မဟာကဿပ: တည်းဖြတ်မှု မူကွဲများ

→‎အိမ်ထောင်ပြုခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၅ -
ပိပ္ပလိသည် အရွယ်ရောက်လာ၏။ ထိုအခါ မိဘတို့က အိမ်ရာတည်ထောက်ရန် နားချကြ၏။ ထိုအခါ ပိပ္ပလိသည် ရွှေစင်ရုပ်တုကိုသွန်းလုပ်ပြီး အဝတ်တန်ဆာတို့ကို ဆင်မြန်းစေ၏။ မိဘတို့အား ထိုရုပ်တုနှင့် တူသူကို ရပါက အိမ်၌ နေမည်၊ မနေလျှင် အိမ်ရာတည်ထောင် လူတို့ဘောင်တွင် မနေပါ ဟု ပြော၏။ ထိုအခါ မိဘတို့သည် ပုဏ္ဏားရှစ်ယောက်တို့အား ရွှေစင်ရုပ်တုနှင့် တူသူကို အရှာလွှတ်၏။ ရှာဖွေရာ မဒ္ဒတိုင်း သာဂလမြို့တွင် တွေ့၏။ တွေ့ခဲ့သူမှာ ကောသိယဂေါတ္တပုဏ္ဏားသူဌေးကြီး၏ သမီးဖြစ်သူ ဘဒ္ဒါကာပိလာနီ ဖြစ်၏။ ထို့နောက် ပုဏ္ဏားတို့သည် ရွှေစင်ရုပ်တုကို ပေးကာ အကျိုးအကြောင်း ပြော၏။
 
ပိပ္ပလိနှင့် ဘဒ္ဒါကာပိလာနီတို့သည် စာပေလွှာများ အပြန်အလှန် ပေးပို့ကြ၏။ စာထဲတွင် ပါဝင်သည်မှာ အခြားတစ်ယောက်ကို ယူရန်၊ မိမိမှာ တောထွက်မှာ ဖြစ်သည့်အကြောင်း ရေးသားထား၏။ သို့သော် စာပို့လုလင်က မူလစာတို့ကို ဖျောက်ပစ်လိုက်၏။ နှစ်သက်သည့်၊ ဝမ်းမြောက်သည့် စာများပ့သည့်စာများပါသည့် စာလွှာများကို ရေးကာ ပို့လေ၏။ မိဘတို့၏ ဆောင်ရွက်မှုနှင့် ကြားလူတို့ကြောင့် လက်ထပ်ထိမ်းမြား ဖြစ်လေသည်။ ဇနီးမောင်နှံ ဖြစ်သော်လည်း မောင်နှမကဲ့သို့ နေထိုင်ကြ၏။ အိပ်သည့်အခါတွင်လည်း အလယ်တွင် ပန်းကုံးနှစ်ခု ခြားထား၏။ ရာဂစိတ်ဖြစ်သူ၏ ဘက်မှ ပန်းကုံးသည် ညှိုးစတမ်းဟု ကတိထားကာ အိပ်ကြ၏။ ပန်းတို့သည် မညှိုးကြပေ။<ref name="AGoodBuddhist">{{cite book
|title= ဗုဒ္ဓဘာသာကောင်း တစ်ယောက်
|author= သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
စာကြောင်း ၂၁ -
|pages= ၆၁၈၊ ၆၁၉
}}</ref>
 
 
==ဘုရားရှင်နှင့် တွေ့ဆုံခြင်း==