"အလောင်းမင်းတရား" ၏ တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ လ
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ))
အရေးမကြီး
'''အလောင်းမင်းတရား''' (ဝါ) '''အလောင်းဘုရား'''; (၂၄ စက်တင်ဘာ ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ '''ဦးအောင်ဇေယျ'''ဖြစ်သည်။ ထီးနန်းမစိုးစံခင်အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သောမင်း ဖြစ်သည်။
 
အလောင်းမင်းတရားသည် [[ရွှေဘိုမြို့]]မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။ ယခင်က [[ထိုင်းနိုင်ငံ|ယိုးဒယားနိုင်ငံ]]၊ [[အယုဒ္ဓယ|အယုဓျာ]]ကို အကြိမ်ကြိမ် ချီတက်သိမ်းယူခဲ့သော်လည်း နောက်ဆုံးအကြိမ်တွင်မူ မအောင်မြင်ဘဲ အပြန်ခရီးတွင် ကျောက်ရောဂါ (သို့) ဝမ်းရောဂါဖြင့် နတ်ရွာစံကွယ်လွန်ခဲ့သည်။ အလောင်းမင်းတရားကြီး ၏ သားတော်[[ဆင်ဖြူရှင်မင်း]]တရား လက်ထက်တွင် တစ်ဖန် အယုဒ္ဓယမြို့ကြီးကိုအယုဓျာမြို့ကြီးကို လုပ်ကြံတိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဒ္ဓယမြို့၏အယုဓျာမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင်တည်း။ အယုဒ္ဓယမြို့ကြီးကိုအယုဓျာမြို့ကြီးကို ဝိုင်းရံ တိုက်ခိုက်ရာ၌ မြန်မာတို့က ယိုဒယားမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဒ္ဓယမြို့အယုဓျာမြို့ တစ်မြို့လုံးကိုရ၍ ယိုးဒယားမြို့သား မိန်းမ ယောက်ျားတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။ အိမ်ရာ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီး ဆုံးရှုံးသည်ဟု ဆိုသည်။ အယုဒ္ဓယမြို့မှာအယုဓျာမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ [[ဘန်ကောက်မြို့|ဗန်ကောက်မြို့]]သို့ ပြောင်း၍ မြို့နန်းထူထောင်လေတော့သည်။
 
အလောင်းမင်းတရား ကွယ်လွန်ချိန်တွင် သားတော်ကြီး [[နောင်တော်ကြီးမင်း]]က ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည်။ဦအောင်ဇေယျကို [[အင်းဝမြို့]] ၏ အနောက်-မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မုဆိုးဖိုရွာငယ်လေးတွင် ၂၄ စက်တင်ဘာ ၁၇၁၄ တွင် ဖွားမြင်ခဲ့ပါသည်။ သူ၏ ဘဝသည် ပထမတွင် ရိုးရိုးသာမန်အရပ်သားဘဝမှ ဇာတိရွာ၏ အကြီးအကဲဖြစ်လာပြီး ၁၇၅၂ ခုနှစ် [[ပဲခူးမြို့|ပဲခူး]] နေပြည်တော်မှ[[မွန်လူမျိုး|မွန်]] များ [[ဗမာလူမျိုး|ဗမာ]]တို့ကို ချီတက်တိုက်ခိုက်သောအခါ သူ၏ ကျော်ကြားမှုကို အမြင့်ဆုံးသို့ရောက်စေရန် အခွင့်အရေးပေးရာ ရောက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး မွန်တို့ လက်အောက် ကျရောက်ပြီးနောက် ခေါင်းဆောင်များသည် သစ္စာတော်ခံ (သစ္စာရေသောက်) ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ အလောင်းဘုရားသည် ပိုမို၍ လွတ်လပ်သော စိတ်ဓာတ်ဖြင့် သူ၏ရွာအား ပြန်လည် ရယူနိုင်ခဲ့သည့်အပြင် စစ်ဆင်ရေးအတွက် ဖွဲ့စည်းစေလွှတ်လိုက်သော ပဲခူးတပ်များကို အောင်မြင်စွာ တိုက်ထုတ်ချေမှုန်းခဲ့သည်။ ဤအပေါ်တွင်မူတည်၍ ထောင်ပေါင်းများစွာသော ဗမာတို့သည် သူ၏ အောင်လံတော်အောက်တွင် စုဝေးပြီး သူနှင့်အတူ အင်းဝသို့ ချီတက်ခဲ့ကြသည်။ ထိုနောက် အင်းဝအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော