည် ယွန်းထည်ကို အ စားထိုးလာကြပြီဖြစ်၍ ပုဂံ ရှိ ရှေးဘုရားများကို လာရောက်ကြည့်ရှုသော နိုင်ငံခြားသားခရီးသွားများ အတွက် သာ အဓိကထား၍ ယွန်းထည်ကို အလုပ်ရုံကြီးများတွင် ယနေ့ ထုတ်လုပ်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ Chindwin (ချင်းတွင်း) တောင်ကြားရှိ Monywa ([[မုံရွာ]]) အနီးမှ Kyaukka (ကျောက်ကာ) ရွာတွင် နေ့စဉ်သုံး အတွက် တောင့်တင်း ခိုင်မာသော ယွန်းထည်အသုံးအဆောင်များကို အဓိအားဖြင့် အနက်ရောင်ဗြောင်ဖြင့် ထုတ်လုပ်နေဆဲ ဖြစ် သည်။
ခရီးသွား ဧည့်သည်များအရေအတွက် ကျဆင်းခြင်းနှင့်အတူ ၁၅ နှစ် အတွင်း အဆ ၄၀ မြင့်တက်လာသော သစ်စေး စျေးနှုန်းတို့သည် ပုဂံ ရှိ ယွန်းထည်ပစ္စည်း အလုပ်ရုံ ၂၀၀ ကျော်၏ သုံးပုံ နှစ်ပုံကျော်ကို ပိတ်ခဲ့ရခြင်း အား ဖြစ်စေခဲ့သည်။