ကနောင်မင်းသား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၈ -
| signature =
}}
'''ကနောင်မင်းသား'''(မြန်မာ ၁၁၈၁-၁၂၈၁၁၂၂၈) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘဝနှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာမင်းသားကြီး တစ်ပါး ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ [[မြန်မာနိုင်ငံ]]တွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။
 
အောက်မြန်မာပြည်တွင်[[ဗြိတိသျှ]]တို့ ရောက်ရှိ ကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ်ချင်းနေသော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းကြောင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သောအသစ်အဆန်း ထွင်မှုပြောင်းလဲမှုတို့သည် အထက် မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်မြန်မာခေါင်းဆောင်တို့တွင် အရေး ပိုမိုပါဝင်ခဲ့သူကို ရှာဖွေလျှင်ကနောင်မင်းသားကြီးကိုပင် တွေ့ရပေမည်။