မြန်မာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

Reverted 1 edit by Zwal Mhan (talk). (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၁၁၂ -
=== တောင်ငူခေတ် (၁၅၃၁–၁၇၅၂) ===
{{main|တောင်ငူခေတ်}}
အင်းဝမှ ထွက်‌ပြေးခဲ့ကြသော ဗမာများသည် [[၁၅၃၁]] ခုနှစ်တွင် [[တောင်ငူမြို့|တောင်ငူ]]၌ တောင်ငူမင်းနေပြည်တော်ကို [[တပင်ရွှေထီး]]လက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ [[ဘုရင့်နောင်]] မင်းတရားကြီးသည် [[မဏိပူရ]]၊ [[ဇင်းမယ်]]နှင့် [[အယုဒ္ဓယ|အယုဓျာ]]တို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။
 
သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်‌မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော [[အနောက်ဖက်လွန်မင်း]]တရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ [[၁၇၅၂]] ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။
စာကြောင်း ၁၂၀ -
[[File:Shwedagon pagoda.jpg|thumb|၁၂၈၅ lithography ပုံတွင် [[အင်္ဂလိပ်]]စစ်သားနှစ်ယောက်သည် [[ရွှေတိဂုံစေတီ]] နားကင်းလှည့်ကြသည်။]]
 
[[၁၇၅၂]] ခုနှစ်တွင် [[အလောင်းဘုရား]]သည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး [[ကုန်းဘောင်ခေတ်|တတိယမြန်မာအင်ပါယာ]]ကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် [[မြေဒူးမင်း]]တရားကြီးက [[အယုဒ္ဓယ|အယုဓျာ]]နိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက [[ထိုင်းယဉ်ကျေးမှု]]အပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ [[တရုတ်ပြည်]] [[ချင်မင်းဆက်]]သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း [[တရုတ် - မြန်မာ စစ်ပွဲများ]]လေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဒ္ဓယအားအယုဓျာအား စွန့်လွှတ်ခဲ့ရသော်လည်း [[ရခိုင်]]နှင့် [[တနင်္သာရီတိုင်း|တနင်္သာရီ]]တို့ကို ရရှိခဲ့သည်။
 
[[၁၈၂၄]] ခုနှစ်[[ဘကြီးတော်မင်း]]တရားလက်ထက်တွင် စစ်သူကြီး[[မဟာဗန္ဓုလ]]သည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်‌‌မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ [[ပထမ အင်္ဂလိပ် - မြန်မာစစ်]]ပွဲကို [[၁၈၂၆]] ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရန္တပိုတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ [[၁၈၅၂]] ခုနှစ်တွင် [[သာယာဝတီမင်း]]တရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီး[[ဒုတိယအင်္ဂလိပ်မြန်မာစစ်]]ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် [[ဧရာဝတီ]]၊ [[ရန်ကုန်]]နှင့် [[ပဲခူး]]တို့အား သိမ်းပိုက်ခဲ့သည်။ [[၁၈⁠၈၅]] ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ [[ဘုံဘေ-ဘားမားသစ်ကုမ္ပဏီ]]သည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ [[သီပေါမင်း]]သည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး [[၁၈⁠၈၅]] ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် [[တတိယ အင်္ဂလိပ် - မြန်မာစစ်]]ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။