သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅ -
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
 
သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီးပြည်သူလူထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ပြည်သူလူထု (ထု ၃ ထု) ပူးပေါင်း ကာ သင်္ဂါယနာ ၆ ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်း ခဲ့ကြလေသည်။ထိန်းသိမ်းခဲ့ကြလေသည်။
 
== ဝေါဟာရရင်းမြစ် ==
စာကြောင်း ၁၂ -
 
==သင်္ဂါယနာတင်သမိုင်း==
ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၅) နှစ်အရွယ်တွင် ဘုရားအဖြစ် ပွင့်တော်မူခဲ့ခြင်း ဖြစ်သည်။ ဘုရားစင်စစ် ဖြစ်တော်မူပြီးသည်မှ စ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွင်အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို မနားမနေ ဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား (အာနန္ဒ- ချစ်သားအာနန္ဒာ l မယာ - ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ - အကြင်သုတ်၊ အဘိဓမ္မာကိုလည်းl ဒေသိတော- ဟောတော်မူအပ်ပြီ l ယောဝိနယောစ - အကြင်ဝိနည်းကိုလည်းl ပညတ္တော -ပညတ်အပ်ပြီ l သော - ထို ငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ - ဝိနည်း ဓမ္မက္ခန္ဓာတို့သည် l မမစ္စယေန- ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက် l ဝေါတုမှာကံ - သင်ချစ်သားတို့အား l သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ "... - ဟုညွှန်ခဲ့ပေသည်။) - “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။
 
ထိုမှာကြားချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။
စာကြောင်း ၁၉ -
 
မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။<ref>ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ - မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး</ref>
 
ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာယံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး သုံးလအကျော်တွင် တတိယသာဝက ရှင်မဟာကဿဖ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဒ္ဓအဘိဉာဉ်ရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
 
== သင်္ဂါယနာတင်ခဲ့သည့် အချက်အလက်များ ==