"မင်္ဂလာမာရ်အောင်စေတီ" ၏ တည်းဖြတ်မှု မူကွဲများ

တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
("မာရ်ငါးပါးဟုခေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်)
 
မာရ်ငါးပါးဟုခေါ်သော [[သကျမာရ်အောင်စေတီ]]၊ [[ဇိနမာရ်အောင်စေတီ]]၊ <nowiki>[[ရတနာ့မာရ်အောင်စေတီ]]</nowiki>၊ [[လောကမာရ်အောင်စေတီ]]၊ [[မင်္ဂလာမာရ်အောင်စေတီ]]တော်တို့ အနက် မင်္ဂလာ မာရ်အောင်စေတီတော်သည် မြောက်ဦးမြို့၏ မြောက်ဘက်တွင်ရှိသည်။
 
မြောက်ဦးမြို့ [[နန်းရာကုန်း]]မှ မြောက်ဘက်တစ်မိုင်ခန့်အကွာ [[ခြင်ကိုက်ပိဋကတ်တိုက်]]မှ အနောက်မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် မင်္ဂလာမာရ်အောင်စေတီ တည်ရှိသည်။ စေတီတော်မှာ လုံးပတ်ထုချွန်ပုံ ဖြစ်သည်။ အောက်ခြေမှာ ရှစ်မြှောင့်ပုံဖြစ်သည်။ အပေါ်ပစ္စယံနှစ်ဆင့်တွင် မုခ်ငယ်ရှစ်ခုနှင့် ဆင်းတုတော်များ ရှိသည်။ ကျောက်တံတိုင်း လေးဘက်ကာရံထားပြီး တစ်ဘက်စီတွင် ဝင်ပေါက်များရှိသည်။ နောက်ပိုင်း ပြုပြင်ခဲ့၍ ခေတ်သစ်ပုံစံဖြစ်နေသည်။ အောက်ခြေပတ်လည် (၁၄၀)ပေရှိပြီး အမြင့် ၈၀ပေရှိသည်။ အရပ်လေးမျက်နှာတွင် ဆီမီးခွက်များတင်၍ ထွန်းညှိပူဇော်ရန် တိုင်ကြီးများရှိသည်။ စေတီ၏ အရှေ့ဘက်တွင် သမုခ်သိမ်ကြီး တစ်ခုရှိသည်။ အဆိုပါပစ္စည်းများမှာ မူလလက်ရာဖြစ်ပြီး နောက်ပိုင်း ပြုပြင်သူတို့က စွန့်ပစ်ထားခဲ့ကြခြင်း ဖြစ်သည်။ စေတီတော်၏ ပုံသဏ္ဌာန်မှာ [[တေဇရာမစေတီ]]နှင့် အတော်ပင်တူသည်။ စေတီတော်၏တောင်ဘက် မျက်နှာစာတွင် ရခိုင်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာလေးချက် ရှိခဲ့သည်။ တစ်ချက်မှာ ပျက်စီးပြီး ဖြစ်သော်လည်း ကျန်သုံးချပ်မှာ ဖတ်၍ရသည်။
၈၃

တည်းဖြတ်မှုများ