မဇ္ဈပဒေသပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Madhya Pradesh in India (disputed hatched).svg|thumb|]]
'''မဇ္ဈဒေသပြည်နယ်'''သည် [[အိန္ဒိယ]]ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်တစ်ခုဖြစ်၍ ရှေးဗြိတိသျှ လက်ထက်က ဗဟိုစီရင်စုနှင့် [[ဘီဟာပြည်နယ်|ဝိဟာရ်အလယ်ပိုင်းပြည်နယ်စု]]နှင့် ဗီရာနယ်တို့ကို ခေါ်ဝေါ်သော အမည်သစ်ပင်ဖြစ်၏။ ၁၉၅၆ ခုနှစ်၌ အိန္ဒိယနိုင်ငံရှိ ပြည်နယ်များကို နယ်နိမိတ် ပြန်လည် သတ်မှတ်ပြီးသည်နောက် ယခုအခါ မဇ္ဈဒေသပြည်နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၁၇၁,၂၁၀ မဇ္ဈဒေသဟူသော အမည်နှင့်အညီ အိန္ဒိယနိုင်ငံ၏ အလယ်ပိုင်း အချက်အခြာဒေသတွင်တည်ရှိ၏။ အရှေ့မြောက်ဖက်တွင် ဗီဟာ ၊ အရှေ့တောင်ဖက်တွင် [[ဩရိဿ]]၊ တောင်ဖက်အရှေ့ယွန်းယွန်းတွင် [[အန္ဓရဒေသ]]၊ အနောက်တောင်ဖက်တွင် ဘုံဘိုင်ပြည်နယ် ၊ အနောက်မြောက်ဖက်တွင် [[ရာဇဌာန်]]၊ မြောက်ဖက်တွင် [[ဥတ္တရဒေသပြည်နယ်ဥတ္တရဒေသ]]များဖြင့်ပြည်နယ်များဖြင့် ပတ်ရံလျက်ရှိသည်။ မဇ္ဈဒေသပြည်နယ်၏ ရုံးစိုက်မြို့သည် ဗိုပါမြို့ဖြစ်၏။
 
ဝိန္ဓိယတောင်တန်းနှင့် ဆတ်ပူရတောင်တန်းများသည် မဇ္ဈဒေသပြည်နယ်တွင် အနောက်မြောက်ဖက်၌ ပြတ်တောင်းပြတ်တောင်းတည်ရှိသည်။ မဟာနဒီမြစ်၏ အထက်ပိုင်းသည် ဤပြည်နယ်တွင်ပါဝင်သည်။ ရာသီဥတုအားဖြင့်မူ ကုန်မြင့်၌ အပူအအေးညီမျှ၍ မြစ်ဝှမ်း၌မူ အိုက်သည်။ မိုးအသင့်အတင့် ရွာသည်။ မဇ္ဈဒေသ ပြည်နယ်မှ သံရိုင်း၊ မန်ဂနိ ၊ မဂ္ဂနီဆိုက် ၊ ဗောက်ဆိုက် ၊ ကျောက်မီး သွေးစသည်တို့ ထွက်သည်။ လယ်ယာစိုက်ပျိုးခြင်းသည် အဓိကလုပ်ငန်းဖြစ်လျက ဆန်စပါး၊ ဂျုံ၊ နှံစားပြောင်း၊ ဝါဂွမ်း၊ လူး၊ ဆပ်တို့ထွက်၏။ ဘိလတ်မြေလုပ်ငန်း သည် လုပ်ငန်းကြီးတစ်ခု ဖြစ်၏။ လမ်းပန်းဆက်သွယ်ရေးအားဖြင့် မီးရထားလမ်း ကောင်းများ၊ မော်တော်ကား လမ်းကောင်းများရှိ၏။ မဇ္ဈဒေသပြည်နယ်တွင် နေထိုင်သူ အများစုမှာ ဟိန္ဒူလူမျိုးများဖြစ်၍ အများပြော စကားမှာလည်း ဟင်ဒီဘာသာစကားဖြစ်၏။ပြည်နယ်တွင်းရှိ လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၂၆၇၁၆၃၇ ဖြစ်၏။