ဘရက်ဇစ်: တည်းဖြတ်မှု မူကွဲများ

ဥရောပသမဂ္ဂထံမှဆုတ်ခွာ
"'''ဘရက်ဇစ်''' ဆိုသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၅၆၊ ၃၁ ဇန်နဝါရီ ၂၀၂၀ ရက်နေ့က မူ

ဘရက်ဇစ် ဆိုသည်မှာ အင်္ဂလိပ်စာလုံး ဗြိတိသျှ(British) နှင့် အိတ်ဇစ်(exit) နှစ်လုံးကို ပေါင်းစပ်ထားသော စကားလုံး ဖြစ်ပြီး ဥရောပသမဂ္ဂ (အီးယူ) မှ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ (ယူကေ) နှုတ်ထွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အပြီးတွင် ၅၂% မှ နှုတ်ထွက်ရန် ဆန္ဒပြုခဲ့သဖြင့် ယူကေ အစိုးရမှ ၂၀၁၇ ခုနှစ် မတ်လတွင် ဥရောပသမဂ္ဂမှ နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ဘရက်ဇစ် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ယူကေသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီ (ဂရင်းဝစ်စံတော်ချိန်) တွင် နှုတ်ထွက်ရန် အချိန်သတ်မှတ်ထားသည်။ ထို့နောက် အကူးအပြောင်း ကြားကာလအဖြစ် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသည်။ [၁] ထိုအချိန်ကာလအတွင်း ယူကေနှင့် အီးယူတို့ အနာဂတ်ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံရေးများအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ [၁]

ကိုးကား

  1. ၁.၀ ၁.၁ Asa Bennett။ "How will the Brexit transition period work?"၊ 27 January 2020။