စိုးသိမ်း၊ ဦး၊ ဂျီစီဘီအေ: တည်းဖြတ်မှု မူကွဲများ

linking
စာကြောင်း ၁၅ -
==စိုးသိမ်း၊ ဦး (မြန်မာ ၁၂၄၇-၁၃ဝ၆)==
=== နိုင်ငံရေးဖြင့် ထင်ရှားသော ဦးစိုးသိမ်း ===
ဦးစိုးသိမ်းသည်'''ဦးစိုးသိမ်း'''သည် မြန်မာ သက္ကရာဇ် ၁၂၄၇ ခု (ခရစ် သက္ကရာဇ် ၁၈၈၅) ခုနှစ်၊ သီတင်းကျွတ်လတွင် ရေနံချောင်းမြို့၌ အဘ ဦးအောင်မြတ် အမိ ဒေါ်မေတို့မှ ဖွားမြင်သည်။ ဦးစိုးသိမ်း၏ မိဘများမှာ တွင်းစားမျိုးရိုးများ ဖြစ်ကြသည်။ မောင်စိုးသိမ်း ၅ နှစ်သား အရွယ်ခန့်တွင် ရေနံချောင်းမြို့ ဝက်ချုပ် ဆရာတော်ထံတွင် ၆ နှစ်ခန့်မျှ ပညာ သင်ကြားခဲ့သည်။ ၁၂၅၉ ခုနှစ်မှ ၁၂၆၅ ခုနှစ်အထိ ပြည်မြို့ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၂၆၆ ခုနှစ်မှ ၁၂၆၈ ခုနှစ်အထိ မန္ဈလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နှစ်ကျောင်းလုံး၌ အင်္ဂလိပ်မြန်မာ နှစဘာသာတို့ကို သင်ကြားခဲ့သည်။ ထို့နောက် ၁၂၆၉ ခုနှစ်တွင် ရေနံချောင်းမြို့သို့ ပြန်လာပြီးလျှင် ဘီအိုစီ ကုမ္ပဏီတွင် အလုပ်လုပ်သည်။
 
ကိုစိုးသိမ်းသည် ၁၂၄၇ ခုနှစ် (၁၉၁၂ ခု) တွင် ဂျပန်နိုင်ငံသို့ ပညာ သင်ယူရန် သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် ပညာ သင်ယူနေစဉ် ဆရာတော် ဦးဥတ္တမနှင့် တွေ့ရှိသဖြင့် ဦးဥတ္တမ၏ အားပေး တိုက်တွန်း ကူညီမှုကြောင့် ဂျပန်နိုင်ငံတွင် ၃ နှစ်ကြာမျှ ပညာ သင်ယူသည်။
စာကြောင်း ၂၁ -
ထိုနောက်တဖန် ဦးစိုးသိမ်းသည် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့သို့ သွာရောက်ပြီး ပညာ သင်ယူသည်။ ထိုမှတဖန် လောစ်အိန်ဂျလ်လိစ်မြို့ရှိ အနောက်တိုင်း ကောလိပ်၌ လည်းကောင်း၊ စတန်းဖို့မြို့ရှိ စတန်းဖို့ တက္ကသိုလ်၌ လည်းကောင်း ပညာ သင်ယူပြန်ရာ သတ္တုတွင်း လုပ်ငန်းဆိုင်ရာ ဘူမိဗေဒ ပညာရပ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
 
ဤသို့ ပညာသင်ကြားနေပြီး ဒေသန္ဈ ရဗဟုသုတ အလို့ငှာ မက္ကဆီကိုနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဟာဝိုင်းယန် ကျွန်းစု၏ မြို့တော် ဟိုနိုလူလူ စသည်များသို့ လည်းကောင်း၊ အင်္ဂလန်၊[[အင်္ဂလန်]]၊ စကော့တလန်၏[[စကော့တလန်]]၏ အိုင်ယာလန်၊[[အိုင်ယာလန်]]၊ ပြင်သစ်၊[[ပြင်သစ်]]၊ ဂျာမနီ၊[[ဂျာမနီ]]၊ အီတလီ၊[[အီတလီ]]၊ ဟော်လန်၊[[ဟော်လန်]]၊ ဆွစ်ဇာလန်၊[[ဆွစ်ဇာလန်]]၊ [[ဘယ်လဂျီယန်]] စသည့် နိုင်ငံများသို့ လည်းကောင်း၊ အီဂျစ်၊[[အီဂျစ်နိုင်ငံ|အီဂျစ်]]၊ အိန္ဒိယ၊[[အိန္ဒိယ]]၊ သီဟိုဠ် ([[သီရိလင်္ကာနိုင်ငံ|သီရီလင်္ကာ]])၊ တရုတ်၊[[တရုတ်]]၊ [[ထိုင်းနိုင်ငံ|ယိုဒယား]]၊ ယိုဒယား၊[[မလေး ကျွန်းဆွယ်|မလာယုကျွန်းဆွယ်]] စသည့် အာရှတိုက် နိုင်ငံများသို့ လည်းကောင်း အနှံ့အပြား လှည့်လည်ခဲ့လေသည်။ ၁၂၈၄ ခုနှစ် (၁၉၂၂) ခုနှစ်ခန့်တွင် မြန်မာပြည်သို့ ပြန်ရောက်ရှိ ခဲ့လေသည်။
 
