ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁ -
{{ပိဋကတ်သုံးပုံ}}
'''ပိဋကတ် သုံးပုံ''' ဆိုသည်မှာ [[ဂေါတမဘုရား|ဗုဒ္ဓမြတ်စွာဘုရား]] သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ [[ပရိနိဗ္ဗာန်]] စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပါယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုကြသည်။<ref name=''ဒေါက်တာတင်ဆွေ''>Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)</ref> ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာယံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး[[ခန္ဓပရိနိဗ္ဗာန်စံ|ခန္ဓပရိနိဗ္ဗာန်]] စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿဖ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဒ္ဓအဘိဉာဉ်ရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
 
== ဓမ္မနှင့် ဝိနယ ==
ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစနများကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။အကြုံးဝင်သည်။
 
==ပိဋက==
"ပိဋက" ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊တောင်းခြင်း၊ တောင်း" ဟု အဓိပ္ပာယ်ရသည်။ "ဗုဒ္ဓဝစန" တို့ကို "ပိဋက" ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။
*ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) တို့သည် မျိုးတူဝတ္ထုပစ္စည်းတို့ကို ခွဲခြားသိုလှောင်ရာ ဖြစ်သကဲ့သို့ ဗုဒ္ဓဝစနတို့ကို သိုလှောင်ရာဖြစ်သည် ဟု မှတ်သားရသည်။
*ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့်ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံတွင် အလုပ်သမားများ မြေတူးသယ်ပို့ရာတွင် စနစ်တစ်ခုရှိပါသည်။ လူအများ တန်းစီ၍ သယ်ယူမည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ ထို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှတပည့်သို့ တဆင့်စီ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြပါသည်။