လူများလက်မှ ၃ ဇန္နဝါရီ ၁၇၅၄ ခုနှစ် အချိန်တွင် ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ထိုစစ်ပွဲအား တူညီသော အောင်မြင်မှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေဝီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက် သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ ၁၁၁၃-ခုနှစ် မွန်တို့လက်ချက် ဖြင့် အင်းဝြပည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှ နေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။ ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့ဩလောက်အောင် ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။ ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …”..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်၀မှုသာ ပဓာနဖြစ်သည်..” ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။ ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို “ရွှေဘို”ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။ “…. အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။ ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား သောကြာသား….” ဟူသော တဘောင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့် ”..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး..” ဟူသောသီချင်းများ ပေါ်လာသည်။ အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် ” ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်”ဟု အမိန့်ရှိ၍ “ရန်ကုန်”ဟု သမုတ်တော်မူသည်။ မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။ ၁၁၂၁-ခု၊ ဝါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ဝါခေါင်လဆန်း(၁၁)ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။ အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။ စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် ၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။ (ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော် ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။ #အလောင်းမင်းတရားကြီး ၏ စိတ်ဓာတ် ငါ၏ ရင်နှစ်သည်းချာ ချစ်လှစွာသော သားတော်ပင်ဖြစ်လင့်ကစား တိုင်းသူပြည်သားအကျိုး နိုင်ငံတော်အကျိုး သာသနာအကျိုးမဆောင်ရွက်လျှင် ငါ၏ အမျိုးနွယ်မဟုတ်၊၊ ငါ၏ ရင်နှစ်သည်းချာ သားသမီးလည်းမဟုတ်၊၊ မြန်မာနိုင်ငံ၌ပင် မွေးဖွားနေထိုင် ကြီးပြင်းလင့်ကစား ပြည်သူပြည်သားတို့၏ အကျိုးနှင့် မြန်မာနိုင်ငံ၏ အကျိုးအားမဆောင်ရွက်လျှင် မြန်မာနိုင်ငံသားမဟုတ်ပါ၊၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလ ျှင်မှတ်သားဖွယ်ဖြစ်သည်။ ၂။ခန့်ငြားသောဣနြေ္ဒရှိ၍၊မျက်နှာထားမဆိုးသော်လည်း ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။ ၃။အလုပ်တစ်ခုကို မလုပ်မီစဉ်းစား၍၊ လုပ်သောအခါ မအောင်မြင်သော အလုပ်မရှိခဲ့လေ။ ၄။မောဟနည်း၍ အအိပ်အနေ နည်းပြီးလ ျှင် အိပ်တော့မည်ဆိုသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပိုပြီးလ ျှင် အိပ်ပျော်လေ့မရှိတတ်။ ၅။ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကို သုံးသပ်လျက် ငြိမ်းချမ်းစေပြီးလ ျှင် ဘဝကူးတော်မူလေ၏။ ၆။ အသုံးအစွဲ အလွန်ကျစ်လစ်၏။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးသည် ပိုးထဘီနှင့် နိုင်ငံခြားအထည်ကို ဆင်၍ အဆောင်တော်တွင် ရံရွေတော်များနှင့် နေသည်ကို တွေ့လေရာ၊ “ဩော်…ရှင်မိဖုရားအတုကို ပြည်သူပြည်သားများ တုလေလ ျှင် ငါ့တိုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ” ဟု မိန့်တော်မူဖူး၏။ ၇။ အပျော်အပါးနည်း၍ အလုပ်နှင့် မွေ့လျော်ခြင်းကို အလွန်နှစ်သက်၏ တစ်နေ့သ၌ မိဖုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ ပျော်ရွှင်စွာ အဆိုတော်များနှင့် ရယ်မော် ပြောဆိုနေသည်ကို တွေ့လေရာ “ဩော်…ရှင်မင်းပုံလည်း မိဖုရားခေါင်ကြီးဖြစ်လို့၊ ဗိုင်းဝါတို့ကိုမေ့ပြီး အဆိုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုင်းဝါကိုမုန်းတဲ့ မိန်းမဟာ လင်ကို မုန်းခြင်းအစစ်ပဲ ရှင်မင်းပုံရေ့၊ သည်အတုတွေကိုများ မှူးမတ်ကတော်တို့နှင့် ဆင်းရဲသူတွေ တုကြယင် ငါ့တိုင်းပြည်ဟာ နိုင်ငံခြားကို အလွန်ဆက်သရတော့မှာပေပဲ၊ အလုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုသာ ဖြစ်စေတတ်တဲ့ ကြွေအံပုဆစ်တို့ကို လေ့လကစားတတ်ခြင်းဝ အပျော်အပါးလိုက်စားတတ်ခြင်းတို့ ပြုလာကြလို့ လူများဟာ ပေါ့ပျက်လာတတ်ကြတယ်။ အဲသည်လို လူပေါ့လူပျက်များ များလာလ ျှင် တိုင်းပြည်နိမ့်ကျတတ်ပါတယ်။ ဒါကြောင့် လူများဟာ အလုပ်နျင့် လက်မပြတ်ရှိသင့်ပါတယ်” ဟု မိန့်တော်မူဖူးလေ၏။ ၈။မျက်နှာတံစိုးလိုက်လေ့မရှိ။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးက သူ့မောင်မှာ ဘာမ ျှ အရာအထူးမရှိပါဟု ပူဆာလေရာ အလောင်းမင်းတရားကြီးလည်း ကောင်းပြီဆို၍ မယ်မင်းမောင်ကို ခေါ်ပါဆိုပြီးလ ျှင် နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ ကြည့်ခေဆို၍ မိဖုရား၏မောင်လည် သွားရောက်ကြည့်ပြီးလ ျှင် ခွေး ငါးကောင်မွေးကြော်းကို လေ ျှာက်ထား၍၊ အထီးဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍ အထီးနှစ်ကောင်၊ အမသုံးကောင်းပါဟု လေ ျှာက်တင်ကာ၊ ကြံဘယ်နှစ်ကောင် စုံသလဲ မေးပြန်သဖြင့် တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟု ဆိုလျက်၊ ရွှေတိုက်စိုးကို ခေါ်တော်မူပြီးလ ျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ် သွားကြည့်ချေပါဟု ခိုင်းလိုက်ပြန်ရာ ရွှေတိုက်စိုးလည်း ပုရပိုက်နှင့်သွားရောက မှတ်သားပြီးသော် အထီးမည်မ ျှ၊ အမမည်မ ျှ၊ မည်မ ျှကြံစုံသည်၊ မည်မ ျှကြံမစုံ၊ အမွေးမည်သို့ စသည်ဖြင့် တင်လေ ျှာက်လေ၏။ ထိုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကို ငါးခါသွားကြည့်နေမည့်သူဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုင်ပါစေတော့ဟု အမိန့်တော်ရှိလေ၏။ ထို့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုံးမှာတမ်းတွင်….