ကေတီ ပယ်ရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fixed typo
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀ါ +ဝါ)
စာကြောင်း ၁၇ -
| ဝက်ဘ်ဆိုက် = http://www.katyperry.com/}}
 
ကေတီပယ်ရီကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မွေးဖွားသည်။ အမည်ရင်းမှာ Katheryn Elizabeth Hudson ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော သင်းအုပ်ဆရာ မိဘများမှ ဖွားမြင်သည့်သားသမီးသုံးဦး အနက် ဒုတိယသမီးဖြစ်သည်။ အိုင်းရစ် ပေါ်တူဂီ အင်္ဂလိပ် ဂျာမန် ကပြားတစ်ဦးလည်း ဖြစ်သည်။ ငယ်စဉ် ကလေးဘ၀က ဘုရားကျောင်းများတွင် ဓမ္မတေးသီချင်းများလည်း သီဆိုခဲ့ရသည်။ မိဘများက ခေတ်ပေါ်တေးသီချင်းများကို နားထောင်ခွင့် မပေးခဲ့သောကြောင့် ဓမ္မတေးသီချင်းများဖြင့်သာကြီးပြင်းခဲ့ရသည်။ ၁၉၉၉ ခုနှစ် သူမအသက် ၁၅နှစ် တွင် Dos Pueblos High School ကျောင်းမှ ထွက်ခွာခဲ့ပြီး ဆန်တာဘာဘရာ Music Academy of the West တွင် အီတလျံအော်ပရာကို စတင်လေ့လာခဲ့သည်။ ၂၀၀၁ ခုနှစ် ဖေဖော်၀ါရီလတွင်ဖေဖော်ဝါရီလတွင် ကေတီဟတ်ဆန် အမည်ဖြင့် ဓမ္မတေးသီချင်း အယ်လဘမ် ကိုဖြန့်ချိခဲ့သောလည်း အောင်မြင်မှုမရ ခဲ့ပေ။ ၂၀၀၅ ခုနှစ် ဩဂုတ်လတွင် အယ်လဘမ် အသစ်ဖြန့်ချိရန်စီစဉ် ထားခဲ့သောလည်း မထွက်ဖြစ်ခဲ့ပေ။ ထိုသို့ အကြိမ်ကြိမ် မအောင်မြင်ခဲ့သောလည်း အနုပညာသက်တမ်း ကိုးနှစ် အကြာ ၂၀၀၇ ခုနှစ်တွင်Capitol Record ဓာတ်ပြား ကုမ္ပဏီနှင့် One of the Boys အယ်လဘမ် ကိုဖြန့်ချိခဲ့ရာ I Kissed a Girl သီချင်းနှင့် အတူ ကေတီ ပယ်ရီလည်း နာမည်ကြီးလာခဲ့လေသည်။ ထိုနောက် ၂၀၁၀ ခုနှစ် Teenage Dream အယ်လဘမ် ကိုဖြန့်ချိခဲ့ရာ ယင်းအယ်လ်ဘမ်မှsingle သီချင်း ငါးပုဒ်သည် Billaboard တွင် နံပါတ် ၁ရကာ သူမလည်း တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့လေသည်။ ကေတီသည် ဆုပေါင်း ၃၈၂ ခုတွင် အမည်စာရင်းတင်သွင်း ခံရၿပီး ၁၈၂ ခုဆွတ်ခူးခဲ့သည်။
 
== ထွက်ရှိသည့် တေးအယ်လ်ဘမ်များ ==