"ကိလေသာ" ၏ တည်းဖြတ်မှု မူကွဲများ

၂၂၂၂၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ လ
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
အရေးမကြီး
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် မျက်မြင် တည်းဖြတ်
=== လောဘ ===
လောဘ ဆိုသည်မှာ လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂ သည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။
 
လောဘ အကြောင်း
 
လိုချင်မှု သဘောသည် လောဘတည်း။ ထို့ကြောင့် “လောက သဘောလိုချင်ဟော၍”ဟု ဆိုခဲ့သည်။ “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘ ဖြစ်သည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေ တတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်း ဥစ္စာကို လိုချင့်မှု စသော ကောင်းသော အရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။
 
လောဘ၏ အခြားနာမည်များ။။ဤလောဘကို “ပေမ”ဟု လည်းကောင်း၊ “တဏှာ”ဟု အခြား နာမည်များလည်းကောင်း၊ “ရာဂ” ဟုလည်းကောင်း၊ သမုဒယ ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံး နှုန်းကြ၏။ ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီး ခင်ပွန်း စသော အိမ်သူ အိပ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလို မျိုးလိုချစ်ခင်မှုတို့၌ သုံးနှုန်းကြရသည်။ ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ ဤ ချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်” ဟုလည်း တမျိုး ခေါ်ကြသေး၏။ သံယောဇဉ် ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပါယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တယောက်နှင့် တယောက်ကို မခွဲနိုင် မခွါရက်အောင် ချည်နှောင်ခြင်း-ဟု ဆိုလိုသည်။
 
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟု ခေါ်၏။ ကာမ-လိုလားအပ်သော+ဂုဏ-အနှောင်အဖွဲ့။] ထမင်းဆာ-ရေငတ်သကဲ့သို့ ထိုကာမဂုဏ် အာရုံများကို သာမန် လိုချင်ရုံမကပဲ ကပ်ကပ်သတ်သတ်ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံမက၊ မိန်းမ ယောက်ျား တဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး” ဟုလည်း ခေါ်ကြလေသည်။ တဏှာ ဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ ထိုကာမဂုဏ်အာရုံ ငါးပါးတို့တွင် အတွေ့အာရုံ (မေထုန်မှု)ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ ရာဂ ဟူသော စကား၌ “ငြိကပ်ခြင်း-စွဲလမ်းခြင်း”ဟု အဓိပ္ပါယ် ရပြန်သည်။ (ရာဂ-အဝတ်ကို ဆိုးရည်ဖြင့် ဆိုးသောအခါ စွဲကပ်နေသကဲ့သို့ တယောက်အပေါ်၌ စွဲနေသော လောဘ)၊ ဤကား စာသုံးမဟုတ်၊ လောက အသုံးကို လိုက်၍ ခွဲခြင်းတည်း။
 
သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနှုန်း ပြန်သည်။ သမုဒယ ဟူသော စကား၌ “ဒုက္ခဖြစ်ကြောင်းဒုက္ခလောင်း”ဟု အဓိပ္ပါယ် ရပြန်၏။ ပြခဲ့သော ပေမ-တဏှာ-ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် နေကြရသည်။ ယခုအခါ သူသူ ငါငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤ တဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏၊ လောဘ ငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ”ဟု ဆိုလိုသည်။ ဤ လောဘနှင့် အတူ ဖြစ်ရသော စိတ်ကို “လောဘစိတ်၊ တဏှာစိတ်၊ ရာဂစိတ်၊ သံယောဇဉ်စိတ်”ဟု ခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။
 
တဏှာလောဘ နောက်မဆုတ်ပုံ။။ဤ တဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ပဲ သူ့ အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါ နောက်ဆုတ်မည်မဟုတ်။ နွားကလေး၏ပေါက်ခါစ ဦးချို့သည် ကြီးလေ-ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ ပါလာခဲ့သော ဤ တဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “မောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။
 
ဆားငန်ရေသောက်။။ ဖွားမြင်သည်ကစ၍ မိဘချစ်ရ-ဆွေမျိုးဉာတိချစ်နှင့် ချစ်လက်စ တီထွင်တာ အတော်ကြာလျှင် ကစားဖော်ချင်း ချစ်ရ-မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာ တရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ၊ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံ တွေကို ငတ်ငတ်ရှိ၍ လိုက်စားမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ပဲ ချစ်ပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့သည်။
 
“အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊ ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်း သောက်က၊ သောက်လေ သောက်လေ။ ငတ်မပြေဘို့၊ ပေမ အရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ် မမြင်၊ မဆင်ခြင်ပဲ၊ ချစ်လျှင် ပျော်နိုး ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။” ရှေးပညာရှိ ပျို့။
 
လောဘသက်သက် အပါယ်ချပုံ။။ လောဘသည် ကုသိုလ် အထောက် အပံ့ မရပဲ သူ့ချည်း သက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပယ်ချနိုင်၏။ ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးပင် ရေထည်းမှာ နစ်ရသကဲ့သို့တည်း။ ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစုံတရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။ ငါတို့ဘုရားလက်ထက်၌ ရဟန်းတော်တပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာ လာ၍ သန်း ဖြစ်ရလေသည်။ ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။
 
ကုသိုလ်ကောင်းမှု အကူအညီ အပါယ်မချပုံ။။ တယောက်နှင့် တယောက် ချစ်ခင်မှု ခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။ ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက် ဆိုလျှင် ရေ၌နစ်သော်လည်း လှေ အကူအညီရလျှင် ရေမနစ်ပဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။
 
စဉ်းစားဖွယ်။။ သမီးခင်ပွန်းတို့ စိတ်တူ သဘောတူ ဖြစ်ကြသောအခါ တယောက်ကို တယောက် မခွဲခွါလိုကြ။ သံသရာဝယ် ပါရမီ အတူဖြည့်ကာ နိဗ္ဗာန်ကို ရလိုကြ၏။ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း “သုမိတ္တာ” မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ အလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူ ဖြည့်ခဲ့ကြသည်။ ဤသို့ ဖြစ်ခဲ့ရာဝယ် “နောက်၌ ပြမည့် ဆန္ဒ သဘောလား၊ တဏှာပေမ လောဘ သဘောလား”ဟု စဉ်းစားထိုက် ပေသည်။
 
ဆုံးဖြတ်ချက်။။ ပြခဲ့သော ဇာတ်လမ်းတွင် ပါဝင်သောအရှင်တိုကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်္ဂလာ ဆုတောင်းရသော ကုသိုလ်ဆန္ဒ ကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။ ကျန်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ ထို့ကြောင့် ထိုအရှင်တို့၌ တယောက်နှင့်တယောက် မကွဲအောင် တွယ်တာသော တဏှာ ပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်း အလျာကို အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။
 
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ=ရဟန်း များတို...သီလရှိသူမှာ (သူ၏တောင့်တမှုက စင်ကြယ်သည့်အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။[ပါဠိတော်။]
 
နကုလပိတာနှင့် နကုလမာတာ
 
ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ..
 
“တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်။”
 
ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ...
 
“တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုပါသည်။”
 
ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ--
 
“ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။
 
အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌--
 
“လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။
 
ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။
 
(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)
 
=== ဒေါသ ===
၁၈

တည်းဖြတ်မှုများ