အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

→‎သာသနာပြုခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်, ခုနှစ်သက္ကရာဇ်ပြင်ခဲ့သည်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၃ -
အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်[[နဂါး]] နှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။
 
ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ မြန်မာနိုင်ငံ [[နိုင်ငံတော်ဘာသာ]] အစ- အနော်ရထာမင်း က ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်း က စတင် သတ်မှတ် ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ မြန်မာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း '''၉၆၉၉၇၆''' ( ခရစ်နှစ်၂၀၁၃ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၆၉၉၇၆) က ပထမ စတင် သတ်မှတ် ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။
 
ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ ပိဋကတ်တော်အစုံ ၃ဝ ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။
စာကြောင်း ၆၁ -
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။
 
မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ရွှေစည်းခံုဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။
 
အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် [[တျံတြစ်အယူဝါဒ]] နှင့် [[အရည်းကြီး]] တို့ကို နှိမ်နင်းခဲ့သည်။