လက်နက်ထုတ်လုပ်သော လုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂၂ -
အမှန်တကယ်ပင်— လက်နက်များ ရောင်းဝယ်ဖောက်ကားခြင်းအပေါ် စကားစစ်ထိုးပွဲတိုင်း နီးပါးတွင် ဤအရာ သည် ဖြစ်ပွားလေ့ရှိသည်— အသုံးပြုသော အခေါ်အဝေါ်များနှင့် ၎င်းရည်ညွှန်းသော လူအများတို့သည် အလွန် အမင်းပြောင်းလဲနိုင်သည်။ နှစ်များကုန်ဆုံးလာသည် နှင့်အမျှ အစိုးရများသည် "စိတ်ဝင်စားမှု" အသစ်များ အ ပေါ်တွင် ဆုံးဖြတ်ချက်ချပြီး အခြေအနေများမှာလည်း လျော်ညီစွာ ပြောင်းလဲသည်။ "လွတ်လပ်မှု အတွက် တိုက်ပွဲဝင်သူများ" သည် " ပုန်ကန်ထကြွသူများ" ဖြစ်လာသည်။ "အကြမ်းဖက်သူများ"သည် "တန်ဖိုး မဖြတ်နိုင် သော မဟာမိတ်များ" ဖြစ်လာပြီး "ဘာသာရေးတွင် တက်ကြွလွန်းသူများ"သည် "တည်ငြိမ်ခြင်း၏ ကိုယ်စား လှယ်" များ အဖြစ်သို့ အသွင်ပြောင်းသွားသည်။ ၂၁ ရာစု အစောပိုင်း၏ သီးခြားဖြစ်သော ဝေါဟာရကိုအသုံး ပြုရန် နိုင်ငံများအားလုံးသည် "လိုလိုလားလားဖြင့် ပူးပေါင်းခြင်း" မှနေ၍ "မကောင်းမှုအတွက် နိုင်ငံများ အချင်း ချင်း မဟာမိတ်ဖွဲ့ခြင်း" သို့ အချိန်တိုအတွင်း သွားနိုင်ပြီး ပြောင်းလဲမှုတိုင်းသည် ကမ္ဘာပေါ်တွင် လက်နက်များ ဖြန့်ဝေခြင်းနှင့် မူဝါဒကို အကျိုးသက်ရောက်မှုရှိသည်။
 
ကော်စတာ ရီကာ သမ္မတ ဖြစ်သူ Oscar Arias Sanchez (အော်စကာ အာရီးရပ်(စ်) ဆန်ချက်(ဇ်)) (အမေ ရိက အလယ်ပိုင်းတစ်လျှောက်တွင် ပြည်တွင်းစစ်များကို အဆုံးသတ်ရန် Esquipulas II Accords (အက်(စ်) ကျူပူရပ်(စ်) II သဘောတူညီချက်များ) မှတစ်ဆင့် သူ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၈၇ တွင် နိုဘယ် (လ်) ငြိမ်းချမ်းရေးဆု ကို ချီးမြှင့်ခြင်းခံရသည်) သည် ဤသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ "တိုင်းပြည်တစ်ပြည် သည် ပညာရေး၊ အိုးအိမ်၊ သဘာဝပတ်ဝန်းကျင်နှင့် ၎င်း၏ ပြည်သူပြည်သားများအတွက် ကျန်းမာရေး ဝန် ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမည့်အစား လက်နက်များတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်သောအခါ ထိုတိုင်းပြည် သည် မျိုးဆက်တစ်ခုလုံးအား ကြွယ်ဝချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ရရှိခံစားနိုင်သည့် ၎င်း၏အခွင့်အရေးကို ပိတ် ပင်ထားခြင်းဖြစ်သည်။ ဤကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူဤ[[ကမ္ဘာ]]မြေကြီးပေါ်တွင်နေထိုင်သူ ဆယ်ဦးတိုင်းအတွက် ကျွနု်ပ်တို့သည် သေနတ် တစ်လက်ကို ထုတ်လုပ်ခဲ့သည်ဖြစ်ပြီး ဆာလောင်မွတ်သိပ်ခြင်းကို အဆုံးသတ်ရန် ထို်ကဲ့သို့သော စွမ်းဆောင် မှုသည် ကျွနု်ပ်တို့၏ လက်တစ်ကမ်းအတွင်း ရှိသော်လည်း အပင်ပန်းခံဆောင်ရွက်ခြင်းမရှိ သေးပါ။ ကျွနု်ပ်တို့၏ နို်င်ငံတကာဥပဒေများသည် ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများဆီသို့ ဥပဒေကြောင်းအရ လိုက်နာ ဆောင်ရွက်စေသည့် မည်သို့သောအပြည်ပြည်ဆိုင်ရာ လမ်းညွှန်ချက်များမျှမရှိပဲ ကမ္ဘာ့လက်နက်ရောင်းခြင်း၏ လေးပုံ သုံးပုံ နီးပါးကို တသဲသဲဝင်ရောက်စေခဲ့သည်။ ကျွနု်ပ်တို့၏ ထိန်းသိမ်းမှုများသည် ထိုလက်နက်များ၏ ဖြစ်နိုင်ခြေရှိသော အသုံး ပြုခြင်းမှာ သိသာထင်ရှားခြင်း ရှိလျှင်သော်မှ တိုင်းပြည်များအား ၎င်းတို့ရောင်းချခဲ့သောလက်နက်များ နှင့်ပတ် သက်၍ မည်သို့ ပြုလုပ်ရမည်ဟူသော တာဝန်ယူခြင်းကို မသတ်မှတ်ထားပါ။
 
 
== ရည်ညွှန်းကိုးကား ==
* http://en.wikipedia.org/wiki/Arms_industry