ဘုရင့်နောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ယိုးဒယား(၂)
အရေးမကြီးNo edit summary
စာကြောင်း ၂၂၄ -
 
= ယိုးဒယား(၁) =
[[File:Thailand Ayutthaya Wat Phu Khao Thong.jpg|thumb|အယုဒ္ဓယတွင်အယုဓျာတွင် ဘုရင့်နောင် တည်သည့် Wat Phu Khao Thong ဘုရား]]
သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃) တွင် [[ဆင်ဖြူတော်]] လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ် (ဗြသာဓိရာဇာ) အား ဆင်ဖြူတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။ “ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ ထိုသို့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန် အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ အနောက်ဖက် မဏိပူရ မှ အရှေ့ဖက် ဇင်းမယ် အထိ၊ မြောက်ဖက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဖက် တနင်္သာရီ တိုင်အောင် ကျယ်ပြန့်သည့်အတွက် ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊ စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှူးအမတ်၊ မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စု အချေတင်ဖြစ်လေသည်။
သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ နယ်ချဲ့မှုကို ရပ်တန့်နိုင်မည်မဟုတ်။ ပေးသော်လည်း လက်အောက်ခံပြုမည်သာဖြစ်သည်။ ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီး ဆင်ဖြူမဆက်ရန် လျှောက်တင်သည်။ နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာ ယိုးဒယားတို့က ဗညားဒလမှ အကြောင်းပြန်သည်မှာ... “ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်သနင်းမင်းတို့နှင့်သာ ထိုက်တန်သည်။ ဟံသာဝတီမင်းတရား သာ တရားနှင့် အညီအုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများ အလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။
 
ထိုအကြောင်းပြန်မှုကို ရလျှင် ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်က ရံရုံသာ ရံခဲ့ရသည့် အယုဒ္ဓယအားအယုဓျာအား အပြီးသိမ်းရန် စစ်ချီလေသည်။ စစ်အင်အားမှာ တပ်ပေါင်း ၅၆ တပ်တွင် စစ်သည် ၅၈၀ဝ၀ဝ၊ ဆင်၁၆၀ဝ၊ မြင်း ၂၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီမှ ကမန်ပိုက်၊ သောက္ကတဲ၊ ပိဿလောက်၊ သုဝဏ္ဏလောက် နှင့် အယုဒ္ဓယအယုဓျာ တိုင်ချီသည်။ ပထမ ဆုံး တပ်အင်အားများစွာချထားသည့် ကမန်ပိုက်ကို တိုက်သည်။ ကမန်ပိုက်စားကို သားမယားနှင့်မိသည်။ ညီတော် ပြည်သတိုးဓမ္မရာဇာကို နှင့် အင်းဝ သတိုးမင်းစော အား တပ် ၂၈ တပ်နှင့် ပိဿလောက်၊ ညီတော်တောင်ငူမင်းခေါင် နှင့် သားတော် မဟာဥပရာဇာ အားတပ် ၂၈ တပ်နှင့် သောက္ကတဲ၊ မင်းတရားကြီး ကိုယ်တိုင်ကမူ တပ် ၁၀ တပ်ဖြင့် သုဝဏ္ဏလောက်သို့ ချီတက်သည်။ သုဝဏ္ဏလောက် သာမက ပိတ်စဲစား ဩယာပိတ်စဲ လည်းကျွန်ခံလာသည်။
 
* နောက် တပ်များပြန်စုစည်းကာ အယုဒ္ဓယအယုဓျာ သို့ချီသည်။ လမ်းတွင် ယိုးဒယားမင်း သားမက်ဖြစ်သူ ဩယာဓမ္မရာဇာ (ဗြဓမ္မရာဇာ) အညံ့ခံသည်။ ယိုးဒယားမင်း သားတော်အိမ်ရှေ့မင်း မဟာဗြရာမသွန်ရေကြောင်းမှ တိုက်သည်။ ရှေ့ပြေးမြန်မာတပ် ၁၂ တပ်တို့ အထိနာပြီး အကူအညီပေးလာသည့် နောက်တပ်များရောက်လာသည့်အတွက် ယိုးဒယားတပ်ပျက်သည်။ အိမ်ရှေ့မင်းလည်းပြေးရသည်။
 
