ညွန့်ဝင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာကြောင်း ၅ -
ညွန့်ဝင်းသည် ဖခင်၏ဇာတ်သဘင်လုပ်ငန်းတွင် ပြင်ဆင်မွမ်းမံမှုဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ယူနိုင်ရန် ရည်သန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ညွန့်ဝင်းသည် [[မြန်မာဇာတ်သဘင်|မြန်မာ့ဇာတ်သဘင်]]နှင့်အလှမ်းကွာလွန်းခဲ့သဖြင့် ဇာတ်စင်ပေါ်သို့တက်ရန် ဝန်လေးနေခဲ့သည်။ ဖခင်၏နောက်သို့လိုက်ရန် သူ့အဖို့ ကြိုးပမ်းစရာ မြောက်မြားစွာ ရှိနေသည်ကို ရိပ်စားမိသည်။ ထို့ကြောင့် သူ သင်ယူခဲ့သော ရေဒီယိုပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ရန် ရည်သန်ခဲ့သည်။ ထိုအချိန်မှာပင် မြဇော်ဖလင်မှ ရုပ်ရှင်ရိုက်ရန် ညွန့်ဝင်းကို ကမ်းလှမ်းခဲ့သည်။
 
မြဇော်ဖလင်မှာ ရွှေမန်းတင်မောင်နှင့် ''ဝိမာန'' ဇာတ်ကားရိုက်ကူးရာမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ညွန့်ဝင်းသည် ရုပ်ရှင်မှာ သူနှင့်အလှမ်းမကွာလှ မစိမ်းလှဟု ယူဆသည်။ နိုင်ငံခြားရုပ်ရှင် အကြည့်အရှုများခဲ့ခြင်း၊ ကျောင်းကပွဲ ဆိုပွဲများမှ အလေ့အကျင့်ရခဲ့ခြင်းတို့က သူ့အား အထောက်အကူပြုလိမ့်မည်ဟု မြော်လင့်သည်။ ငယ်စဥ်ကလည်းငယ်စဉ်ကလည်း ရုပ်ရှင်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ထားခဲ့ဖူးသည်။ ထို့ကြောင့် ရုပ်ရှင်လောကသို့ ခြေချခွင့်ရမည်ကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။
 
ပထမဆုံး စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ မြဇော်ဖလင်မှ ဒါရိုက်တာသိန်းဇော် ရိုက်ကူးသော ''သတို့သမီးအလိုရှိသည်'' ဇာတ်ကားဖြစ်သည်။ ကြည်စိုး၊ အောင်တင်၊ [[ခင်သန်းနု]]၊ [[အေးအေးသင်း]] ၊ [[ဘေဘီနွဲ့]]၊ ကြယ်နီတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၏ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားမှုမရှိသော်လည်း အချော့တော် သီချင်းကိုမူ ပရိသတ်က လက်ခံခဲ့ကြသည်။ ဒုတိယမြောက် ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ ဒါရိုက်တာ[[အေဝမ်းတင်မောင်]] ရိုက်ကူးသော မမထားနှင့် အပါ ဇာတ်ကားဖြစ်သည်။ [[မြင့်⁠မြင့်ခင် (ရုပ်ရှင်သရုပ်ဆောင်)|မြင့်မြင့်ခင်]]၊ အောင်တင်၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤဇာတ်ကားမှ စတင်ပြီး ညွန့်ဝင်း၏သရုပ်ဆောင်မှုကို ပရိသတ်လက်ခံလာကြသည်။ အေဝမ်းမောင်တင်မောင်ထံမှ ရုပ်ရှင်ပညာရရန်သာ အဓိကထားပြီး ငွေကြေးတောင်းဆိုမှု လုံးဝမရှိဘဲ သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ခင်ကလည်း သရုပ်ဆောင်မှုများ၌ ညွန့်ဝင်းကို လက်တွဲခေါ်ခဲ့သည်။