စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၂ -
ထို့ပြင် စာအုပ်ထုတ်ဝေရေး ဆိုင်ရာနှင့် စာနယ်ဇင်း ထုတ်ဝေရေး ဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ အဆင့်မြင့်သော နိုင်ငံများ၏ နိုင်ငံပိုင် စာပေထုတ်ဝေရေး ဌာနများသည် စွယ်စုံကျမ်းများကို ထုတ်ဝကြေစမြဲဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း စာပေဗိမာန်သည် အကြောင်းရပ် (က) မှ (ကုံ) အထိ ပါဝင်သော မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) ကို ၁၉၅၄ ခုနှစ်တွင် စတင်ထုတ်ဝေနိုင်ခဲ့ပြီး အကြောင်းရပ် (အ) မှ (အွန်) အထိ ပါဝင်သော နောက်ဆုံးအတွဲဖြစ်သည့် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက် ခေတ်နှင့်အညီ ဖြစ်ပေါ်လာသော အကြောင်းရပ်များကို ဖြည့်စွက်ဖော်ပြသော မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ကို ၁၉၇၈ ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ရာ ယခုအခါ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၈) အထိ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ သုတေသီများ ကိုးကားရသော ကျမ်းတစ်အုပ်ဖြစ်သည်။
 
စာပေဗိမာန်ကို စတင်တည်ထောင်စဉ်ကပင် လုံးချင်းစာအုပ်များကို ထုတ်ဝေခဲ့သည်။ သို့သော် ထိုစဉ်က ပြည်သူ့လက်စွဲစာစဉ်ဟု မခေါ်ဝေါ်ခဲ့ပေ။ ၁၉၆၀ ပြည့်နှစ်တွင် စာတတ်မြောက်ခါစ ပုဂ္ဂိုလ်များ ဖတ်ရှုနိုင်ရန် ပုံနှိပ်စာလုံး ကြီးကြီးမည်းမည်း နှင့် ရိုက်နှိပ်ထားသော စာအုပ်ကလေးများကို စာပေဗိမာန်က ထုတ်ဝပြေီး ပြည်သူ့လက်စွဲစာစဉ် ဟူ၍ အမည်ပေးခဲ့သည်။ ထိုအခါမှ စ၍ စာပေဗိမာန် စာအုပ်အသင်းလည်း ပေါ်ပေါက်လာခဲ့သည်။ စာပေဗိမာန် စာအုပ်အသင်းသို့ ဝင်ရောက်လိုသူများသည် သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်ပြီး နှစ်စဉ်ကြေး ပေးသွင်းပါက အသင်းဝင် ဖြစ်လာပြီး တစ်လလျင် စာအုပ်တစ်အုပ် အခမဲ့ရရှိသည် ဖြစ်သည်။ ယခုအခါ စာပေဗိမာန် စာအုပ် အသင်းဝင် ဦးရေ (၁၅ယဝဝဝ၁၅ဝဝဝ) ခန့်ရှိသည်။ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ်မှ စာအုပ်ငါးမျိုး ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး တစ်မျိုးကို စာအုပ်အသင်းဝင်များသို့ ဖြန့်ဝေကာ အခြားလေးမျိုးကို စာပေဗိမာန် စာအုပ်ဆိုင်တွင် တင်၍ ရောင်းချသည့် အပြင် နယ်ကိုယ်စားလှယ်များ ထံသို့လည်း ဖြန့်ချိပေးသည်။ ပြည်သူ့လက်စွဲစာအုပ်များသည် များသောအားဖြင့် စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေ စာမူဆု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသား ဆောင်ပုဒ်များ အကောင်အထည်ဖော်ရေး စာပေပြိုင်ပွဲတို့မှ ဆုရရှိကြသော စာမူများကို ပုံနှိပ်ထားခြင်း ဖြစ်သည်။
 
ကလေးများ ဖတ်ရှုနိုင်ရန် အပတ်စဉ် ရုပ်ပြစာစောင် တစ်ခု ထုတ်ဝေသင့်ကြောင်း ၁၉၆၈ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲက စာပေဗိမာန်သို့ လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းညွှန်ချက်အရ စာပေဗိမာန်က ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ ရွှေသွေးစာစောင်ကို အပတ်စဉ် ထုတ်ဝေခဲ့သည်။ ယခု ၁၉၉၇ ခုနှစ်တွင် နှစ် ၄၀ သက်တမ်းရှိပြီ ဖြစ်သည်။ ရွှေသွေး အထူးထုတ် စာစောင်ကိုလည်း နှစ်စဉ် ထုတ်ဝေလျက် ရှိသည်။