"မြောက်ဦးမြို့" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၅ လ
သက္ကရာဇ် ၁၄၃၁ တွင် ရခိုင်ဘုရင် [[မင်းစောမွန်]]မှ ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်)၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်၏ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာသည်။ ၎င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် [[အိန္ဒိယနိုင်ငံ]]တို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်းရောင်းဝယ်မှုများ ပြုခဲ့သည်။
 
မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်တွင် ၎င်း မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအဝင် [[ဘင်္ဂလားဒေ့ရှ်နိုင်ငံ]] နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ် တဝှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင်အထိ အာဏာစက် သက်ရောက်ခဲ့သည်။ ၎င်းခေတ်အတွင်း ရခိုင်ဘုရင်များမှ ရခိုင်စကားလုံးနှင့် ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောက်ဦးခေတ် စည်ပင်ဝပြောသော ခေတ်ကာလတွင် ဘုရားပုထိုးများစွာ တည်ဆောက်ခဲ့ကြပြီး ၎င်းထဲမှ အများစုမှာ ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထင်ရှားသော စေတီ ပုထိုးများမှာ [[သျှစ်သောင်းပုထိုးတော်ကြီး]] (ရခိုင်အခေါ် သျှိုက်သောင်းဘုရား၊ ဆင်းတုတော် ၈၀၀၀၀ ထည့်သွင်း တည်ထားသည်။) [[ထုက္ကံသိမ် ပုထိုးတော်ကြီး]] နှင့် [[ကိုးသောင်းပုထိုးတော်ကြီး]] (ဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားသည်။) နှင့် [[မာန်ငါးပါးမာရ်ငါးပါး]] စေတီပုထိုးများ ဖြစ်ကြသည်။
 
မြောက်ဦးပတ်ဝန်းကျင် ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်သည်။
၈၃

တည်းဖြတ်မှုများ