"ကိုရမ်ကျမ်း" ၏ တည်းဖြတ်မှု မူကွဲများ

၉၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
မုစ်လင်တို့၏ ရာဇသတ် ၊ ဓမ္မသတ် ကျမ်းတို့မှာ ကိုရမ်ကျမ်းကို အမှီပြုလျက် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ မွတ်စလင် ကျောင်းများ၌လည်း ကုရ်အာန်ကျမ်းမှာ အဓိက ကျောင်းသုံးစာအုပ် ဖြစ်သည်။ မွတ်စလင်များ ဘုရား ရှိခိုးရာတွင်လည်း ကုရ်အာန်ကျမ်းကိုပင် အမှီသဟဲ ပြုကြသည်။ ကုရ်အာန်ကျမ်းအရ မူစလင်များသည် တစ်နေ့လျှင် (၅) ကြိမ်ကျ မက္ကာမြို့ရှိ ကာဗား ကျောင်းတော်ရှိရာ ဘက်သို့ မျက်နှာမူ၍ ဘုရားအာရုံပြုရခြင်း ၊ အလှူဝတ်ကို ပြုရခြင်း ၊ ပစ္စည်း ဥစ္စာ တတ်နိုင်ပါက မိမိ၏ တစ်သက်တွင် အနည်းဆုံး တစ်ခေါက်မျှ မက္ကာမြို့သို့ ဘုရားဖူး သွားရခြင်း ၊ ရမ္မဇာန် လအတွင်း၌ ဥပုသ်စောင့်ခြင်း တို့ကို ပြုလုပ်ကြရလေသည်။
 
== ကိုရမ်ကျမ်း၏ကုရ်အာန်ကျမ်း၏ အစ ==
ကိုရမ်ကျမ်းမှာကုရ်အာန်ကျမ်းမှာ ခရစ်ယာန်ဘာသာတွင် [[ယေရှုခရစ်]] ကားစင်တင်ခံရပြီးနောက် နှစ်ကာလအနည်းငယ်ကြာမှ [[စိန့်ပေါလ်]](ရှင်ပေါလု)က ရေးသားသဖြင့် ဓမ္မကျမ်းသစ်ပေါ်ပေါက်လာရသည်မျိုး မဟုတ်ပဲ တမန်တော် မိုဟာမက် သက်ရှိထင်ရှားရှိစဉ်ကပင် နှုတ်တိုက်ချပေးသည့် အဆုံးအမတို့ကို ရေးသားထားခြင်းဖြစ်သည်။
တမန်တော် မိုဟာမက် ရှိစဉ်က စာရေးတော်ကြီးများသည် သူ၏ နှုတ်မှ ထွက်သော စကားများကို သားရေပြားပေါ်၌လည်းကောင်း ၊ သစ်ရွက်ခြောက် ပေါ်၌လည်းကောင်း ၊ သိုး၏ လက်ပြင်ရိုးပေါ်၌လည်းကောင်း အနီးတွင် ရရှိနိုင်သမျှ မည်သည့် ဝတ္ထု ပစ္စည်းပေါ်၌မဆို ရေးမှတ်ထားခဲ့ကြသည်။ မိုဟာမက် မကွယ်လွန်မီကပင် ထိုအပိုင်းအစများကို စုပေါင်းပြီး စာအုပ်တစ်အုပ် ဖြစ်အောင် စုပေါင်း၍ အဆင့်ဆင့် ကူးယူခဲ့ကြသည်။
 
ကုရ်အာန် (Koran)ဆိုတဲ့ ဝေါဟာရဟာ [[အာရဗီဘာသာစကား|အာရဗီ]]စကားဖြစ်ပြီး “အဖန်တလဲလဲ ဖတ်ရွတ်ရာကျမ်း”ဟု အဓိပ္ပာယ်ရသည်။ ကုရ်အာန်ကျမ်းစာသည် [[မွတ်စလင်]]တို့၏ အခြေအမြစ်တရား ဖြစ်သည်။။ ကုရ်အာန်တွင် ဗိစ်မိလ်လာဟ်(ဘုရားသခင်​၏ နာမတော်)အပါဝင်အာယာသ်ခေါ် ပါဒပေါင်း ၆၃၄၈ ခု ရှိသည်။ ဗိစ်မိလ်လာဟ်(ဘုရားသခင်​၏ နာမတော်)မပါဝင်ပါက အာယသ်ခေါ် ပါဒပေါင်း ၆၂၃၆ ခု ရှိသည်။အခန်းပေါင်းရှိသည်။ကုရ်အာန်ကျမ်းတွင်အ ခန်းပေါင်း ၁၁၄ ခန်း ပါဝင်သည်။ အတွဲ ၃၀ ရှိသည်။ မွတ်စလင်တို့သည် ယင်း အာယသ် အားလုံးကို ယုံကြည်လိုက်နာကြသည်။ ကုရ်အာန်ကျမ်းစာကို အလ္လာဟ်အရှင်က တမန်တော်မုဟမ္မဒ်ထံကို ကောင်းကင်တမန် [[ဂျီဗရာအီလ်]]ကနေတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့သည်ဟု ယုံကြည်ကြသည်။ ယင်းညသည် လိုင်လသွလ်ကဒရ်ည ဖြစ်သည်။ တစ်ညတည်း အပြီးချပေးသည် မဟုတ်ဘဲ ၂၃ နှစ်တာ ကာလအတွင်း လိုအပ်ချက်အရ အခြေအနေ အချိန်အခါအလိုက် တစ်ပိုင်းစီကျလာခြင်းဖြစ်သည်ဟု ဆိုသည်။
 
ကုရ်အာန်ကျမ်းသည် အလ္လာအရှင်မြတ်က တမန်တော် [[မိုဟာမက်]] ကို ပို့ချသော ကျမ်းစာအုပ်ဟု ယုံကြည်ကြ၍ ကမ္ဘာပေါ်ရှိ (၂၂၅) သန်းမျှ အရေအတွက် ရှိသော မွတ်စလင်တို့ အတွက် တစ်ခုတည်းသော၊အထွတ်အမြတ်ထားရာ ကျမ်း ဖြစ်သည်။ ကုရ်အာန်ကျမ်းမှာ အာရဗီ ဘာသာဖြင့် ရေးသားထား၍ ခရစ်ယာန် ဓမ္မသစ်ကျမ်းခန့် ရှည်လျားသည်။ အခန်းပေါင်း (၁၁၄) ခန်း ရှိပြီးလျင် နိုင်ငံသမိုင်း ၊ အနာဂတ်ဟောပြောချက် ၊ ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပါဝင်သည်။ ပါဝင်သည့် သမိုင်း အတ္ထုပတ္တိ တို့သည်ကား ဓမ္မဟောင်းကျမ်းမှ အတ္ထုပတ္တိများပင် ဖြစ်၍ သဘောတရားနှင့် ဥပဒေများသည်လည်း ခရစ်ယာန် အယူဝါဒ ၊ ရဟူဒီ အယူဝါဒတို့နှင့် ဆင်တူသည်။ ထိုကျမ်း၌ မိုးဇက် ၊ ယေရှုနှင့် မိုဟာမက်တို့အပြင် အလ္လာရှင်မြတ်၏ အခြား တမန်တော် ကြီးများကိုလည်း ကြည်ညိုလေးစားရမည်ဟု ဖော်ပြထားသည်။

တည်းဖြတ်မှုများ