ဦးစိုးသိမ်းသည် နိုင်ငံခြား တိုင်းပြည်များသို့ အနှံ့အပြား သွားလာ လည်ပတ် ခဲ့သော်လည်း မျိုးရိုး ဇာတိမာန် မပျောက်သော ပုဂ္ဂိုလ် ဖြစ်သည်။ မျိုးချစ်စိတ် ထက်သန်သူလည်း ဖြစ်သည်။ မျိုးချစ်စိတ် ထက်သန်သည့် အလျှောက် မြန်မာပြည်သို့ ပြန်ရောက်သည့် အခါ ပင်နီအကျႌကို အမြဲလိုပင် ဝတ်လေ့ရှိသည်။ များသောအားဖြင့် ခေါင်းပေါင်းအစား ပင်နီဦးထုပ်ကို ဆောင်းလေ့ရှိသည်။ တိုင်းရင်းဖြစ် ပစ္စည်း အားပေးသော အနေဖြင့် ထမင်းစားရာ၌ပင် ယွန်းပန်းကန်နှင့် စားသည်ဟူ၍ လည်းကောင်း၊ သူ၏အိမ်ကို မိုးရာသီ၌ပင် ထန်းရွက်ကို စနှစ်တကျ ဖြတ်လှီး၍ မိုးသည်ဟူ၍ လည်းကောင်း ဦးစိုးသိမ်းနှင့် သိကျွမ်းသူတို့က အမှတ်တရ ပြောဆိုကြသည်။
စာကြောင်း ၂၉ -
သက္ကရာဇ် ၁၂၈၆ (၁၉၂၃ - ၂၄) ခုနှစ်လောက်တွင် အမျိုးသား ပညာရေး ကောင်စီသည် မြန်မာနိုင်ငံရှိ အမျိုးသား ကျောင်းများအတွက် အစိုးရ အထောက်အပံ့ ခံယူခြင်း မပြုသင့်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ဦးစိုးသိမ်းသည် အထောက်အပံ့ မယူခြင်း ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသား ပညာရေး ဘုတ်အဖွဲ့ကို တည်ထောင်ရာ၌ ပါဝင် အားပေးခဲ့သည်။ ဤသည်မှာ ဦးစိုးသိမ်းသည် နိုင်ငံရေး နယ်ထဲသို့ ကိုယ်ထိလက်ရောက် ဝင်ရောက် လာစေရန် ဖိတ်ခေါ်ခြင်း တရပ်ပင် ဖြစ်သည်။
 
ဤကဲ့သို့ အမျိုးသား ပညာရေး အဖွဲ့တွင် ဆောင်ရွက်နေဆဲ ဦးစိုးသိမ်းသည် [[ဂျီစီဘီအေ]] (မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ အသင်းချုပ်ကြီး) အသင်းတွင် အရေးပါ အရာရောက်သူတို့နှင့် အဆက်အသွယ် ပြုသည်။ သူ၏ ရိုးသားမှုကြောင့် အများ၏ ယုံကြည် လေးစားခြင်းကို ခံရသည်။ ထိုအတွင်း ဦးချစ်လှိုင်၏ ဂျီစီဘီအေ သည် ၁၂၈၆ ခုနှစ်တွင် ၂ ခြမ်း ကွဲလေသည်။ ဤသို့ ၂ ခြမ်း ကွဲသောအခါ ဦးစိုးသိမ်းကို ကြည်ညိုသူတို့က ဦးစိုးသိမ်းအား ဂျီစီဘီအေ အသင်း၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ရန် စီစဉ်ကြသည်။ ရွှေဘိုမြို့တွင် ၁၂၈၇ ခု၊ နယုန်လပြည့်ကျော် ၁၁ ရက်နေ့တွင် စတင် ကျင်းပသော (၁၂) ကြိမ်မြောက် ဂျီစီဘီအေ အသင်း အစည်းအဝေး၌ ဦးစိုးသိမ်းအား ဥက္ကဋ္ဌကြီး အဖြစ် တင်မြှောက်ကြသည်။ ‘သမ္မတ ဦးချစ်လှိုင်’ ဟု ခေါ်တွင်သော အစဉ်အလာတိုင်း ‘သမ္မတ ဦးစိုးသိမ်း’ ဟု အမည်တွင်လာသည်။
 
သမ္မတ ဦးစိုးသိမ်း အဖြစ်ဖြင့် ဂျီစီဘီအေတွင် ဆောင်ရွက် လာခဲ့သည်မှာ ၁၂၉၁ ခု၊ တန်ခူးလဆန်း ၁ဝ ရက်နေ့မှ ၁၃ ရက်နေ့များတွင် တောင်ငူမြို့၌ ကျင်းပသော နှစ်ပတ်လည်အစီးအဝေးကြီးထိ ဖြစ်သည်။ ဦးစိုးသိမ်းသည် နိုင်ငံရေးကို သူ၏ အမြင်အတိုင်း တည့်မတ် ဖြောင့်မှန်စွာ လုပ်ဆောင်သူ ဖြစ်သည်။ ရိုးသားသူ ဖြောင့်မတ်သူဟု ကျော်ကြားသည်။ ဝံသာနု ခေါင်းဆောင်ကြီးပီပီ ဆင်းရဲသားများနှင့် ရောပြွမ်းတတည်း ဆက်ဆံသည်။ ဟိတ်ဟန်မပါ ရိုးရိုးဆက်ဆံမှုကိုသာ အစဉ် ပြလေ့ရှိသည်။ အစိုးရနှင့် မဆက်ဆံဘဲ နိုင်ငံရေး ဆောင်ရွက်ရန် ဟူသော ဝါဒကို ထားရှိသည်။ ထို့ကြောင့်ပင် ၁၂၈၈ ခုနှစ် (၁၅) ကြိမ်မြောက် မင်းဘူး ကွန်ဖရင့် အထိ ဦးစိုးသိမ်း၌ နောက်လိုက် အင်အား များခဲ့သည်။