အဘိဓမ္မာပိဋကတ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅ -
== အဘိဓမ္မာ ==
အဘိဓမ္မာသည် သတ္တလောက၊ ဩကာသလောက၊ သင်္ခါရရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့် နိဗ္ဗာန် အကြောင်းအရာများကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်ပါသည်။
 
 
အဘိဓမ္မာ ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ဟောကြားရာတွင် နားလည်လွယ်သော ဝေါဟာရများကို အခြေမခံပဲ အရှိအရှိအတိုင်း အမှန်အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ဟောပြသောတရားတော်များ စုစည်းရာနေရာဖြစ်သည်။
 
အဘိဓမ္မာတရားတော်ကို ဟောကြားပုံနည်းအရ ကျမ်းခုနှစ်ကျမ်းခွဲခြားထားပါသည်။
Line ၁၄ ⟶ ၁၇:
*(၆) [[ယမိုက် (ယမက)]]
*(၇) [[ပဋ္ဌာန်း (ပဋ္ဌာန)]]
 
 
အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်း သုံးမျိုးရှိပါသည်။
 
(က) မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူခြင်း။
 
(ခ) စန္ဒကူးနံ့သာတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
 
(ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။
 
- အဘိဓမ္မာပိဋက ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဖော်ပြခြင်းမပြုဘဲ ဓမ္မဓိဌာန်ကျကျ ဟောပြထားခြင်းဖြစ်ပြီး
 
- စကားအစဉ်၏ နက်နဲခြင်း၊
 
- အနက်အဓိပ္ပါယ်၏ နက်နဲခြင်း၊
 
- ဖေါ်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊
 
- မှန်ကန်စွာ သိရှိနားလည်ရန် နက်နဲခြင်းစသော နက်နဲခြင်းလေးမျိုးနဲ့ ပြည့်စုံပါတယ်။ ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့် ကာလကြာ၍ ပရိယတ္တိသာသနာကွယ်ပရာတွင် အဘိဓမ္မာပိဋကတ်က စ၍ကွယ်လိမ့်မည်ဟု အဋ္ဌကထာဖွင့်ပြတော်မူခြင်းဖြစ်ပါတယ်။
 
- သာသနာကွယ်ပရာတွင် ၁) ပရိယတ္တိသာသနာကွယ်ခြင်း (၂) ပဋိပတ္တိသာသနာကွယ်ခြင်း (၃) ပဋိဝေဓသာသနာကွယ်ခြင်း (၄) ရဟန်းအသွင်ကွယ်ခြင်း (၅) ဓါတ်တော်၊ မွေတော်ကွယ်ခြင်းဟူ၍ ငါးမျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ ပြဆိုထားပါတယ်။
 
- အဘိဓမ္မာပိဋကတ်တွင်လည်း ပဌာန်းကျမ်းကစ၍ ကွယ်မည်ဟု ဖွင့်ဆိုသောကြောင့် နိုင်ငံအနှံ့အသံမဆဲ ပဌာန်ရွတ်ဆိုပွဲများ ကျင်းပခြင်းများကို တွေ့မြင်နိုင်ပါတယ်။
 
== ပြင်ပလင့်ခ်များ ==