“ စကားသာများနေ၍ ငါကဲ့သို့ အလုပ်မလုပ်လ ျှင် ငါသားတော်များပင် ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုတ်။” “တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဖြစ်နိုင်ရန် နိုင်ငံခြားသို့ ဆက်သွယ်ကူးလူးလမ်းပေါက်၍ တိုင်းပြည်ထွက် ကုန်စည်တို့ကို တန်ဖိုးမြှင့်စေပြီးလ ျှင် အမျိုးသားမျး ကြွယ်ဝကုံလုံလျက် သူဌေးသကြွယ်တို့ ပေါများစေရမည်” ဟု မိန့်တော်မူခဲ့လေသည်။ ဤသည်တို့ကို လေ့လာကြည်ခြင်းအားဖြင့် ထိုခေတ်ထိုအချိန်အခါက အလောင်းမင်းတရားကြီးသည် မင်းကောင်းမင်းမြတ်တပါး၊ တိုင်းပြည်ကို အေးချမ်းသာယာ ကုံလုံကြွယ်ဝအောင် အမြဲကြံဆောင်နေသော မင်းတပါးဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ- (စစ်ကိုင်း ဦးဘိုးသင်း) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
၁၁၂ဝ ပြည့်နှစ်တွင် မဏိပူရကသည်းပြည်ကို တိုက်ခိုက်သိမ်းယူ၍ ကသည်းအမတ် စန္ဒရော်မော်နီကို အအုပ်အချုပ် ခန့်ခဲ့သည်။ ထိုနောက် တမူးနှင့် သောင်သွပ်တွင် မြန်မာတပ်များ အစောင့်အနေထား၍ ပြန်တော်မူသည်။ မဏိပူရကို အောင်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် မဏိပူရမှ အနုပညာ၊ လက်မှုပညာ၊ အသိပညာရပ်များကို ရရှိလေသည်။ အထက်တန်းကျလှသော ရက်ကန်းပညာ၊ ပန်းတိမ်ပညာ၊ နက္ခတ်ပညာ စသော အတတ်ပညာများကိုပါ ရရှိလိုက်သည်။
 
၁၁၂၁ ခုနှစ်တွင် ယိုးဒယားကျေးကျွန်တို့ ထားဝယ်မြို့ ကျေးစွန်ရွာလက်ကို ထိပါးကြောင်း ကြားတော်မူ၍ မင်းတရားကြီး ကိုယ်တော်တိုင် ထားဝယ်ကြောင်း ချီတော်မူသည်။ ချီတော်မူစဉ် မြိတ်မြို့၊ တနင်္သာရီမြို့များသို့ အလျင်သိမ်းယူသည်။ အယုဒ္ဓယမြို့သို့ရောက်လျှင်အယုဓျာမြို့သို့ရောက်လျှင် ဝန်းရံလုပ်ကြံသည်။ လုပ်ကြံစဉ် ကိုယ်တော် မကျန်းမာသည်နှင့် ပြန်လာရာ ၁၁၂၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် မုတ္တမကျေးကင်းရွာ၌ သက်တော် ၄၅ နှစ် စည်းစိမ်တော် ရှစ်နှစ်တွင် မင်းတရားကြီး နတ်ရွာစံတော်မူသည်။ မင်းတရားကြီး၏ သင်္ချိုင်းပြာသာဒ်ကို ယခု ရွှေဘိုခရိုင် ဝန်ရုံးအနီးတွင် တွေ့နိုင်သည်။
 
မင်းတရားကြီးကား ရဲရင့်တည်ကြည်၍ အမြော်အမြင် ရှိသည်။ သူရသတ္တိနှင့် လုပ်ရည်ကြံရည်လည်း ရှိသည်။ မွန်တို့ကို တိုက်မည်ဟု တိုင်ပင်ရာတွင် ''ယောက်ျားတို့မည်သည့် လုံ့လ ဝီရိယ အကြံအစည်ကို လျှော့မြဲမဟုတ်၊ လက်ရုံးနှလုံး၊ လုပ်ရည်၊ ကြံရည်မှာသာ အကြောင်းဖြစ်သည်''ဟု မင်းတရားကြီးက မိန့်တော်မူသည်။ စစ်ရေးစစ်မှုတို့၌ အကြပ်အတည်း စည်းကမ်းထားသော်မူပြီးလျှင် ရန်သူတော်တို့ကို အပြင်းအထန် နှိမ်နင်းသုတ်သင်တတ်ရုံမက တိုင်းပြည် အုပ်ချုပ် ခန့်ခွဲ ဝေဖန်ရာ၌လည်း လိမ္မာတော်မူသည်။ လူတို့ အကျင့်စာရိတ္တကို ပျက်ပြားစေသည့် သေရည်သေရက်မှစ၍ မူးယစ်စသော အသောက်အစား အရှူတို့ကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်တော်မူသည်။ လယ်ယာကိုင်းကျွန်း စပါး၊ ပြောင်း၊ ဝါများကို လုပ်ဆောင်ရိတ်သိမ်းသည့်ကာလ ကြက်သေတင်ဝက်သေတင်၍ ရိတ်သိမ်းရိုးဖြစ်သော မိစ္ဆာဒိဋ္ဌိအယူများကိုလည်း လုံးလုံးပယ်စေကာ မြစ်တားတော်မူသည်။ လွန်ဆန်၍ ပြုကျင့်သည် ကြားတော်မူလျှင် အပြစ်အလျောက် ကွပ်မျက်တော်မူသည်။ ခိုးဝှက်လုယက်ခြင်းကိုလည်း အလားတူ တားမြစ်တော်မူလေသည်။
၄၇၇၁

တည်းဖြတ်မှုများ