ဆေးခြောက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 103.83.191.84 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
မှား​နေလို့ဖျက်ပစ်တာ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
[[File:Blooming cannabis plant by My 420 Tours.jpg|thumb|ဆေးခြောက်ပင်]]
မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုပါသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာပါသည်။ ဆေးခြောက်အဆီကို
bhang, ganja, hashish, resin ဟု ခေါ်ကြပါသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, marijuana, spliff, weed ဟုခေါ်ကြသည်။
Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။
==သုံးစွဲပုံ==
ဆေးခြောက်ကို ဆေးလိပ်တွင် ဆေးရွက်ကြီးများ နှင့် ရော၍ သောက်ရှူသကဲ့သို့ မီးရှို့၍ အငွေ့ကို နည်းမျိုးစုံဖြင့် ရှူရှိုက်တတ်ကြသည်။ ထို့ပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်ကဲ့သို့ အသုံးပြုခြင်း၊ မုန့်မျိုးစုံနှင့် ဟင်းလျာများတွင် ထည့်သွင်းချက်လုပ် စားသောက်တတ်ကြသည်။ <ref>ကြေးမုံသတင်းစာ၊ (၂၀. ၆. ၂၀၁၈)စာ-၁၀</ref>