ရောဘတ် ဗေဒင်-ပိုရယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၅ -
ထို့ကြောင့် ဗေဒင်ပိုဝယ်သည် ၁၉၀၈ ခုနှစ်အတွင်းအင်္ဂလန်ပြည်၌ ကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်းရာ အောင်မြင်သည်။ ရည်ရွယ်ချက်ကောင်းမွန်လှသော ထိုအဖွဲ့ကို နှစ်ခြိုက် အားပေးကြသောကြောင့် ကင်းထောက်အဖွဲ့များသည် ဗြိတိသျှ အင်ပိုင်ယာအတွင်း၌သာမက ကမ္ဘာအရပ်ရပ်၌ပါ လျင်မြန်စွာ တိုးပွားခဲ့သည်။
 
လူငယ်ကလေးများသာမက၊ မိန်းကလေးများသည်လည်း ကင်းထောက်လုပ်ငန်းတွင် စိတ်ပါဝင်စားလာကြသဖြင့်၊ ဗေဒင်ပိုဝယ်သည် ၁၉၁၀ ပြည့်နှစ်တွင် နှမဖြစ်သူ အဂ္ဂနက်၏ အကူအညီဖြင့် ကင်းထောက်အမျိုးသမီးအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့လေသည်။ ကင်းထောက်အဖွဲ့များ၊ ကင်းထောက်အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းရေးအတွက် ကမ္ဘာအရပ်ရပ်သို့ လှည့်လည် သွားလာခဲ့ရာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကိုလည်း ရောက်ရှိခဲ့ဖူးလေသည်။ရောက်ရှိခဲ့သည်။
 
ဗေဒင်ပိုဝယ်သည် အောက်စဖို့တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ခြောက်ယောက်မြောက် သားဖြစ် လန်ဒန်မြို့၌ 1857 ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ဖွားမြင်သည်။ ချတဟောက် ပတ်ဗလစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ စွန့်စားမှုကိုနှစ်ခြိုက်သော ဗေဒင်ပိုဝယ်သည် အမှတ် ၁၃ ဟတ်ဇားတပ်သို့ ဝင်ခဲ့သည်။ အိန္ဒိယ၊ အာဖဂန်နန်စတန်နှင့် တောင်အာဖရိကတိုက်တို့၌ သူ၏တိုက်မှု ခိုက်မှု စွမ်းရည်သတ္တိကို ပြသခဲ့သဖြင့် လျင်မြန်စွာ ရာထူးတိုးတက်ခဲ့သည်။ တောင်အာဖရိကတိုက်တွင် ကိုယ်ရံတော်ဗိုလ်အဖြစ် အမှုထမ်းရာမှ ၁၈၈၇ ခုနှစ်၌ တပ်မှူးချုပ်ဖြစ်လာသည်။ ၁၈၉၅ ခုနှစ်တွင် အရှန်တီ(ဂိုလကို့ပြည်နယ်)၌ တိုင်းရင်းသား တပ်များ၏ တပ်မှူးချုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ် မက်တလီလန်း(တောင်အာဖရိကတိုက်) တိုက်ပွဲစဉ်အတွင်း စစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ မက်ဖကင်းမြို့ကို ခုခံကာကွယ်ခဲ့သည်အတွက် ဒုဗိုလ်ချုပ်ကြီးရာထူးသို့ တိုးတက်ခဲ့လေသည်။
စာကြောင်း ၆၁ -
 
ဗေဒင်ပိုဝယ်သည် ငယ်ရွယ်စဉ်ကပင် ယောက်ျားကလေး ပီသသော စိတ်၊ မြင့်မြတ်သော သဘောထား၊ ရဲစွမ်းသတ္တိတို့နှင့် ပြည့်စုံခဲ့သူ ဖြစ်ခဲ့ရာ၊ ယင်းစိတ်ဓာတ်မျိုးကို မိမိ၏ ကင်းထောက်များ၌လည်း ကိန်းဝပ်စေရန် ကြိုးပမ်းခဲ့လေသည်။
ယင်းသို့ ထူးခြားစွာ စွမ်းဆောင်မှုများကြောင့် ၁၉၂၉ ခုနှစ်တွင် ဗဲရွန်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။ ဗေဒင်ပိုဝယ်သည် တာဝန်လုပ်ငန်း များပြားသည့် အကြားမှပင် စစ်ဗျူဟာနှင့် ဆိုင်သော စာအုပ်အနည်းငယ်နှင့် ကင်းထောက်လုလင်များနှင့်ဆိုင်သော စာအုပ်များ ပြုစုရေးသားခဲ့သေးသည်။ ၁၉၃၇ ခုနှစ်တွင် အော်ဒါအော့မဲရစ်ဘွဲ့တံဆိပ် အပ်နှင်းခြင်း ခံရပြန်သည်။ ထိုနှစ်တွင်ပင် အာဖရိကတိုက် ကင်းနယားပြည်နယ် ညေးရဲမြို့၌ သွားရောက်အငြိမ်းစားယူ နေထိုင်ခဲ့ရာ၊ ၁၉၄၁ ခုနှစ်တွင် အနိစ္စရောက်သွားလေသည်။အနိစ္စရောက်သည်။
 
== ကိုးကား ==