ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၈ -
၁၉၂၇ ခုနှစ်တွင် ကူမင်တန် ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ တတိယမြောက် ဗဟိုညီလာခံသို့ [[မော်စီတုန်း]] တက်ရောက်ခဲ့ပြီး ထိုညီလာခံတွင် ဗိုလ်ချုပ်ချန်၏ အာဏာကို ရုတ်သိမ်းခဲ့ပြီး ဝမ်ကျင်းဝေအား ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ မြောက်ပိုင်းစွန့်စားရှာဖွေသူများ၏ ပထမဆုံး အဆင့်မှာ ကူမင်တန်တို့ အတွင်း နိုင်ငံရေး အကွဲအပြဲကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ပြီး လက်ရှိ ဝူဟန်အဖွဲ့အား ဆန့်ကျန်သည့် နန်ကျင်းအဖွဲ့ကို ၁၉၂၇ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့ပြီးနောက်တွင် ဖြစ်သည်။ {{sfn|Taylor|2009|page=68}} ဧပြီ ၁၂ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မသေဘဲ ကျန်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များမှာ ချန် ဒုရှူအား ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့သည်။ <ref>Robert Jackson Alexander, ''International Trotskyism, 1929-1985: A Documented Analysis of the Movement'' (Duke University Press, 1991) p206</ref> ထိုအကွဲအပြဲမှာ ပါတီအတွင်း ကွန်မြူနစ်များကို ဖယ်ထုတ်ရန် ကြိုးစားမှုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပထမဆုံးညီညွတ်သောတပ်ဦး ၏ အဆုံးသတ် ဖြစ်စေခဲ့ပြီး ချန်ကေရှိတ်မှာ အမျိုးသားတော်လှန်ရေးတပ်၏ သေနာပတိအဖြစ်မှ မကြာခင် နှုတ်ထွက်ခဲ့သည်။{{sfn|Taylor|2009|page=72}}
 
၁၉၂၇ ခုနှစ်ဇွန်လတွင် စတာလင်မှဆိုဗီယက်ခေါင်းဆောင် [[စတာလင်]]မှ ဝူဟန်ရှိ ကွန်မြူနစ်တို့ထံသို့ ကြေးနန်းပေးပို့ခဲ့ပြီး အလုပ်သမားနှင့် လယ်သမားတို့၏ တပ်ကို စတင်လုပ်ရှားရန် တိုက်တွန်းခဲ့သည်။ .<ref>Harrison, ''The Long March to Power'', p. 111</ref> ထိုအဖြစ်အပျက်သည် ဝမ်ကျင်းဝေအား သတိပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ကွန်မြူနစ်တို့နှင့် အဆက်အသွယ် ဖြတ်တောက်ကာ ချန်ကေရှိတ် အား မတတ်သာသဖြင့် လက်ခံခဲ့ရသည်။ ဝူဟန် အာဏာသိမ်းမှုသည် ၁၉၂၇ ခုနှစ်တွင် ဝမ်ကျင်းဝေမှ ချန်ကေရှိတ် နှင့် ၎င်း၏ ရှန်ဟိုင်းအခြေစိုက် ပြိုင်ဖက်ကူမင်တန်များဘက်သို့ နိုင်ငံရေး အရ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ဝူဟန် မျိုးချစ်အစိုးရအား ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ တွင် တည်ထောင်ခဲ့ပြီး ၁၉၂၇ ဩဂုတ် ၁၉ တွင် အဆုံးသတ်ခဲ့သည်။<ref name="Clark">Clark, Anne Biller. Clark, Anne Bolling. Klein, Donald. Klein, Donald Walker. [1971] (1971). Harvard Univ. Biographic Dictionary of Chinese communism. Original from the University of Michigan v.1. Digitized Dec 21, 2006. p 134.</ref>
 
