ရွှေဘိုမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၃ -
မြန်မာသက္ကရာဇ် ၁၁၁၅ ရွှေဘိုမြို့နေရာတွင် ရတနာသိင်္ဃ ကုန်းဘောင်မင်းဆက်ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။
 
[[ဥဩအော်မြည် ကုန်းဘောင်တည်]] ဆိုသောစကားအရ ရွှေဘိုမြို့ကို [[မြန်မာသက္ကရာဇ်]] ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေး နေ့ အဝင် ညဉ့် ၃ ချက်တီးကျော် ငါးနာရီပါဒ်ပြည့် ၁၁ ဗီဇနာ၊ ပြန်ပြည့်၊ ခရာပြည့်၊ ပြုဗ္ဗာဘဒြပိုဒ် နက္ခတ်၊ တစ်ပါဒ်မွန်းတည့်ပြိဿတွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်တွင် မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ယခင်က [[မုဆိုးဖို]] အမည်ရှိရွာတစ်ရွာဖြစ်သည်။ [[အလောင်းဘုရား]]က [[အင်းဝ]]ပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး [[ဟံသာဝတီ]]ကို တွန်းလှန်ကာ [[တတိယမြန်မာနိုင်ငံ]]ကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
 
ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ [[အလောင်းဘုရား]]သည် [[သံလျှင်]]ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။