မွန်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 129.126.81.162 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို 136.228.175.123 ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၄ -
မြန်မာ့သမိုင်းတွင် မွန်ဘာသာစကားသည် အရေးပါသော ဘာသာစကားဖြစ်သည်။ အေဒီ ၁၂ ရာစု တိုင်အောင် [[ဧရာဝတီမြစ်]]ဝှမ်း၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကား ဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း အောက်ပိုင်း တောင်ကြား မွန်မင်းနေပြည်တော်များ အတွင်းသာမက ပုဂံခေတ် (ပုဂံ) ဗမာနိုင်ငံ အထက်မြစ်ဖျားအထိ အသုံးပြုခဲ့ကြသည်။ ၁၀၅၇ ခုနှစ်တွင် မွန်မင်းနေပြည်တော် သထုံပြည်သည် ပုဂံနိုင်ငံ လက်အောက်သို့ ကျရောက်ပြီးနောက်တွင်လည်း အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော မွန်စာပေသည်ဆက်လက်၍အဓိက ဘာသာစကားဖြစ် ခဲ့သည်။ပုဂံဘုရင်ကျန်စစ်သားမင်း(၁၀၈၄၁၁၁၂)သည် မွန်ယဉ်ကျေးမှုကိုမြတ်နိုးခဲ့ပြီး မွန်ဘာသာစကားကိုအားပေးချီးမြှောက်ခဲ့သည်။ ၎င်းအုပ်စိုးစဉ်ကာလအတွင်း မွန်အရေးအသားသည်မြန်မာစာပေအရေး အသား တီထွင်ဖန်တီးမှု၏ အရင်းခံ ဖြစ်ခဲ့သည်။ မွန်ခေတ်တွင် [[ကျန်စစ်သား]]မင်းသည် မွန်ဘာသာဖြင့် ရေးသားထားသော များစွာသော ကမ္ဗည်းကျောက်စာများကိုထားရစ်ခဲ့သည်။ထိုအချိန်ကာလအတွင်း ပါဠိ၊ ပျူ၊ မွန် နှင့် မြန်မာစာတို့ဖြင့် မျက်နှာလေးဖက်တွင် အတ္ထုပ္ပတ္တိဇာတ်ကြောင်း တစ်ခုတည်းကို ဖော်ပြရေးသားထားသော [[ရာဇကုမာရ်]] ရေးထိုးခဲ့သော [[မြစေတီကျောက်စာ]]ကို ထွင်းခဲ့သည်။သို့ရာတွင် ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မွန်ဘာသာစကား အသုံးပြုမှုမှာ မြန်မာလူမျိုးများအတွင်းကျဆင်းခဲ့သည်။ မွန်နှင့်ပျူတို့အစားရှေးဗမာဘာသာစကားကို ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင်ပြောဆိုကြသည့် အရောအနှောစကား အဖြစ် စတင် အစားထိုးခဲ့ကြသည်။
 
ပျက်သုဉ်းသွားသော ဒွွါရဝတီမင်းနေပြည်တော်မှဒွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ်
ခမာများ ဖြစ်ကြသည်ဟူ၍ကား ရှင်းလင်းကွဲပြားမှု မရှိပါချေ။ နောက်မှပေါ်ပေါက်လာသော ကမ္ဗည်းစာများနှင့် လာဗိုကဲ့သို့သော မင်းနေပြည်တော်များတို့မှာ ခမာတို့ လက်အောက်ခံဖြစ်ကြသည်။
ပုဂံကျရှုံးပြီးနောက် မွန်ဘာသာစကားကို ယခုခေတ် အောက်မြန်မာပြည် ဖြစ်သော လွတ်လပ်သည့် မွန်မင်းနေပြည်တော် ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉) တွင် ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကားအဖြစ် ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ၁၉ ရာစု အလယ်တိုင်အောင် မွန်လူမျိုးတို့ အများစုနေထိုင်သော အောက်မြန်မာပြည်တွင် မွန်ဘာသာစကားကို ပျံ့နှ့ံသုံးစွဲခဲ့ကြသည်။ပျံ့နှံ့သုံးစွဲခဲ့ကြသည်။
 
၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] နှင့် [[တရုတ်နိုင်ငံ]]တို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလို်က်အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို တတိယမြောက် ဘာသာစကားအဖြစ် အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။
(နောက်ပိုင်ကာလတွင် မွန်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ မူလတန်းနှင့်အလယ်တန်းထိကျောင်းများဖွင့်နိုင်ခဲ့ပါတယ် ဆရာ/မ များကိုဆရာဖြစ်သင်တန်း ဖွင့်ပေးခဲ့သလို အစိုးရပြဋ္ဌာန်းစာတွေလည်း သင်ကြားရပါတယ် မြန်မာစာကို မြန်မာလို သင်ပြီးသင်္ချာ၊ပထဝီ၊သမိုင်း၊သိပ္ပံ၊သဒ္ဒါ၊သင်္ဂြိုဟ် ကိုမွန်ဘာသာဖြစ် သင်းကြားရပါတယ်သင်ကြားရပါတယ်)
 
[[ပုဂံခေတ်]] [[စောလူးမင်းကျောက်စာ|စောလူးမင်း ကျောက်စာ]]အား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် [[ကျောက်စာ]]များအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ကျောက်စာ၏ အရှေးမျက်နှာတွင် မွန်အက္ခရာနဲ့ ပါဠိဘာသာက (၈) ကြောင်းခန့်ရှိပြီး ကျန်တွေက မွန်ဘာသာဖြစ်သည်၊၊ ကျောဘက်မျက်နှာ ပထမဦးဆုံးအပိုင်း၌ နာဂရီအက္ခရာဖြင့် သက္ကတဘာသာက (၈) ကြောင်း၊ နောက်ပြီး အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ပါဠိဘာသာက (၂၁) ကြောင်း၊ အောက်ဆုံးက ပျူအက္ခရာနှင့် ပျူဘာသာဖြင့် စာ (၇) ကြောင်းအသီးသီး ရေးထိုးထားသည်၊၊ ကျောက်စာတခုလုံးကို ကြည့်လျှင် အက္ခရာလေးမျိုး ဘာသာစကားလေးခုဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သည်၊၊