စိုးသိမ်း၊ ဦး၊ ဂျီစီဘီအေ: တည်းဖြတ်မှု မူကွဲများ

linking
 
စာကြောင်း ၁၅ -
==စိုးသိမ်း၊ ဦး (မြန်မာ ၁၂၄၇-၁၃ဝ၆)==
=== နိုင်ငံရေးဖြင့် ထင်ရှားသော ဦးစိုးသိမ်း ===
'''ဦးစိုးသိမ်း'''သည် မြန်မာ သက္ကရာဇ် ၁၂၄၇ ခု (ခရစ် သက္ကရာဇ် ၁၈၈၅) ခုနှစ်၊ သီတင်းကျွတ်လတွင် ရေနံချောင်းမြို့၌[[ရေနံချောင်းမြို့]]၌ အဘ ဦးအောင်မြတ် အမိ ဒေါ်မေတို့မှ ဖွားမြင်သည်။ ဦးစိုးသိမ်း၏ မိဘများမှာ တွင်းစားမျိုးရိုးများ ဖြစ်ကြသည်။ မောင်စိုးသိမ်း ၅ နှစ်သား အရွယ်ခန့်တွင် ရေနံချောင်းမြို့ ဝက်ချုပ် ဆရာတော်ထံတွင် ၆ နှစ်ခန့်မျှ ပညာ သင်ကြားခဲ့သည်။ ၁၂၅၉ ခုနှစ်မှ ၁၂၆၅ ခုနှစ်အထိ ပြည်မြို့ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၂၆၆ ခုနှစ်မှ ၁၂၆၈ ခုနှစ်အထိ မန္ဈလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နှစ်ကျောင်းလုံး၌ အင်္ဂလိပ်မြန်မာ နှစဘာသာတို့ကို သင်ကြားခဲ့သည်။ ထို့နောက် ၁၂၆၉ ခုနှစ်တွင် ရေနံချောင်းမြို့သို့ ပြန်လာပြီးလျှင် ဘီအိုစီ ကုမ္ပဏီတွင် အလုပ်လုပ်သည်။
 
ကိုစိုးသိမ်းသည် ၁၂၄၇ ခုနှစ် (၁၉၁၂ ခု) တွင် ဂျပန်နိုင်ငံသို့ ပညာ သင်ယူရန် သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် ပညာ သင်ယူနေစဉ် ဆရာတော် ဦးဥတ္တမနှင့် တွေ့ရှိသဖြင့် ဦးဥတ္တမ၏ အားပေး တိုက်တွန်း ကူညီမှုကြောင့် ဂျပန်နိုင်ငံတွင် ၃ နှစ်ကြာမျှ ပညာ သင်ယူသည်။
စာကြောင်း ၄၅ -
ထို့နောက် ၁၂၉၂ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ် လိုက်လေသည်။ ဤအခါ မြန်မာနိုင်ငံရေးတွင် အိန္ဒိယနှင့် ခွဲရေး တွဲရေး ပြဿနာ ဝင်ရောက် လာတော့သည်။ ထိုအခါ ဦးစိုးသိမ်းသည် နိုင်ငံရေး နယ်ပယ်မှ အနားယူကာ နေထိုင်လျက် ရှိသည်။ ထို့နောက်တွင်ကား ဦးစိုးသိမ်း၏ နိုင်ငံရေး ဆောင်ရွက်ချက်တို့သည် မှတ်တမ်း တင်လောက်အောင် မရှိတော့ချေ။
 
ဦးစိုးသိမ်းနှင့် ပါရမီ ဖြည့်ဖက် ဇနီးမှာ ပြည်မြို့သူ ဒေါ်သော့ ဖြစ်သည်။ ဒေါ်သော့သည် ဦးစိုးသိမ်းနှင့် တကယ့် ပါရမီဖြည့်ဖက် အမျိုးသမီး ဖြစ်သည်။ ငယ်စဉ်ကပင် ဦးစိုးသိမ်းနှင့် အတူတကွ ဂျပန်နိုင်ငံသို့ လိုက်ပါလျက် ပညာ သင်ကြားခဲ့သည်။ ပညာ သင်ကြားပြီး ၎င်းတို့ နှစ်ဦးသည် ဇနီးမောင်နှံ အဖြစ်ဖြင့် နိုင်ငံခြား အရပ်ရပ်သို့ အတူအကွ ရောက်ခဲ့ကြသည်။ သားသမီးကား တယောက်မျှ ထွန်းကားခြင်း မရှိချေ။
 
== ဘဝနိဂုံး ==