သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး just fixed ref to express more & better
စာကြောင်း ၈ -
 
== ဝေါဟာရရင်းမြစ် ==
''သင်္ဂီတိ'' ဟူသောပုဒ်ကို ဒီဃနိကာယ် ပါထိကဝဂ် (၁၀)သုတ်မြောက်၌ တွေ့ရှိရ၍ သင်္ဂီတိသုတ်ဟုခေါ်တွင်သည်။ အရှင်သာရိပုတြာက မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီ (၁၀)ဝါခန့်က မလ္လတိုင်း၊ ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ သရက်ဥယျာဉ်၌ ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုသုတ်မှပါရှိသော စကားလုံး ''သင်္ဂါယိတဗ္ဗံ''ကို ''အရှင်ဗုဒ္ဓဃောသ''က ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တစ်ခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ဖွင့်ပါသည်။ ထို့ကြောင့် သာမန်ရွတ်ဆိုခြင်းဆိုသော အပေါ်ယံအဓိပ္ပါယ်ဖြင့် ယူဆရန်မသင့်ပါ။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|၂၀၀၈|p=1-3-4}}
 
သင်္ဂါယနာ = သံ - စုပေါင်း၍၊ ဂါယနာ - ရွတ်ဆိုခြင်း<br>
စာကြောင်း ၁၃၇ -
 
{{main|ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း}}
သာသနာတော်နှစ် ၂၄၁၅{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|၂၀၀၈|p=၃၃}}၊မြန်မာသက္ကရာဇ် ၁၂၃၃ တန်ခူးလပြည့်ကျော် ၁၁ရက် (ခရစ်နှစ် ၁၅-၄-၁၈၇၁) စနေနေ့တွင် သင်္ဂါယနာစတင်ကြ၍ ၁၂၃၃ တော်သလင်းလပြည့်ကျော် ၁၄ရက် (၁၂-၉-၁၈၇၁)တွင် သင်္ဂါယနာတင်ခြင်းအမှုပြီးမြောက်အောင်မြင်ပါသည်။ {{sfn| လူထုဒေါ်အမာ-ကမ္ဘာ့အကြီးဆုံးစာအုပ်|၁၉၉၅|p=၃၃}}၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့ |၁၉၉၅|p=၃၃}}
 
မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စသော အန္တရာယ်များမှ ကာကွယ်ရန် ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ် ၁၂၂၂ တန်ဆောင်မုန်းလဆန်း ၁ရက် (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်၌စတင်ထွင်းထု၍ ၁၂၃၀ ကဆုန်လဆန်း ၁၄ရက်(၄-၅-၁၈၆၈)တွင်ကျောက်ထက်အက္ခရာပြီးစီးသည်။ ကျောက်ထက်အက္ခရာတင်ခြင်းအပြီး သုံးနှစ်လွန်သောအခါတွင်မှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်းအား {{sfn|လူထုဒေါ်အမာ-ကမ္ဘာ့အကြီးဆုံးစာအုပ်|၁၉၉၅|p=၃၃}}၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော (တစ်ခြားနိုင်ငံသံဃာတော်များပါဝင်ခြင်းမရှိ) မြန်မာနိုင်ငံမှသံဃာတော် အပါး ၂၄၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။ {{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|၂၀၀၈|p=၃၄}}
 
ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ [[ကုသိုလ်တော် ဘုရား(မန္တလေး)|လောကမာရဇိန်(ကုသိုလ်တော်)]] ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။
စာကြောင်း ၁၅၃ -
* အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်)
* အဂ္ဂမဟာပဏ္ဍိတဂါရိက [[မဟာစည်ဆရာတော်| မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ]](ပုစ္ဆက)
* တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက [[မင်းကွန်းဆရာတော်|မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ]](ဝိသဇ္ဇက) အဖြစ်ဆောင်ရွက်တော်မူကြပြီး ထိုင်းသံဃရာဇာ၏ ကိုယ်စားလှယ် ဖရဝိမလဓမ္မ၊ လာအို သံဃရာဇာ ဖရဗုဒ္ဓဇိနောရသ်၊ ကမ္ဘောဒီးယား သံဃရာဇာ မဟာသုမေဓာဓိပတိဇောတဉာဏ၊ သီရိလင်္ကာ အမရပူရနိကာယဂိုဏ်း သံဃရာဇာ ဝိမလဇောတိ၊ သျှာမနိကာယဂိုဏ်း သံဃရာဇာ ဝေလိဝိဋဓမ္မကိတ္တိစသော မဟာထေရ်ကြီးများတက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=35၃၅-36၃၆}}
 
ဤသင်္ဂါယနာပွဲကြီးကို မြန်မာနိုင်ငံသမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေး၍ ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံတကာခေါင်းဆောင်များမှာ :
စာကြောင်း ၁၅၉ -
*သီရိလင်္ကာ ဝန်ကြီးချုပ် ဆာဂျွန်ကိုတီလာဝါးလား (Sir John Kotelawala)
*ကမ္ဘောဒီးယားနိုင်ငံ ဘုရင် သီဟာနု (Norodon Sihanouk) နှင့် ဝန်ကြီးချုပ် လန်ငက်သ် (H.E-Leng Ngeth)
*လာအိုနိုင်ငံ အိမ်ရှေ့မင်းသား စဝန်ဝတ္တန (H.R.H Prince Savang Vatthana) နှင့် ဝန်ကြီးချုပ် ကောင်အဘေး (H.E Kou Abhay)တို့ဖြစ်ကြပြီး တရုတ်၊ဂျပန်၊ကိုရီးယား၊ မွန်ဂိုလီးယား၊ဖော်မိုဆာ(ယခု-ထိုင်ဝမ်)၊ ရုရှားစသည့်နိုင်ငံများမှ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=36၃၆}}
 
သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြ၏ ။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=36၃၆}}
 
မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=37၃၇}}
 
=== မှတ်သားရမည့်ဥပမာ ===