* လက်မလျှော့လိုသည့် ယိုးဒယားမင်းလည်း သားတော်ဗြမဟိန် နှင့် ဦးရီးတော် တို့နှစ်ဦးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် လမ်းမှ
စာကြောင်း ၂၃၉ -
* နောက်မှ ပါလာသည့် ယိုးဒယားဘုရင်လည်း သားတော်၊ ညီတော် တပ်များပျက်၍ပြန်အလာတွင် ဖယိုဖရဲဖြစ်နေသည့် တပ်များကို ပြန်စုစည်းကာ အခိုင်အမာပြုပြီး လုံကလီတပ်မှ ခုခံသည်။ မခံနိုင်သဖြင့် ဘုရင်၊သားတော်၊ ညီတော်များ မြင်းဖြင့် ပြေးရသည်။
 
မင်းတရားကြီးလည်း လုံကလီတွင်ပင်စံနေပြီး ညီတော်၊ သားတော်များကို အယုဒ္ဓယမြို့ကိုအယုဓျာမြို့ကို ချီတက်ဝန်းရံစေသည်။ တပ်များမှ မြို့တွင်းသို့ အမြောက်များ၊ မီးပေါက်များ ဖြင့် အဆက်မပျက် ပစ်ခတ်သွင်းစေသည်။ ယိုးဒယားမင်းလည်း နောက်ဆုံးတွင် မခုခံနိုင်တော့သဖြင့် ဆင်ဖြူတော် တစ်စီးဆက်သကာ အညံ့ခံမည့်အကြောင်း လျှောက်တင်လာတော့သည်။ နောက်ဆုံးတွင် ယိုးဒယားမင်း ဗြသာဓိရာဇာသည် ဆင်ဖြူ၏ပေါက် ၂ စီး၊ ဆင်ဖြူမ ၁ စီးနှင့်တကွ အခစားဝင်လာသည်။ မင်းတရားကြီးလည်း ဗြသာဓိရာဇာ အား အရာမှနုတ်ကာ ဟံသာဝတီသို့ လိုက်ပါစေပြီး သားဖြစ်သူ ဗြမဟိန် အားအယုဒ္ဓယအားအယုဓျာ မင်းအဖြစ်တင်သည်။ အခြားမြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ ထိုနောက် ယိုးဒယား မင်း ဗြသာဓိရာဇာ၊ သားအငယ် ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ၊ ဆင်ဖြူ ၄ စီး၊ ယိုးဒယား အနုပညာသည်များ၊ အတတ်ပညာရှင်များကို ဟံသာဝတီသို့ ခေါ်ဆောင်ကာ ပြန်လေသည်။
 
= ဇင်းမယ်၊မိုင်းစံ =
စာကြောင်း ၂၅၀ -
ယိုးဒယားအား ပထမအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀ (အေဒီ၁၅၆၈) တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။ နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ ထိုသတင်းကို ပိဿလောက်စား ဩယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ) က လာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ ဗညားကျန်း၊ ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ ချီစေသည်။ ပိဿလောက်မှရောက်လာသော ဩယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကို လာရောက် တိုက်ခိုက်သည်။ သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။
 
မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊ စစ်သည် ၉၀၂၈၀ဝ ရှိသည်။ ပိဿလောက်ရောက်အောင် အလျင်သွားပြီးမှ အယုဒ္ဓယသို့ချီသည်။အယုဓျာသို့ချီသည်။ ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။ စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍ တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။ ထိုသို့ မြို့ကိုရံစဉ်အတွင်းတွင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇ် လွန်သည်။ မသင်္ဂြိုဟ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။ လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။ အယုဒ္ဓယမြို့တိုက်ပွဲတွင်အယုဓျာမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀ဝ၀ဝ ကျော်ကျသည်။ နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး ဩောက်ဗြစက္ကိကို သစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။ သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ဟု ကြော်ကြားလှသည့် အယုဒ္ဓယပူရသည်အယုဓျာပူရသည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။ အမတ်ကြီး ဩောက်ဗြစက္ကိကို ဂတိအတိုင်း ပိဿလောက်ကိုစားရန် ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား ဩယားဓမ္မရာဇာ (မဟာဓမ္မရာဇာ) ဘွဲ့ဖြင့် တင်မြှောက်သည်။
 
= သီရိလင်္ကာ =