၁၉၃၁ ခုနှစ် တရုတ်နိုင်ငံ ရေကြီးမှုသည် ကမ္ဘာ့သမိုင်းတွင် အသေအပျောက်အများဆုံး ရေကြီးမှု တစ်ခု ဖြစ်ပြီး ဝူဟန်သည် အနီးအနားဒေသများမှ ရေဘေးဒုက္ခသည်များ၏ ခိုနားရာ နေရာ ဖြစ်ခဲ့ပြီး ဒုက္ခသည်များမှာ နွေဦးရာသီ နှောင်းပိုင်းမှ စတင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း နွေရာသီ အစောပိုင်း ဇူလိုင် ၂၇ ရက် မနက် ၆ နာရီ မတိုင်မီ တမံပြိုလဲမှုကြောင့် ဝူဟန်မြို့ပါ ရေကြီးခဲ့ပြီး <ref name=Graves>{{cite book|author=William Graves|title=The Torrent of Life (Journey into China)|url=https://archive.org/details/journeyintochina00nati|year=1982|edition=5th|publisher=National Geographic Society|isbn=978-0-87044-437-1}}</ref>{{rp|270}} ခန့်မှန်းခြေအားဖြင့် ၇၈၂,၁၈၉ ဦးမျှသော မြို့နေလူများနှင့် ကျေးလက်ဒုက္ခသည်များမှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရေကြီးမှုသည် စတုရန်းမိုင် ၃၂ မိုင်မျှ ရှိပြီး မြို့တော်မှာ ၃ လခန့်တိုင်အောင် ပေပေါင်းများစွာသော ရေအောက်တွက် ရှိနေခဲ့သည်။ <ref name=Graves/>{{rp|269–270}} မြို့တော်တစ်ဝှမ်းရှိ ရေဘေးလွတ်ရာ နေရာများတွင် လူအများအပြား စုဝေးနေခဲ့ပြီး လူ ၃၀,၀၀၀ မှာ ဟန်ကိုး အလယ်ပိုင်းရှိ ရထားလမ်း တမံများပေါ်တွင် ခိုလှုံနေခဲ့ကြသည်။ စားနပ်ရိက္ခာ အနည်းအပါးသာ ရှိပြီး ရေပေးဝေရေး စနစ် လုံးဝပျက်စီးသွားခြင်းကြောင့် လူဦးရေ ထောင်ပေါင်းများစွာမှာ မကြာမီ ရောဂါဘယများကို ခံစားခဲ့ရသည်။ <ref name=Courtney>{{cite book|author=Chris Courtney|title=The Nature of Disaster in China: The 1931 Yangzi River Flood|url=https://books.google.com/books?id=1DhFDwAAQBAJ|year=2018|publisher=Cambridge University Press|isbn=978-1-108-41777-8}}</ref> ဟူးပေ ရေကြီးမှု တားဆီးရေး အေဂျင်စီမှ စီနီယာ အင်ဂျင်နီယာ ဂျင်ရှိလောင် က ရေကြီးမှု အောက်ပါအတိုင်း ပြောပြခဲ့သည်။ <blockquote> ဘာမှ ကြိုမသိဘူး။ ရေလုံးကြီးက ရုတ်တရက် ရောက်လာတယ်။ အဲဒီတုန်းက ဝူဟန်က အဆောက်အဦး အတော်များများဟာ တစ်ထပ်ပဲ မြင့်ကြတယ်။ လူအများစုအတွက် လွတ်လမ်း မရှိခဲ့ဘူး။ သူတို့ သောင်းနဲ့ချီပြီး သေဆုံးကြသည်။ ကျွန်တော်က ကုမ္ပဏီ ရုံးချုပ်ကနေ ဂျူတီထွက်လာတာ။ အဲဒါက မြို့အလယ်နားမှာ ရှိတဲ့ ၃ ထပ် အဆောက်အဦးအသစ်။ ကျွန်တော် ကြောက်စရာ အသံကြီးကို ကြားပြီး ရေလုံးကြီး ဝင်လာတာ တွေ့လိုက်တော့ ကျွန်တော် အဆောက်အဦး ထိပ်ဆုံးအထိ တက်ပြေးတယ်။ ကျွန်တော်ဟာ အမြင့်ဆုံးနဲ့ အခိုင်မာဆုံး ကျန်ခဲ့တဲ့ အဆောက်အဦးတစ်ခုရဲ့ အပေါ်မှာ ရှိနေတယ်။ အဲဒီအချိန်က ရေက ကျသွားမယ်။ ဒါမှ မဟုတ် ထပ်တက်လာမယ်လို့ ဘယ်သူမှ မသိနိုင်ဘူး။.<ref name="Graves" />{{rp|270}}</blockquote> ဟန်ကိုးတွင် အမြင့်ဆုံး ရေမှတ်သို့ ဩဂုတ် ၁၉တွင် ရောက်ရှိခဲ့ပြီး ရေမှတ်မှာ ပုံမှန်ထက် {{convert|53|ft|m|abbr=on|order=flip}} မျှ များပြားနေခဲ့သည်။ <ref name="pietz">Pietz, David (2002). ''Engineering the State: The Huai River and Reconstruction in Nationalist China 1927–1937''. Routledge. {{ISBN|0-415-93388-9}}. pp. xvii, 61–70.</ref><ref>[[Winchester, Simon]] (2004). ''[[The River at the Center of the World: A Journey Up the Yangtze, and Back in Chinese Time]].'' Macmillan. {{ISBN|0-312-42337-3}}.</ref> ၁၉၃၆တွင် တရုတ်ပြည်အလယ်ပိုင်းအား သဘာဝ ဘေးအန္တရာယ်ကျရောက်၍ များပြားလှစွာသော ရေလွှမ်းမှုများမှာ ယန်ဇီမြစ်နှင့် ဟွိုင်မြစ်တို့၏ ကမ်းပါးများ ပြိုကျခြင်းကြောင့် ဟဲဘေ၊ ဟူနန်၊ ကျန်ဇီး၊ ဝူဟန် နှင့် ချောင်ကျင်းတို့သို့ သက်ရောက်စေခဲ့သည်။
 
[[File:Zhongshan Warship 1.jpg|thumb|ကျောင်ရှန်း စစ်သင်္ဘော]]