ဦးရာဇ်တော်ဓာတ်စေတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဦးရာဇ်တောင်ဘုရား စာမျက်နှာကို ဦးရာဇ်တော်စေတီ သို့ Khinshwesanက ရွှေ့ခဲ့သည်
စာကြောင်း ၈ -
ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ်၊ အေဒီ ၁၅၇၁ ခုနှစ်တွင် ထီးနန်းအုပ်ချုပ်သော [[မင်းဗာကြီး|မင်းဗာ]]ဘုရင်မြတ်၏သားတော် ဘုရင်မင်းဖလောင်းသည် [[မြောက်ဦးမြို့]]မှ အနောက်ဘက်သို့ စစ်ချီထွက်ရာတွင် ကင်းချောင်းဝအနီး၌ စခန်းချညအိပ်ရပ်နားတော်မူ၏။ ညဦးအချိန်တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်နှင့် သာလာမယတောင်တော်သို့ ရောင်ခြည်တော်များ ကူးယှက်ကွန့်မြူးနေသည်ကို ဘုရင်မင်းဖလောင်းသည် ဖူးမြော်လိုက်ရပေသည်။ ထိုအခါ မင်းဖလောင်းသည် အနောက်တစ်ခွင် စစ်ချီရာတွင် အောင်မြင်ပါက စေတီတော်ကို အသစ်တစ်ဖန်ထပ်မံပြီး ဒါယကာခံယူပါမည်ဟု အဓိဋ္ဌာန်ပြုဆုတောင်းကာ စစ်ချီခဲ့လေသည်။ မင်းဖလောင်းသည် အဓိဋ္ဌာန်ပြုခဲ့သည့်အတိုင်း စစ်အောင်မြင်လာ၍ ကောဇာသက္ကရာဇ် ၉၄၁ ခုနှစ်တွင် သေလာပိဋ္ဌိပဗ္ဗတ တောင်ထိပ်၌ ကျောက်ညိုကျောက်သားအတိဖြင့် အမြင့်သံတောင် ၁၀၀၀ (၁၅၃ ပေ)၊ လုံးပတ်တော် မင်းလံ (၄၀၁ ပေ) ရှိစေတီတော်ကြီးကို ပန်းရန်ကျော် ၁၀၀၀ ဖြင့် ၁၂ နှစ်တိုင် တည်ထားရာ သက္ကရာဇ် ၉၅၃ ခု၊ အေဒီ ၁၅၉၁ တွင်တည်ထားပြီးစီး ကိုးကွယ်ခဲ့သည်။ စေတီတော်ကြီးအတွင်း၌ ဘုရားရှင်၏ ဦးခွံတော်မှ ဓာတ်တော်ကို ထည့်တော်မူပြီး ဌာပနာလေသည်။
 
ထို့ပြင် ရွှေပြားတင်ထားသော ပိဋကတ်သုံးပုံ၊ အဂသာဝက၊ မဟာသဝကရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်များကိုလည်း ဌာပနာတိုက် သွင်းတော်မူ၏။ [[မိဖုရားစိုးမဲကျီ]]၏မိဖုရားစိုးမဲကျီ၏ သားရင်သွေးတမျှ ချစ်မြတ်နိုးလှသောပြည်တန်မျက်ရှင် ပတ္တမြားကိုလည်း စေတီတော်ကြီး အထက်ဌာပနာတိုက် တွင် ထည့်သွင်းတည်ထား ကိုးကွယ်ပူဇော်ထားသည်။
 
==ကိုးကား==